သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ပြည်နယ်မြို့တော်တခု တာလီဘန်လက်အောက်ကျရောက်


Taliban တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - VOA)
Taliban တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - VOA)

(Zawgyi/Unicode)

အာဖဂန်နစ္စတန်မှာ ပြည်နယ်မြို.တော်တစ်ခုကို တာလီဘန်တွေ ပထမဆုံးသိမ်းပိုက်လိုက်ပြီး၊ မြို.တော်ကာဘူးမှာလည်း အရေးပါတဲ့ အစိုးရအရာရှိတစ်ဦးကို လုပ်ကြံလိုက်ပါတယ်။

အမေရိကန်တပ်တွေဆုတ်ခွာအပြီး တာလီဘန်သူပုန်တွေပြန်ခေါင်းထောင်လာကာ၊ အာဖဂန်နယ်မြေတွေ တိုးချဲ.သိမ်းယူလာခဲ့ရာမှာ၊ နိုင်ငံ အနောက်တောင်ပိုင်းက Nimruz ပြည်နယ်မြို.တော်ကို၊ ဒီနေ့ သိမ်းယူလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ တာလီလန်ပြောခွင့်ရ Zabihullah Mujahid က၊ ပြည်နယ်မြို.တော် Zaranj က အာဖဂန်အစိုးရတပ်တွေကို တိုက်ခိုက်အနိုင်ယူပြီး အခုလို သိမ်းပိုက်လိုက်တာလို့ မနေ့က လူမူမီဒီယာမှာပြောလိုက်ပါတယ်။

ဒါ့အပြင် ကာဘူးက လူခြုံရေးထူထပ်တဲ့ဇုံထဲမှာ၊ အာဖဂန်အစိုးရ သတင်းမီဒီယာဌာန အကြီးအကဲ Dawa Khan Meenapal ကိုလည်း လုပ်ကြံသတ်ဖြတ်နိုင်ခဲ့တယ်လို့ အာဖဂန်အရာရှိတွေက မနေ့က ပြောခဲ့ပါတယ်။ Nimruz ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမူး Haji Nabi Barahwe လည်း၊ အမျိုးသားလုံခြုံရေးတပ်တွေအနေနဲ့၊ ပြည်နယ်မြို.တော်ကို တစ်နာရီကြာ ခုခံတိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာခဲ့ရကာ၊ နောက်ဆုံး တာလီဘန်လက်ထဲကျသွားကြောင်း VOA ကို အတည်ပြုပေးခဲ့ပါတယ် ခင်ဗျာ။

အာဖဂန်မှာ နှစ်ပေါင်း ၂၀ ကြာရှိခဲ့တဲ့ အမေရိကန်နဲ့မဟာမိတ်တပ်တွေ ဆုတ်ခွာဖို့ကြေညာပြီးချိန်ကစပြီး၊ အစိုးရထိန်းချုပ်နယ်မြေတွေကို တာလီဘန်တွေ ဆက်တိုက်တိုက်ခိုက်သိမ်းယူလာနေရာမှာ၊ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ Khandahar ၊ Herat နဲ့ Lashkar Gah မြို.ကြီးတွေလည်း ဆက်ကျသွားမှာကို အရာရှိတွေစိုးရိမ်နေကြပါတယ် ခင်ဗျာ။

XS
SM
MD
LG