သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ၿမိဳ႕ေတာ္အနီးအထိ တာလီဘန္တပ္ေတြထိန္းခ်ဳပ္လာ


taliban

Zawgyi/Unicode

အာဖဂန္နစၥတန္ႏုိင္ငံကို ျပန္ပို႔လိုက္တဲ့ အေမရိကန္တပ္ဖြဲ႔ေတြထဲက ပထမဆံုးအသုတ္ ေသာၾကာေန႔က ေရာက္သြားၿပီျဖစ္တာနဲ႔အမွ် အာဖဂန္ႏုိင္ငံတဝန္း အလ်င္ အျမန္ ထိုးစစ္ဆင္ေနတဲ့ တာလီဘန္ေတြကေတာ့ ကာဘူးလ္ၿမိဳ႕ေတာ္နဲ႔ မေဝးလွေတာ့တဲ့ေနရာထိ သိမ္းပိုက္ထားၿပီျဖစ္ပါတယ္။

တာလီဘန္ေတြဟာ လိုဂါျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ Pul-e-Alam ကို ဒီကေန႔ သိမ္းယူလိုက္ၿပီျဖစ္တာေၾကာင့္ ကာဘူးလ္ၿမိဳ႕ေတာ္နဲ႔ မိုင္ ၄၀ ေက်ာ္ပဲ ေဝးေတာ့တဲ့ေနရာထိ ေရာက္လာတာပါ။

ဒါ့အျပင္ ႏုိင္ငံအေရွ႕ပိုင္း ကူနာျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ Asadabad ကိုလည္း ဒီကေန႔ ေန႔လည္ပိုင္းမွာပဲ တာလီဘန္ေတြ သိမ္းယူလိုက္ၿပီျဖစ္တာေၾကာင့္ လြန္ခဲ့တဲ့ သီတင္းပတ္တပတ္ေက်ာ္ေက်ာ္္အတြင္းမွာကိုပဲ တာလီဘန္ေတြသိမ္းလိုက္တဲ့ ျပည္နယ္ၿမိဳ႕ေတာ္ေပါင္း ၂၀ ထက္မနည္းရွိသြားပါၿပီ။

ေသာၾကာေန႔တံုးကေတာ့ ဒုတိယနဲ႔ တတိယအႀကီးဆံုးၿမိဳ႕ေတြျဖစ္တဲ့ ကန္ဒါဟာနဲ႔ ဟီရတ္တို႔အပါအဝင္ အဓိက ျပည္နယ္ၿမို႕ေတာ္ႀကီးငါးခုကို သိမ္းလိုက္ၿပီလို႔ ေၾကညာခဲ့ပါတယ္။

ဒါေပမယ့္လည္း အခုျပန္ပို႔လိုက္တဲ့ အေမရိကန္တပ္ဖြဲ႔ဝင္ ၃,၀၀၀ နီးပါးထဲက တခ်ဳိ႕တဝက္ လံုျခံဳေရး တာဝန္ယူထားမယ့္ ကာဘူးလ္ၿမိဳ႕ေတာ္ကို ရင္ဆိုင္ၿပီး ဝင္တိုက္မလားဆိုတာကေတာ့ မေရရာလွေသးပါဘူး။ အေမရိကန္တပ္ဖြဲ႔ေတြဟာ ကာဘူးလ္ၿမိဳ႕ေတာ္မွာရွိတဲ့ အေမရိကန္တာဝန္ရွိသူေတြနဲ႔ ဝန္ထမ္းေတြရဲ႕ လံုျခံဳေရးနဲ႔ အနီးက ဟာမစ္ဒ္ ကာဇုိင္း ႏုိင္ငံတကာေလဆိပ္ လံုျခံဳေရးတို႔ကို တာဝန္ယူရမွာပါ။

တပ္ဖြဲ႔ေတြထဲက ပထမဆံုးအသုတ္ျဖစ္တဲ့ မရိန္းတပ္ရင္းတခု ေသာၾကာေန႔က ေရာက္သြားၿပီျဖစ္ၿပီး က်န္တဲ့တပ္ဖြဲ႔ဝင္ေတြ တနဂၤေႏြေန႔မွာ အၿပီးသတ္ ေနရာယူၿပီးျဖစ္မယ္လု္ိ႔ ပန္တဂြန္စစ္ဌာနခ်ဳပ္က ေျပာပါတယ္။

သူတို႔ရဲ႕တာဝန္က အေမရိကန္သံ႐ံုးက မရွိမျဖစ္လိုအပ္တာမဟုတ္တဲ့ ဝန္ထမ္းေတြကိုျပန္ပို႔တာနဲ႔ အေမရိကန္မွာ အထူးေရႊ႕ေျပာင္းအေျခစိုက္ဗီဇာနဲ႔ ဝင္ခြင့္ရတဲ့ အာဖဂန္ႏုိင္ငံသားေတြနဲ႔ သူတို႔မိသားစုဝင္ ေထာင္ေပါင္းမ်ားစြာ အေမရိကန္ကိုပို႔တာမွာ အေထာက္အကူေပးဖို႔ျဖစ္ပါတယ္။ ဒီတာဝန္ဟာ တပ္ဖြဲ႔ဝင္ေတြအတြက္ အႏၲရာယ္ရွိႏိုင္တယ္လုိ႔ တပ္မွဴးေတြက ခန္႔မွန္းထားပါတယ္။

ပန္တဂြန္စစ္ဌာနခ်ဳပ္ေျပာခြင့္ရ John Kirby ကေတာ့ တပ္ဖြဲ႔ေတြအေနနဲ႔ ကိုယ့္ကိုယ္ကိုခုခံကာကြယ္ဖို႔ လက္နက္တပ္ဆင္ေပးထားမွာျဖစ္ၿပီး အာဖဂန္နစၥတန္က အေမရိကန္တပ္ဖြဲ႔ေတြအေပၚဘယ္လိုတိုက္ခိုက္မႈမ်ဳိးမဆို ခ်က္ျခင္း အျပင္းအထန္ တုံ႔ျပန္တာနဲ႔ ရင္ဆိုင္ရမယ္လို႔ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

အာဖဂန်မြို့တော်အနီးအထိ တာလီဘန်တပ်တွေထိန်းချုပ်လာ

အာဖဂန်နစ္စတန်နိုင်ငံကို ပြန်ပို့လိုက်တဲ့ အမေရိကန်တပ်ဖွဲ့တွေထဲက ပထမဆုံးအသုတ် သောကြာနေ့က ရောက်သွားပြီဖြစ်တာနဲ့အမျှ အာဖဂန်နိုင်ငံတဝန်း အလျင် အမြန် ထိုးစစ်ဆင်နေတဲ့ တာလီဘန်တွေကတော့ ကာဘူးလ်မြို့တော်နဲ့ မဝေးလှတော့တဲ့နေရာထိ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

တာလီဘန်တွေဟာ လိုဂါပြည်နယ်ရဲ့မြို့တော် Pul-e-Alam ကို ဒီကနေ့ သိမ်းယူလိုက်ပြီဖြစ်တာကြောင့် ကာဘူးလ်မြို့တော်နဲ့ မိုင် ၄၀ ကျော်ပဲ ဝေးတော့တဲ့နေရာထိ ရောက်လာတာပါ။

ဒါ့အပြင် နိုင်ငံအရှေ့ပိုင်း ကူနာပြည်နယ်ရဲ့မြို့တော် Asadabad ကိုလည်း ဒီကနေ့ နေ့လည်ပိုင်းမှာပဲ တာလီဘန်တွေ သိမ်းယူလိုက်ပြီဖြစ်တာကြောင့် လွန်ခဲ့တဲ့ သီတင်းပတ်တပတ်ကျော်ကျော်အတွင်းမှာကိုပဲ တာလီဘန်တွေသိမ်းလိုက်တဲ့ ပြည်နယ်မြို့တော်ပေါင်း ၂၀ ထက်မနည်းရှိသွားပါပြီ။

သောကြာနေ့တုံးကတော့ ဒုတိယနဲ့ တတိယအကြီးဆုံးမြို့တွေဖြစ်တဲ့ ကန်ဒါဟာနဲ့ ဟီရတ်တို့အပါအဝင် အဓိက ပြည်နယ်မြို့တော်ကြီးငါးခုကို သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုပြန်ပို့လိုက်တဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၃,၀၀၀ နီးပါးထဲက တချို့တဝက် လုံခြုံရေး တာဝန်ယူထားမယ့် ကာဘူးလ်မြို့တော်ကို ရင်ဆိုင်ပြီး ဝင်တိုက်မလားဆိုတာကတော့ မရေရာလှသေးပါဘူး။ အမေရိကန်တပ်ဖွဲ့တွေဟာ ကာဘူးလ်မြို့တော်မှာရှိတဲ့ အမေရိကန်တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ အနီးက ဟာမစ်ဒ် ကာဇိုင်း နိုင်ငံတကာလေဆိပ် လုံခြုံရေးတို့ကို တာဝန်ယူရမှာပါ။

တပ်ဖွဲ့တွေထဲက ပထမဆုံးအသုတ်ဖြစ်တဲ့ မရိန်းတပ်ရင်းတခု သောကြာနေ့က ရောက်သွားပြီဖြစ်ပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေ တနင်္ဂနွေနေ့မှာ အပြီးသတ် နေရာယူပြီးဖြစ်မယ်လို့ ပန်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

သူတို့ရဲ့တာဝန်က အမေရိကန်သံရုံးက မရှိမဖြစ်လိုအပ်တာမဟုတ်တဲ့ ဝန်ထမ်းတွေကိုပြန်ပို့တာနဲ့ အမေရိကန်မှာ အထူးရွှေ့ပြောင်းအခြေစိုက်ဗီဇာနဲ့ ဝင်ခွင့်ရတဲ့ အာဖဂန်နိုင်ငံသားတွေနဲ့ သူတို့မိသားစုဝင် ထောင်ပေါင်းများစွာ အမေရိကန်ကိုပို့တာမှာ အထောက်အကူပေးဖို့ဖြစ်ပါတယ်။ ဒီတာဝန်ဟာ တပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ တပ်မှူးတွေက ခန့်မှန်းထားပါတယ်။

ပန်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ John Kirby ကတော့ တပ်ဖွဲ့တွေအနေနဲ့ ကိုယ့်ကိုယ်ကိုခုခံကာကွယ်ဖို့ လက်နက်တပ်ဆင်ပေးထားမှာဖြစ်ပြီး အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့တွေအပေါ်ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို ချက်ခြင်း အပြင်းအထန် တုံ့ပြန်တာနဲ့ ရင်ဆိုင်ရမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

#Afghanistan #AfghanistanUS #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG