သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ေလဆိပ္အနီး ထိန္းမႏိုင္သိမ္းမရ ျဖစ္ေနတဲ့အတြက္ အေမရိကန္ကို တာလီဘန္ေတြေ၀ဖန္


ကာဘူလ္းေလဆိပ္မွာ ေစာင့္ဆိုင္းေနတဲ့ အမ်ဳိးသမီးနဲ႔ ကေလးမ်ား

အာဖဂန္နစ္စတန္ႏိုုင္ငံမွာ တာလီဘန္ေတြ ထိန္းခ်ဳပ္ခဲ့တဲ့ေနာက္ ကာဘူးလ္ေလဆိပ္တဝိုက္ ေထာင္နဲ႔ခ်ီတဲ့ ျပည္ပထြက္ခြါဖို႔ႀကိဳးစားသူေတြနဲ႔ ပရမ္းပတာ ျဖစ္ေနတာအတြက္ တနဂၤေႏြေန႔မွာ တာလီဘန္ေတြက အေမရိကန္ကိုအပစ္တင္ခဲ့ပါတယ္။ စေနေန႔ကလည္း ကာဘူးလ္ ေလဆိပ္နားမွာ အာဖဂန္ ၇ ဦး ေသဆံုးခဲ့ရတယ္လို႔ ၿဗိတိန္ကာကြယ္ေရး ဝန္ႀကီးဌာနက အတည္ျပဳပါတယ္။

တာလီဘန္ထိပ္တန္း ေခါင္းေဆာင္လို႔ သူ႔ကိုယ္သူခံယူထားသူ Amir Khan Mutaqi ကေတာ့ တႏိုင္ငံလံုး အေနနဲ႔ၾကည့္ရင္ တည္ၿငိမ္ေအးခ်မ္းေနတာ ျဖစ္ၿပီး ကာဘူးလ္ ေလဆိပ္မွာပဲ ပရမ္းပတာျဖစ္ေနတာ လို႔ေျပာပါတယ္။ ဒါ့အျပင္ သမၼတကိုယ္တိုင္ တိုက္႐ိုက္ၫြန္ၾကားၿပီး လူေတြကယ္ထုတ္ဖို႔ လုပ္ေနတဲ့ အေမရိကန္က ေလဆိပ္ကိုေတာ့ တည္ၿငိမ္မႈရွိေအာင္ မလုပ္ႏိုင္ဘူးလို႔လည္း ေၾကညာခ်က္ ထုတ္ျပန္ၿပီး ေဝဖန္ပါတယ္။

အာဖဂန္ကေန ထြက္ခြါခ်င္သူေတြ ကာဘူးလ္ ေလဆိပ္ကေနထြက္ခြါႏိုင္ေအာင္ စီစဥ္ဖို႔ အေမရိကန္နဲ႔ တျခားႏိုင္ငံေတြက တပ္ေတြ ေစလႊတ္ထားတာပါ။ ျပည္ပထြက္ခြါခ်င္သူေတြ ေလဆိပ္မွာ လာေရာက္စုေဝးေနခ်ိန္မွာပဲ ေလဆိပ္အျပင္က တာလီဘန္တိုက္ခိုက္ေရး သမားေတြက ေလထဲကို ေသနတ္ေတြနဲ႔ ပစ္ခတ္ေနၾက တယ္လို႔လည္း ကိုယ္တိုင္ေတြ႕ျမင္သူေတြက ေျပာပါတယ္။

တာလီဘန္ေတြက မေမွ်ာ္လင့္ပဲ ကာဘူလ္းၿမိဳ႕ေတာ္ကို ၿပီးခဲ့တဲ့သီတင္းပတ္ထဲ သိမ္းပိုက္လိုက္တဲ့ အတြက္ အေနာက္ႏိုင္ငံေတြ အထူးသျဖင့္ အေမရိကန္က သူ႔ႏိုင္ငံသားေတြနဲ႔ တာလီဘန္ရန္ေၾကာက္လို႔ ထြက္ေျပးခ်င္သူ အာဖဂန္ေတြကို ေခၚထုတ္ဖို႔ ႐ုတ္ခ်ည္းလုပ္ေဆာင္ခဲ့ရတာ ျဖစ္ပါတယ္။ တာလီဘန္ေတြကေတာ့ အာဖဂန္ေတြကို ခုလို ေခၚထုတ္တာဟာ တရားမဝင္ဘူးလို႔ ေျပာထားတာ ျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ေသာင္းနဲ႔ခ်ီတဲ့ အာဖဂန္ႏိုင္ငံသားေတြဟာ ရရာေလယာဥ္နဲ႔ ျပည္ပထြက္ဖို႔ ကာဘူလ္းေလဆိပ္ကို လာေနၾကတာ ျဖစ္ပါတယ္။

Mutaqi ကေတာ့ အခု သူ႔လူေတြကို တရားမဝင္ေခၚထုတ္ေနတာ ျဖစ္ၿပီး အာဖဂန္ေတြ အေနနဲ႔ အခ်ိန္မေရြး တရားဝင္စာရြက္စာတမ္းေတြနဲ႔ ျပည္ပသြားႏိုင္တယ္ လို႔ ေျပာဆိုေနတာပါ။ ဒါ့အျပင္ တာလီဘန္ေတြ အေနနဲ႔ အေမရိကန္နဲ႔ေရာ ကမာၻ႔အသိုင္းဝိ္ုင္းနဲ႔ပါ ဆက္ဆံေရး ေကာင္းခ်င္တာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------------

အာဖဂန်လေဆိပ်အနီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့အတွက် အမေရိကန်ကို တာလီဘန်တွေဝေဖန်

အာဖဂန်နစ်စတန်နိုင်ငံမှာ တာလီဘန်တွေ ထိန်းချုပ်ခဲ့တဲ့နောက် ကာဘူးလ်လေဆိပ်တဝိုက် ထောင်နဲ့ချီတဲ့ ပြည်ပထွက်ခွါဖို့ကြိုးစားသူတွေနဲ့ ပရမ်းပတာ ဖြစ်နေတာအတွက် တနင်္ဂနွေနေ့မှာ တာလီဘန်တွေက အမေရိကန်ကိုအပစ်တင်ခဲ့ပါတယ်။ စနေနေ့ကလည်း ကာဘူးလ် လေဆိပ်နားမှာ အာဖဂန် ၇ ဦး သေဆုံးခဲ့ရတယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။

တာလီဘန်ထိပ်တန်း ခေါင်းဆောင်လို့ သူ့ကိုယ်သူခံယူထားသူ Amir Khan Mutaqi ကတော့ တနိုင်ငံလုံး အနေနဲ့ကြည့်ရင် တည်ငြိမ်အေးချမ်းနေတာ ဖြစ်ပြီး ကာဘူးလ် လေဆိပ်မှာပဲ ပရမ်းပတာဖြစ်နေတာ လို့ပြောပါတယ်။ ဒါ့အပြင် သမ္မတကိုယ်တိုင် တိုက်ရိုက်ညွန်ကြားပြီး လူတွေကယ်ထုတ်ဖို့ လုပ်နေတဲ့ အမေရိကန်က လေဆိပ်ကိုတော့ တည်ငြိမ်မှုရှိအောင် မလုပ်နိုင်ဘူးလို့လည်း ကြေညာချက် ထုတ်ပြန်ပြီး ဝေဖန်ပါတယ်။

အာဖဂန်ကနေ ထွက်ခွါချင်သူတွေ ကာဘူးလ် လေဆိပ်ကနေထွက်ခွါနိုင်အောင် စီစဉ်ဖို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက တပ်တွေ စေလွှတ်ထားတာပါ။ ပြည်ပထွက်ခွါချင်သူတွေ လေဆိပ်မှာ လာရောက်စုဝေးနေချိန်မှာပဲ လေဆိပ်အပြင်က တာလီဘန်တိုက်ခိုက်ရေး သမားတွေက လေထဲကို သေနတ်တွေနဲ့ ပစ်ခတ်နေကြ တယ်လို့လည်း ကိုယ်တိုင်တွေ့မြင်သူတွေက ပြောပါတယ်။

တာလီဘန်တွေက မမျှော်လင့်ပဲ ကာဘူလ်းမြို့တော်ကို ပြီးခဲ့တဲ့သီတင်းပတ်ထဲ သိမ်းပိုက်လိုက်တဲ့ အတွက် အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်က သူ့နိုင်ငံသားတွေနဲ့ တာလီဘန်ရန်ကြောက်လို့ ထွက်ပြေးချင်သူ အာဖဂန်တွေကို ခေါ်ထုတ်ဖို့ ရုတ်ချည်းလုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ တာလီဘန်တွေကတော့ အာဖဂန်တွေကို ခုလို ခေါ်ထုတ်တာဟာ တရားမဝင်ဘူးလို့ ပြောထားတာ ဖြစ်ပြီး အဲဒီအချိန်ကတည်းက သောင်းနဲ့ချီတဲ့ အာဖဂန်နိုင်ငံသားတွေဟာ ရရာလေယာဉ်နဲ့ ပြည်ပထွက်ဖို့ ကာဘူလ်းလေဆိပ်ကို လာနေကြတာ ဖြစ်ပါတယ်။

Mutaqi ကတော့ အခု သူ့လူတွေကို တရားမဝင်ခေါ်ထုတ်နေတာ ဖြစ်ပြီး အာဖဂန်တွေ အနေနဲ့ အချိန်မရွေး တရားဝင်စာရွက်စာတမ်းတွေနဲ့ ပြည်ပသွားနိုင်တယ် လို့ ပြောဆိုနေတာပါ။ ဒါ့အပြင် တာလီဘန်တွေ အနေနဲ့ အမေရိကန်နဲ့ရော ကမ္ဘာ့အသိုင်းဝိုင်းနဲ့ပါ ဆက်ဆံရေး ကောင်းချင်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG