သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းတဲ့အာဏာလွှဲပြောင်းမှုလုပ်မည်ဟု အာဖဂန် ယာယီပြည်ထဲရေးဝန်ကြီး ကတိပြု


Smoke rises next to the U.S. Embassy in Kabul, Afghanistan, Aug. 15, 2021.
Smoke rises next to the U.S. Embassy in Kabul, Afghanistan, Aug. 15, 2021.

Zawgyi/Unicode

အာဖဂန် နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အမေရိကန်သံရုံးပရဝုဏ်ထဲက ဝန်ထမ်းတွေကို အမေရိကန်ဘက်က ရဟတ်ယာဉ်တွေနဲ့ လေဆိပ်ကို ကယ်ဆယ် ပို့ဆောင်ပေးနေတဲ့အချိန်မှာပဲ ကဘူးမြို့တော် လုံလုံခြုံခြုံရှိပြီး မကြာခင်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အာဏာလွှဲပြောင်းသွားမယ်လို့ အာဖဂန်ယာယီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
“မြို့တော်လုံခြုံရေးကို တာဝန်ယူပါတယ်။ မြို့တွင်းတိုက်ခိုက်မှုတွေလည်း လုပ်မှာမဟုတ်ပါဘူး။ မြို့တော်နဲ့အာဏာကို တတိယကြားဖြတ်အဖွဲ့တခုကို ယာယီလွှဲပြောင်းပေးထားမှာဖြစ်ပြီး လုံခြုံရေးအတွက်က ကျနော်တို့တာဝန်ပါ” လို့ အာဖဂန် ယာယီ ပြည်ထဲရေး ဝန်ကြီး Abdul Satar Mirzakwalက ပြောပါတယ်။
အာဖဂန် ပြည်သူတွေကို ပြည်ထဲရေးဝန်ကြီး Abdul Satar Mirzakwal က ဗွီဒီယိုက တဆင့် ပြောကြားတဲ့မိန့်ခွန်းမှာတော့ တာလီဘန်တွေကို အေးအေးချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းပေးဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။ ကဘူးလ်မြို့တော်တိုက်ခိုက်ခံရခြင်းမရှိသလို တိုက်ခိုက်ခံရမှာလည်းမဟုတ်ကြောင်းနဲ့ ဝါဒ ဖြန့်သတင်းတွေကို သတိပြုကြဖို့လည်း သူက ပြောပါတယ်။ ရရှိထားတဲ့ သဘောတူညီချက်အရ ကဘူးလ်မြို့မှာ အေးအေးချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းပေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
တာလီဘန်အဖွဲ့ ပြောခွင့်ရတဦးကလည်း တာလီဘန်တို့ ကဘူးလ်မြို့ထဲ အင်အားသုံး ဝင်ရောက်ခြင်းမရှိကြောင်းနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးဖို့ကို လိုလားကြောင်း ဒီကနေ့မွန်းလွဲပိုင်းတုန်းက တွစ်တာမှာ ရေးထားပါတယ်။ အားလုံးကို လွတ်ငြိမ်းခွင့်ပေးမှာဖြစ်ပြီး တုံ့ပြန် လက်စားချေမှုတွေ ရှိမှာမဟုတ်ကြောင်းလည်း သူက ရေးထားပါတယ်။
တာလီဘန်တွေ ဝင်လာပြီဆိုတဲ့သတင်းကြောင့် ပြည်သူတွေကဘူးလ်မြို့ထဲရောက်ရာ နေရာကနေ ချက်ချင်း အိမ်ပြန်ကြဖို့ ကြိုးစားကြလို့ လမ်းတွေပေါ်မှာ ကသောင်းကနင်းနဲ့ လမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့ပေမဲ့ အခုတော့ တဖြည်းဖြည်းနဲ့ ပုံမှန် ပြန်ဖြစ်လာနေတယ်လို့လည်း ဗီအိုအေ သတင်းထောက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


=====

Unicode



#Afghanistan #VOABurmese

XS
SM
MD
LG