သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်နိုင်ငံကနေ အမေရိကန်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာကြဖို့ သံရုံးသတိပေး


{{Zawgyi/Unicode}}

အာဖဂန်နစ္စတန်နိုင်ငံမှာရှိကြတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ နိုင်ငံအတွင်းကနေ ချက်ချင်း ထွက်ခွာကြဖို့ အမေရိကန်သံရုံးက ကြာသပတေးနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။ တာလီဘန်တပ်ဖွဲ့တွေအနေနဲ့ မြို့တော်ကာဘူးအနီးက မဟာဗျူဟာမြောက်မြို့ကြီးတခုကို သိမ်းပိုက်ခဲ့ပြီးနောက် အခုလို တိုက်တွန်းလိုက်တာပါ။

သံရုံးဝန်ထမ်းတွေ ထွက်ခွာနိုင်အောင် အကူအညီပေးဖို့ တပ်တွေ စေလွှတ်ထားတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“လုံခြုံရေးအခြေအနေအရ ကာဘူးမြို့တော်မှာ အရပ်သားအရေအတွက် လျှော့ချနေတာဖြစ်ပါတယ်။ မကြာခင် သီတင်းပတ်တွေအတွင်း သံရုံးမှာ အဓိကလိုအပ်တဲ့ ဝန်ထမ်းလောက်ပဲ ထားရှိဖို့လည်း စီစဉ်ထားပါတယ်။” လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ကြာသပတေးနေ့ ဝါရှင်တန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ငွေရေးကြေးရေး အခက်အခဲနဲ့ တခြားအကြောင်းတွေကြောင့် အာဖဂန်နစ္စတန်နိုင်ငံကနေ ချက်ခြင်းထွက်ခွာဖို့ အခက်အခဲရှိတဲ့ အမေရိကန်နိုင်ငံသားတွေကိုလည်း အကူအညီပေးဖို့ အမေရိကန်သံရုံးက ကမ်းလှမ်းထားပါတယ်။

တချိန်တည်းမှာပဲ လုံခြုံရေး အခြေအနေတွေနဲ့ သံရုံးဝန်ထမ်း အရေအတွက် လျော့ချထားတဲ့အတွက် ကာဘူးမြို့တော်မှာတောင် အကူအညီပေးဖို့ အကန့်အသတ်တွေရှိနေတယ်လို့လည်း သတိပေးထားပါတယ်။

ကဘူးမြို့တော်မှာ အကြမ်းဖက်မှုတွေ တိုးလာနေတာကြောင့် အမေရိကန် အစိုးရ ဝန်ထမ်းတွေ ဖြစ်နိုင်ရင် သံရုံးအပြင်မှာသာ အလုပ်လုပ်ကြဖို့လည်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာပဲ ညွန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............................................

{{Unicode}}








XS
SM
MD
LG