အာဖဂန္နစၥတန္ ႏိုင္ငံ ၿမိဳ႕ေတာ္ ကာဘူးလ္ကေန ကယ္ထုတ္တဲ့ လူ အေရအတြက္ဟာ တရက္ၿပီး တရက္ အေျပာင္းအလဲ ရွိလာမယ္လို႔ သမၼတ Joe Biden က တနဂၤေႏြေန႔ ႐ုပ္သံ မိန႔္ခြန္းမွာ ေျပာပါတယ္။ ေန႔တေန႔ခ်င္းစီရဲ႕ လုံၿခဳံေရးနဲ႔ အေသးစိတ္ အေျခအေနေတြ ေပၚမွာ မူတည္သြားမွာ ျဖစ္တယ္လို႔လည္း သမၼတက ေျပာပါတယ္။ ၿမိဳ႕ေတာ္ ကာဘူးလ္ ကေန ၿပီးခဲ့တဲ့ ၂၄ နာရီ အတြင္း လူေပါင္း ၇,၄၀၀ ကယ္ထုတ္ခဲ့ေၾကာင္း အိမ္ျဖဴေတာ္က တနဂၤေႏြေန႔ အေစာပိုင္းမွာ ေျပာဆိုၿပီး ဒီသီတင္းပတ္ကုန္ ၃၆ နာရီ အတြင္းမွာ လူေပါင္း ၁၁,၀၀၀ ကယ္ထုတ္ႏိုင္ခဲ့ေၾကာင္း သမၼတ Biden က ေျပာပါတယ္။ ကာဘူးလ္ ၿမိဳ႕ေတာ္ကေန ထြက္ခြာဖို႔ အတြက္ လူေပါင္း ေသာင္းခ်ီ ေစာင့္ဆိုင္းေနၾကဆဲ ျဖစ္ပါတယ္။
"ဌာေနျပန္လိုတဲ့ အေမရိကန္ အားလုံးကို ျပန္ေခၚမယ့္ အေၾကာင္း၊ အာဖဂန္ မဟာမိတ္ေတြနဲ႔ တျခား လုံၿခဳံေရး စိုးရိမ္ရတဲ့ အာဖဂန္ေတြကို ႏိုင္ငံတြင္းကေန ကယ္ထုတ္ႏိုင္ေရးကိုလည္း ေဆာင္႐ြက္ေနေၾကာင္း" သမၼတ Biden က ေျပာဆိုခဲ့တာပါ။
ကာဘူးလ္ကေန ထြက္လာတဲ့ ေလယာဥ္ေတြ အေမရိကန္ကို တိုက္႐ိုက္ ပ်ံသန္းတာ မရွိဘူးလို႔လည္း သမၼတက ေျပာပါတယ္။ ကာဘူးလ္ကေန ပ်ံသန္းလာတဲ့ ေလယာဥ္ေတြက တျခား ႏိုင္ငံေတြမွာ ရွိတဲ့ အေမရိကန္ စစ္စခန္းေတြကို ဆိုက္ေရာက္ၿပီး အဲဒီမွာ အေမရိကန္ ႏိုင္ငံသား မဟုတ္သူေတြကိုေတာ့ ေနာက္ေၾကာင္း ရာဇဝင္နဲ႔ လုံၿခဳံေရး စစ္ေဆးမွာ ျဖစ္ေၾကာင္းလည္း သမၼတက ေျပာပါတယ္။ ဇူလိုင္လ ေနာက္ပိုင္း ကာဘူးလ္ကေန ကယ္ထုတ္လာသူေပါင္း ၃၃,၀၀၀ ေလာက္ ရွိေၾကာင္းလည္း သမၼတက ေျပာပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္ အတြင္း အေမရိကန္က ကယ္ထုတ္လာသူ ၂၅,၁၀၀ ဦး ရွိခဲ့ၿပီး ဇူလိုင္လကုန္ကေန စလို႔ ကယ္ထုတ္ခဲ့သူ စုစုေပါင္း ၃၀,၀၀၀ အထိ ရွိၿပီ ျဖစ္ေၾကာင္းလည္း သမၼတ အိမ္ျဖဴေတာ္က ေျပာပါတယ္။
ကာဘူးလ္ ၿမိဳ႕ေတာ္က ထြက္လာၿပီးေနာက္ လုံၿခဳံရာမွာ ခိုလႈံေနၾကတဲ့ အေမရိကန္နဲ႔ အာဖဂန္ေတြကို သယ္ယူပို႔ေဆာင္ေရးမွာ အေမရိကန္ ေလေၾကာင္းလိုင္း ၆ ခုက ခရီးသည္တင္ ေလယာဥ္ ၁၈ စင္း အသုံးျပဳမယ့္ အစီအစဥ္ကို အေမရိကန္ ကာကြယ္ေရး ဝန္ႀကီး Lloyd Austin ကလည္း အေစာပိုင္းမွာ ေျပာဆိုထားတာပါ။ ဒါဟာဆိုရင္ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၃၀ အတြင္း အေမရိကန္ စစ္တပ္ကို ကူညီဖို႔ တတိယ အႀကိမ္ အျဖစ္ အရပ္ဘက္ ေလယာဥ္ေတြ အသုံးျပဳမႈလည္း ျဖစ္ပါတယ္။ အာဖဂန္မွာ အေမရိကန္တို႔ ႏွစ္ ၂၀ တိုက္ခိုက္မႈေတြ အတြင္း ကူညီခဲ့ၾကတဲ့ အာဖဂန္ေတြနဲ႔ အေမရိကန္ေတြကို ေလေၾကာင္း ခရီးစဥ္ ၆၀ နဲ႔ ကယ္ထုတ္လာၿပီး အမ်ားအျပားကေတာ့ အေရွ႕အလယ္ပိုင္း ႏိုင္ငံေတြဆီကို ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Blinken က Fox News Sunday အစီအစဥ္မွာ ေျပာပါတယ္။
အာဖဂန္ အေျခအေနနဲ႔ ပတ္သက္ၿပီး အေမရိကန္ သမၼတ Joe Biden က ႏိုင္ငံျခားေရး ဝန္ႀကီး Blinken ၊ ကာကြယ္ေရး ဝန္ႀကီး Austin နဲ႔ အမ်ိဳးသား လုံၿခဳံေရးဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ အိမ္ျဖဴေတာ္မွာ ေဆြးေႏြးခဲ့ပါတယ္။
----------------------------------------------------------------------
အာဖဂနစ္စတန်က တပတ်အတွင်း လူ ၂ သောင်းခွဲကျော် အမေရိကန်ကယ်ထုတ်
အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်ကနေ ကယ်ထုတ်တဲ့ လူ အရေအတွက်ဟာ တရက်ပြီး တရက် အပြောင်းအလဲ ရှိလာမယ်လို့ သမ္မတ Joe Biden က တနင်္ဂနွေနေ့ ရုပ်သံ မိန့်ခွန်းမှာ ပြောပါတယ်။ နေ့တနေ့ချင်းစီရဲ့ လုံခြုံရေးနဲ့ အသေးစိတ် အခြေအနေတွေ ပေါ်မှာ မူတည်သွားမှာ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။ မြို့တော် ကာဘူးလ် ကနေ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း လူပေါင်း ၇,၄၀၀ ကယ်ထုတ်ခဲ့ကြောင်း အိမ်ဖြူတော်က တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောဆိုပြီး ဒီသီတင်းပတ်ကုန် ၃၆ နာရီ အတွင်းမှာ လူပေါင်း ၁၁,၀၀၀ ကယ်ထုတ်နိုင်ခဲ့ကြောင်း သမ္မတ Biden က ပြောပါတယ်။ ကာဘူးလ် မြို့တော်ကနေ ထွက်ခွာဖို့ အတွက် လူပေါင်း သောင်းချီ စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။
"ဌာနေပြန်လိုတဲ့ အမေရိကန် အားလုံးကို ပြန်ခေါ်မယ့် အကြောင်း၊ အာဖဂန် မဟာမိတ်တွေနဲ့ တခြား လုံခြုံရေး စိုးရိမ်ရတဲ့ အာဖဂန်တွေကို နိုင်ငံတွင်းကနေ ကယ်ထုတ်နိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း" သမ္မတ Biden က ပြောဆိုခဲ့တာပါ။
ကာဘူးလ်ကနေ ထွက်လာတဲ့ လေယာဉ်တွေ အမေရိကန်ကို တိုက်ရိုက် ပျံသန်းတာ မရှိဘူးလို့လည်း သမ္မတက ပြောပါတယ်။ ကာဘူးလ်ကနေ ပျံသန်းလာတဲ့ လေယာဉ်တွေက တခြား နိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ဆိုက်ရောက်ပြီး အဲဒီမှာ အမေရိကန် နိုင်ငံသား မဟုတ်သူတွေကိုတော့ နောက်ကြောင်း ရာဇဝင်နဲ့ လုံခြုံရေး စစ်ဆေးမှာ ဖြစ်ကြောင်းလည်း သမ္မတက ပြောပါတယ်။ ဇူလိုင်လ နောက်ပိုင်း ကာဘူးလ်ကနေ ကယ်ထုတ်လာသူပေါင်း ၃၃,၀၀၀ လောက် ရှိကြောင်းလည်း သမ္မတက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အမေရိကန်က ကယ်ထုတ်လာသူ ၂၅,၁၀၀ ဦး ရှိခဲ့ပြီး ဇူလိုင်လကုန်ကနေ စလို့ ကယ်ထုတ်ခဲ့သူ စုစုပေါင်း ၃၀,၀၀၀ အထိ ရှိပြီ ဖြစ်ကြောင်းလည်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။
ကာဘူးလ် မြို့တော်က ထွက်လာပြီးနောက် လုံခြုံရာမှာ ခိုလှုံနေကြတဲ့ အမေရိကန်နဲ့ အာဖဂန်တွေကို သယ်ယူပို့ဆောင်ရေးမှာ အမေရိကန် လေကြောင်းလိုင်း ၆ ခုက ခရီးသည်တင် လေယာဉ် ၁၈ စင်း အသုံးပြုမယ့် အစီအစဉ်ကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin ကလည်း အစောပိုင်းမှာ ပြောဆိုထားတာပါ။ ဒါဟာဆိုရင် ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန် စစ်တပ်ကို ကူညီဖို့ တတိယ အကြိမ် အဖြစ် အရပ်ဘက် လေယာဉ်တွေ အသုံးပြုမှုလည်း ဖြစ်ပါတယ်။ အာဖဂန်မှာ အမေရိကန်တို့ နှစ် ၂၀ တိုက်ခိုက်မှုတွေ အတွင်း ကူညီခဲ့ကြတဲ့ အာဖဂန်တွေနဲ့ အမေရိကန်တွေကို လေကြောင်း ခရီးစဉ် ၆၀ နဲ့ ကယ်ထုတ်လာပြီး အများအပြားကတော့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီကို ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က Fox News Sunday အစီအစဉ်မှာ ပြောပါတယ်။
အာဖဂန် အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Joe Biden က နိုင်ငံခြားရေး ဝန်ကြီး Blinken ၊ ကာကွယ်ရေး ဝန်ကြီး Austin နဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ပါတယ်။