သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထြက္ေျပးဝင္ေရာက္လာတဲ့ အာဖဂန္တပ္ဖဲြ႔ဝင္ေတြေၾကာင့္ တာဂ်စ္ကစၥတန္နယ္စပ္ လံုၿခံဳေရးတိုးျမႇင့္


အာဖဂန္လုံၿခဳံေရးတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ဇူလုိင္ ၂၊ ၂၀၂၁)

(Zawgyi / Unicode)

တာဂ်စ္ကစၥတန္သမၼတက အာဖဂန္နစၥတန္ႏုိင္ငံနဲ႔ နယ္စပ္ခ်င္း ထိစပ္ေနတဲ့ ၂ ႏုိင္ငံ နယ္စပ္ကို အရန္တပ္ဖဲြ႔ဝင္ ၂၀,၀၀၀ ေစလႊတ္ဖို႔ ဒီေန႔ အမိန္႔ထုတ္လိုက္ပါတယ္။

အာဖဂန္နစၥတန္ႏုိင္ငံမွာ တာလီဘန္ေတြက နယ္ေျမေတြကို တုိးခ်ဲ႕သိမ္းယူလာေနတာေၾကာင့္ အာဖဂန္လုံၿခဳံေရးတပ္ဖဲြ႔ဝင္ ၁,၀၀၀ ေလာက္ နယ္စပ္ကိုေက်ာ္ျဖတ္ ထြက္ေျပးလာေနတဲ့အတြက္ နယ္စပ္လုံၿခဳံေရးကို တုိးျမႇင့္ဖို႔အတြက္ အခုလိုလုပ္လိုက္တာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔က အခုလို နယ္စပ္ကို ျဖတ္ေက်ာ္ထြက္ေျပးလာတာကို ၾကည့္ျခင္းအားျဖင့္ အာဖဂန္နစၥတန္ႏုိင္ငံထဲမွာ အေျခအေနေတြဟာ အလွ်င္အျမန္ ဆုိးရြားလာေနတယ္ ဆုိတာကို မီးေမာင္းထုိးျပလိုက္တာ ျဖစ္ပါတယ္။

တာဂ်စ္ကစၥတန္သမၼတ Emomali Rakhmon ဟာ ဒီကိစၥကို ေဆြးေႏြးဖို႔အတြက္ ႐ုရွားသမၼတ Vladimir Putin အပါအဝင္ ေဒသတြင္းမွာရွိတဲ့ မဟာမိတ္ေတြကို ဖုန္းနဲ႔ဆက္သြယ္ ေျပာၾကားခဲ့ပါတယ္။ ႐ုရွားႏုိင္ငံဟာ တာဂ်စ္ကစၥတန္ႏုိင္ငံထဲမွာ တပ္ဖဲြ႔ဝင္အင္အား အေတာ္မ်ားမ်ား အေျခခ် တပ္စဲြထားတာ ျဖစ္ပါတယ္။

႐ုရွားသမၼတ Putin ကေတာ့ တကယ္လို႔ လိုအပ္လာရင္ အာဖဂန္နဲ႔ကပ္ေနတဲ့ တာဂ်စ္ကစၥတန္နယ္စပ္ကို တည္ၿငိမ္မႈရွိေအာင္ ႐ုရွားအစိုးရအေနနဲ႔ တုိက္႐ုိက္ျဖစ္ေစ ဒါမွမဟုတ္ ေဒသတြင္း လုံၿခဳံေရးအဖဲြ႔ကေနတဆင့္ ျဖစ္ေစ အကူအညီေပးသြားမွာ ျဖစ္တယ္လို႔ ႐ုရွားအစိုးရရဲ႕ ေၾကညာခ်က္ထဲမွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထွက်ပြေးဝင်ရောက်လာတဲ့ အာဖဂန်တပ်ဖွဲ့ဝင်တွေကြောင့် တာဂျစ်ကစ္စတန်နယ်စပ် လုံခြုံရေးတိုးမြှင့်

တာဂျစ်ကစ္စတန်သမ္မတက အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ၂ နိုင်ငံ နယ်စပ်ကို အရန်တပ်ဖွဲ့ဝင် ၂၀,၀၀၀ စေလွှတ်ဖို့ ဒီနေ့ အမိန့်ထုတ်လိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေက နယ်မြေတွေကို တိုးချဲ့သိမ်းယူလာနေတာကြောင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁,၀၀၀ လောက် နယ်စပ်ကိုကျော်ဖြတ် ထွက်ပြေးလာနေတဲ့အတွက် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဖို့အတွက် အခုလိုလုပ်လိုက်တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က အခုလို နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးလာတာကို ကြည့်ခြင်းအားဖြင့် အာဖဂန်နစ္စတန်နိုင်ငံထဲမှာ အခြေအနေတွေဟာ အလျှင်အမြန် ဆိုးရွားလာနေတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။

တာဂျစ်ကစ္စတန်သမ္မတ Emomali Rakhmon ဟာ ဒီကိစ္စကို ဆွေးနွေးဖို့အတွက် ရုရှားသမ္မတ Vladimir Putin အပါအဝင် ဒေသတွင်းမှာရှိတဲ့ မဟာမိတ်တွေကို ဖုန်းနဲ့ဆက်သွယ် ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ တာဂျစ်ကစ္စတန်နိုင်ငံထဲမှာ တပ်ဖွဲ့ဝင်အင်အား အတော်များများ အခြေချ တပ်စွဲထားတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ Putin ကတော့ တကယ်လို့ လိုအပ်လာရင် အာဖဂန်နဲ့ကပ်နေတဲ့ တာဂျစ်ကစ္စတန်နယ်စပ်ကို တည်ငြိမ်မှုရှိအောင် ရုရှားအစိုးရအနေနဲ့ တိုက်ရိုက်ဖြစ်စေ ဒါမှမဟုတ် ဒေသတွင်း လုံခြုံရေးအဖွဲ့ကနေတဆင့် ဖြစ်စေ အကူအညီပေးသွားမှာ ဖြစ်တယ်လို့ ရုရှားအစိုးရရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

XS
SM
MD
LG