သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် သိမ်းပိုက်လိုက်တဲ့ အာဖဂနစ္စတန်မှာ စီးပွားရေးအခက်အခဲတွေနဲ့ကြုံ


FILE - Taliban fighters display their flag on patrol in Kabul, Afghanistan, Aug. 19, 2021.
FILE - Taliban fighters display their flag on patrol in Kabul, Afghanistan, Aug. 19, 2021.

အာဖဂန်နစ်စတန်မှာ တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီးသီတင်းတပတ်ကြာလာချိန်မှာ ကဘူးမြို့တော်မှာ အလုပ်အကိုင် ဆုံးရှုံးသူတွေ တိုးလာနေသလို၊ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အနောက်နိုင်ငံတွေက ထောက်ခံမှုပေးထားတဲ့ အစိုးရပြုတ်ကျခဲ့ချိန်ကစပြီး မတည်မငြိမ်ဖြစ်နေချိန်မှာ မြို့တော်မှာရှိတဲ့ လေဆိပ်မှာလည်း ပြည်ပထွက်ဖို့ ကြိုးစားသူ ထောင်နဲ့ချီရှိနေပါတယ်။ နိုင်ငံတကာ ပံ့ပိုးမှုမရှိတော့တဲ့ အတွက် နိုင်ငံ့စီးပွါးရေး ယိုယွင်းလုနီးပါးနဲ့ မရေရာဖြစ်နေချိန်မှာ အစားအသောက်အတွက်ရော အိမ်လခပေးဖို့ပါ နေ့စဉ်လိုလို ပူပင်နေကြရသလို အောက်ခြေအစိုးရဝန်ထမ်း အများအပြားလည်း လစာမရတာ ၂ လရှိနေပြီဖြစ်ပြီး ရှိတဲ့ပစ္စည်းလေးတွေ ရောင်းချင်တာတောင် ဝယ်မယ့်သူ မရှိပဲ ဖြစ်နေတာပါ။

တာလီဘန်တွေ ကာဘူးလ်ကိုမထိန်းချုပ်ခင်ကတည်းက အမေရိကန်ဒေါ်လာနဲ့တွက်ရင် အာဖဂန်ငွေဈေးထိုးကျနေတာ ဖြစ်ပြီး အခြေခံသုံးကုန် ပစ္စည်းဈေးတွေကတော့ ထိုးတက်လာနေတာဖြစ်ပါတယ်။ ဘဏ်တွေ ဆက်ပိတ်ထားတဲ့အတွက် စုငွေတွေပါ ထုတ်မရပဲ ဖြစ်နေချိန်မှာပဲ ဂျုံတို့၊ ဆီတို့ ဆန်တို့လို အခြေခံစားကုန်ဈေးကလည်း ရက်ပိုင်းအတွင်းမှာပဲ ရာခိုင်နှုန်း ၂၀ လောက် ထိုးတက်သွားတာပါ။

အာဖဂန်နစ်စတန်နိုင်ငံတလွှားမှာလည်း မိုးခေါင်ရေရှား ဒဏ်ကိုပါ ခံလာရတာကြောင့် အခြေနေပိုဆိုးလာခဲ့ရပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေကလည်း အသက်ရှင်သန်နိုင်ရေးအတွက် မြို့ကြီးတွေကို ရွှေ့ပြောင်းနေကြတာဖြစ်ပါတယ်။ ဒါကြောင့် မြို့နေလူထုတွေ အထူးသဖြင့် အလယ်အလတ်တန်းစားတွေက ပိုပြီး အထိနာနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------






XS
SM
MD
LG