သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာတပ်ဖွဲ့တွေ အာဖဂန်က နောက်ဆုံးထွက်ရက် သြဂုတ် ၃၁ ထက် တာလီဘန် ထပ်တိုးမပေး


Taliban spokesman Suhail Shaheen leaves after a news conference in Moscow,
Taliban spokesman Suhail Shaheen leaves after a news conference in Moscow,

Zawgyi/Unicode

အာဖဂန်နစ္စတန်နိုင်ငံက နိုင်ငံတကာတပ်ဖွဲ့တွေ ထွက်ခွာပေးရမယ့် သြဂုတ်လ ၃၁ ရက်နေ့ဟာ နောက်ဆုံး ကန့်သတ်ရက်ဖြစ်ပြီး သက်တမ်း ထပ်တိုးမပေးနိုင်ဘူးလို့ တာလီဘန်ပြောခွင့်ရက ပြောပါတယ်။

တပ်ဖွဲ့တွေ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးမယ့်အကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောထားပေမယ့် အာဖဂန်ထဲမှာရှိနေတဲ့ အမေရိကန်တွေအားလုံးကို ကယ်ထုတ်နိုင်ရေးအတွက် တပ်ဖွဲ့ဝင်တချို့ သက်တမ်းတိုးပြီးနေဖို့ လိုကောင်းလိုမယ်လို့ ပြောနေတာပါ။

ဒါပေမယ့် အဲဒီလို သက်တမ်းတိုးတာဟာ အာဖဂန်ကိုသိမ်းပိုက်ထားတဲ့ရက် ထပ် တိုးတာနဲ့ အတူတူပဲလို့ ဗြိတိန်အခြေစိုက် Sky ရုပ်သံသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းအတွင်း တာလီဘန်ပြောခွင့် Suhail Shaheen က ပြောပါတယ်။

“သြဂုတ်လ ၃၁ ရက်နေ့မှာ ထွက်ခွာပေးမယ်ဆိုတဲ့ ကန့်သတ်ချက်ဟာ ချိုးဖောက် လို့မရတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။ အဲဒီနေ့မှာ တပ်ဖွဲ့တွေအားလုံး ထွက်ခွာသွားပေးမယ်လို့ သမ္မတ Biden က ပြောထားပြီးဖြစ်ပါတယ်။ အဲဒါကြောင့် သက်တမ်းတိုးရင် အာဖဂန်ကိုသိမ်းပိုက်ထားတဲ့ရက်တိုးတာနဲ့ အတူတူပါပဲ။ သက်တမ်းတိုးစရာမလိုတဲ့အတွက် တိုးလိုက်ရင် နှစ်ဘက် ယုံကြည်မှုတွေ ပျက်ပြားသွားစေနိုင်ပါတယ်။ တကယ်လို့ သူတို့က သက်တမ်းတိုးပြီး သိမ်းပိုက်ထားဦးမယ် ဆိုရင် တဘက်က လက်တုံ့ပြန်ဖို့အခြေအနေ ဖြစ်သွားစေနိုင်ပါတယ်။”

တိုင်းပြည်အတွင်းက အာဖဂန်တွေ အလုံးအရင်းနဲ့ထွက်ပြေးနေကြတာဟာ တာလီဘန်တွေကို ကြောက်လို့မဟုတ်ဘူးလို့ တာလီဘန်ပြောခွင့်ရ Suhail Shaheen က ငြင်းဆိုလိုက်ပြီး စီးပွားရေးအခြေအနေအရ ထွက်ပြေးနေကြခြင်းဖြစ်တယ်လို့ ပြောပါတယ်။

======

တိုက်ရိုက် လင့်ခ်


Unicode








ဆက်စပ်သတင်းများ ...

XS
SM
MD
LG