Zawgyi/Unicode
အာဖဂန္နစၥတန္ႏိုင္ငံမွာ လတ္တေလာျဖစ္ေပၚေနတဲ့ပဋိပကၡကို ေဆြးေႏြးၾကဖို႔နဲ႔ အေျခအေနေတြ ဒီထက္ဆိုးမသြားေစေရး ႏိုင္ငံတကာအသိုင္းဝိုင္းက နည္းလမ္း ဝိုင္းရွာၾကဖို႔တို႔အတြက္ G-7 စက္မႈ ထိပ္သီး ၇ ႏိုင္ငံက ေခါင္းေဆာင္ေတြအေနနဲ႔ အဂၤါေန႔မွာ ေတြ႕ဆုံေဆြးေႏြးၾကဖို႔ အစည္းေဝး ေခၚထား ေၾကာင္း ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ Boris Johnson က ေျပာပါတယ္။
အာဖဂန္ႏိုင္ငံသားေတြ ေဘးကင္းစြာ ထြက္ခြာႏိုင္ေရး၊ လူသားခ်င္းစာမႈဆိုင္ရာပဋိပကၡေတြ ႀကီးထြား လာမယ့္အေရးက ဟန႔္တားေရးနဲ႔ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ အတြင္း ျဖစ္ေပၚတိုးတက္ခဲ့တာေတြကို ဆက္လက္ ပံ့ပိုးေပးႏိုင္ေရးတို႔အတြက္ ႏိုင္ငံတကာအသိုင္းဝိုင္းက ဝိုင္းဝန္း လုပ္ေဆာင္ၾကဖို႔ အင္မတန္ အေရးႀကီးေၾကာင္း ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ Boris Johnson က Twitter လူမႈကြန္ယက္ကေန ဒီကေန႔ ေရးသားခဲ့ပါတယ္။
တာလီဘန္ေတြက ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ၿမိဳ႕ေတာ္ကဘူးလ္ကို သိမ္းပိုက္လိုက္ၿပီးတဲ့ေနာက္ အရပ္သားေတြနဲ႔ အာဖဂန္တပ္ဖြဲ႕ဝင္ေတြေဘးလြတ္ရာကို ထြက္ေျပးေနၾကပါတယ္။ လြန္ခဲ့တဲ့ အႏွစ္ ၂၀ တာလီဘန္ေတြ အုပ္ခ်ဳပ္စဥ္ကာလတုန္းကလို တင္းၾကပ္တဲ့ အစၥလာမ္မစ္ ဥပေဒေတြ ျပန္လည္ ျပဌာန္း အုပ္ခ်ဳပ္မွာကို အာဖဂန္ျပည္သူေတြ စိုးရိမ္ေနၾကတာပါ။
တာလီဘန္ေတြက အာဖဂန္တႏိုင္ငံလုံးကို သိမ္းပိုက္လိုက္ၿပီးတဲ့ေနာက္ တိုင္းျပည္အတြင္းက ထြက္ ခြာဖို႔ ႀကိဳးစားေနၾကတဲ့ေထာင္ ေသာင္းခ်ီတဲ့ အာဖဂန္ေတြ ကာဘူးလ္ေလဆိပ္မွာ ပိတ္မိေနတဲ့ ျပႆနာကို ဘယ္လို ေျဖရွင္းေရး အေနာက္အုပ္စု ႏိုင္ငံေတြအၾကားေဆြးေႏြးေနၾကတာပါ။
ၿဗိတိန္အျပင္ အေမရိန္က၊ အီတလီ၊ ျပင္သစ္၊ ဂ်ာမနီ၊ ဂ်ပန္၊ ကေနဒါတို႔ ပါဝင္တဲ့ G-7 အဖြဲ႕ရဲ႕အလွည့္က် ဥကၠ႒အျဖစ္ ၿဗိတိန္က လက္ရွိမွာ တာဝန္ယူထားတာ ျဖစ္ပါတယ္။
=====
Unicode
အာဖဂန်အရေး G-7 စည်းဝေးပွဲကျင်းပမည်
အာဖဂန်နစ္စတန်နိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ပဋိပက္ခကို ဆွေးနွေးကြဖို့နဲ့ အခြေအနေတွေ ဒီထက်ဆိုးမသွားစေရေး နိုင်ငံတကာအသိုင်းဝိုင်းက နည်းလမ်း ဝိုင်းရှာကြဖို့တို့အတွက် G-7 စက်မှု ထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေအနေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးကြဖို့ အစည်းဝေး ခေါ်ထား ကြောင်း ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က ပြောပါတယ်။
အာဖဂန်နိုင်ငံသားတွေ ဘေးကင်းစွာ ထွက်ခွာနိုင်ရေး၊ လူသားချင်းစာမှုဆိုင်ရာပဋိပက္ခတွေ ကြီးထွား လာမယ့်အရေးက ဟန့်တားရေးနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ဖြစ်ပေါ်တိုးတက်ခဲ့တာတွေကို ဆက်လက် ပံ့ပိုးပေးနိုင်ရေးတို့အတွက် နိုင်ငံတကာအသိုင်းဝိုင်းက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ အင်မတန် အရေးကြီးကြောင်း ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က Twitter လူမှုကွန်ယက်ကနေ ဒီကနေ့ ရေးသားခဲ့ပါတယ်။
တာလီဘန်တွေက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြို့တော်ကဘူးလ်ကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် အရပ်သားတွေနဲ့ အာဖဂန်တပ်ဖွဲ့ဝင်တွေဘေးလွတ်ရာကို ထွက်ပြေးနေကြပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ တာလီဘန်တွေ အုပ်ချုပ်စဉ်ကာလတုန်းကလို တင်းကြပ်တဲ့ အစ္စလာမ်မစ် ဥပဒေတွေ ပြန်လည် ပြဌာန်း အုပ်ချုပ်မှာကို အာဖဂန်ပြည်သူတွေ စိုးရိမ်နေကြတာပါ။
တာလီဘန်တွေက အာဖဂန်တနိုင်ငံလုံးကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် တိုင်းပြည်အတွင်းက ထွက် ခွာဖို့ ကြိုးစားနေကြတဲ့ထောင် သောင်းချီတဲ့ အာဖဂန်တွေ ကာဘူးလ်လေဆိပ်မှာ ပိတ်မိနေတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းရေး အနောက်အုပ်စု နိုင်ငံတွေအကြားဆွေးနွေးနေကြတာပါ။
ဗြိတိန်အပြင် အမေရိန်က၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ကနေဒါတို့ ပါဝင်တဲ့ G-7 အဖွဲ့ရဲ့အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဗြိတိန်က လက်ရှိမှာ တာဝန်ယူထားတာ ဖြစ်ပါတယ်။
#အာဖဂန်နစ္စတန်#Afghanistan#G-7#Taliban#တာလီဘန်