သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်တပ်ဖွဲ့တွေအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ထောက်ပံ့မည်


တာလီဘန်နဲ့ တိုက်ပွဲအတွင်း တွေ့ရတဲ့ အာဖဂန်တပ်ဖွဲ့ဝင်အချို့။ (မတ် ၁၊ ၂၀၁၇)
တာလီဘန်နဲ့ တိုက်ပွဲအတွင်း တွေ့ရတဲ့ အာဖဂန်တပ်ဖွဲ့ဝင်အချို့။ (မတ် ၁၊ ၂၀၁၇)

(Zawgyi / Unicode)

လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်တပ်တွေရော ညွန့်ပေါင်းတပ်ဖွဲ့တွေပါ အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာသွားပြီးနောက် နှစ်ဖက် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာကို အာဖဂန်ငြိမ်းချမ်းရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Zalmay Khalilzad ရဲ့ အဆင့်မြင့်အဖွဲ့နဲ့ အာဖဂန်ခေါင်းဆောင်တွေ တနင်္ဂနွေနေ့က ကဘူးလ်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တလအတွင်း နိုင်ငံခြားစစ်တပ်တွေ အာဖဂန်က စတင်ဆုတ်ခွာချိန်ကစပြီး တာလီဘန်သူပုန်တွေက အစိုးရတပ်ဖွဲ့တွေကို အရှိန်မြှင့် တိုက်ခိုက်လာသလို အာဖဂန်ရဲ့ ဒေသကြီး ၉ ခုကိုပါ သိမ်းပိုက်လာတဲ့ အခြေအနေကြောင့် ခုလို အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာရတာပါ။

တနင်္ဂနွေနေ့ တွေ့ဆုံပွဲအတွင်း ကာကွယ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကဏ္ဍ ၃ ခုကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ အာဖဂန်သမ္မတ Ashraf Ghani ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mohammad Amiri က ပြောပါတယ်။ ဒါ့အပြင် တာလီဘန်တွေနဲ့ တိုက်ခိုက်နေရတဲ့ အာဖဂန်အစိုးရ တပ်ဖွဲ့အတွက် ဒေါ်လာ ၃.၃ ဘီလျံကို အမေရိကန်အစိုးရက လာမယ့် ၂ နှစ်အတွင်း အာဖဂန်ကို ထောက်ပံ့သွားမယ်လို့ အမေရိကန် အထူးကိုယ်စားလှယ်က အာဖဂန်သမ္မတကို ကတိပေးသွားကြောင်းလည်း သူက ပြောဆိုပါတယ်။ အမေရိကန်က ထောက်ပံ့မယ့် အထဲမှာ အာဖဂန် လေတပ်အင်အား တောင့်တင်းလာစေရေး ပံ့ပိုးမှုတွေ ပါဝင်မှာဖြစ်ပါတယ်။

အာဖဂန်မှာ အကူအညီ လိုအပ်နေတဲ့ ပြည်သူ ၁၈ သန်းအတွက် လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂၆၆ သန်းကျော် ပေးအပ်သွားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမေရိကန်က ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)






XS
SM
MD
LG