သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ တာလီဘန်တပ်တွေ နယ်မြေတိုးချဲ့သိမ်းယူ


ကဘူးလ်မြို့အနီး ဆိုင်ကယ်စီးလာတဲ့ ဒေသခံနှစ်ဦးကို နှုတ်ဆက်နေတဲ့ အာဖဂန် တပ်ဖွဲ့ဝင်တဦး။ (ဇူလိုင် ၂၊ ၂၀၂၁)
ကဘူးလ်မြို့အနီး ဆိုင်ကယ်စီးလာတဲ့ ဒေသခံနှစ်ဦးကို နှုတ်ဆက်နေတဲ့ အာဖဂန် တပ်ဖွဲ့ဝင်တဦး။ (ဇူလိုင် ၂၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေ သြဂုတ်လကုန်ပိုင်းမှာ အပြီးသတ် ထွက်ခွာမယ့်အကြောင်း အမေရိကန်အစိုးရက ကြေညာထားတဲ့ အချိန်မှာပဲ အာဖဂန်မှာရှိတဲ့ တာလီဘန်တပ်ဖွဲ့တွေဟာလည်း နယ်မြေအတော်များများကို တိုးချဲ့ သိမ်းပိုက်လာနေပါတယ်။

နယ်စပ်ဒေသ ပြည်နယ်တွေဖြစ်တဲ့ Badakhshan နဲ့ Takhar အတွင်းမှာရှိတဲ့ အနည်းဆုံး ခရိုင်တဒါဇင်လောက်အတွင်းက အစိုးရလိုလားတဲ့ တပ်ဖွဲ့တွေ သူတို့တပ်စွဲထားတဲ့ နေရာတွေကနေ ဆုတ်ခွာသွားကြဖို့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဖိအားပေး ပြောဆိုမှုတွေ ရှိနေတယ်လို့ အာဖဂန်မှာရှိတဲ့ သတင်းရင်းမြစ်တချို့က စနေနေ့မှာ ပြောပါတယ်။

နေရာဒေသ အတော်များများက အစိုးရလိုလားတဲ့ တပ်ဖွဲ့အများအပြားဟာလည်း တာလီဘန်တွေကို ခုခံတိုက်ခိုက်ခြင်းမပြုဘဲ ဆုတ်ခွာပေးနေကြတယ်လို့ ဆိုပါတယ်။ Badakhshan ပြည်နယ်အတွင်းက နယ်ခြားစောင့်တပ်ဖွဲ့ဝင် အနည်းဆုံး ၃၀၀ လောက်ဟာ အိမ်နီးချင်း Tajikistan နိုင်ငံထဲကို ထွက်ပြေးလာကြတယ်လို့ Tajikistan နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တာလီဘန်တို့နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပေါ်ခဲ့တာကြောင့် အာဖဂန်တပ်ဖွဲ့ဝင် အများအပြား Tajikistan နိုင်ငံအတွင်းကို ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တာလီဘန်တပ်ဖွဲ့တွေက Badakhshan ပြည်နယ် မြို့တော်အနီးကို ချဉ်းကပ်လာနေတာကြောင့် အဲဒီမှာရှိတဲ့ အစိုးရအရာရှိ အတော်များများ လေယာဉ်နဲ့ ထွက်ပြေးဖို့ ပြင်ဆင်နေတဲ့ပုံတွေလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)







XS
SM
MD
LG