သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္တပ္႐ုပ္ခ်ိန္ အာဖဂန္မွာ ဗုံးခဲြတိုက္ခိုက္မေႈၾကာင့္ ေသဆံုးသူမ်ားျပား


ကဘူးလ္ၿမိဳ႕ မိန္းကေလးေက်ာင္း အျပင္ဘက္ ေပါက္ကြဲမႈေၾကာင့္ အပ်က္အစီးေတြကုိ ၾကည့္႐ႈေနသူမ်ား။ (ေမ ၈၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏိုင္ငံ ကဘူးလ္ၿမဳိ႕က မိန္းကေလးေက်ာင္း အျပင္ဘက္မွာ စေနေန႔က ေပါက္ကြဲမႈ ဆက္တိုက္ျဖစ္ပြားတာေၾကာင့္ ေသဆုံးရသူ ၆၀ ေက်ာ္ တိုးလာတယ္လို႔ အစိုးရတာဝန္ရွိသူေတြက ေျပာေနခ်ိန္မွာပဲ အေမရိကန္ အပါအဝင္ ေနတိုးတပ္ဖြဲ႔ေတြ အာဖဂန္က ဆက္လက္႐ုပ္သိမ္းေနတဲ့ လုပ္ရပ္ကို ခ်ီးက်ဴးေၾကာင္း အာဖဂန္က တာလီဘန္သူပုန္ေခါင္းေဆာင္က ေျပာၾကားလိုက္ပါတယ္။

ဒီလုိ ေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္ကေန အေမရိကန္နဲ႔ တာလီဘန္ၾကား သေဘာတူထားတဲ့ ဒိုဟာစာခ်ဳပ္ပါ အခ်က္ေတြအားလုံး ၿပီးျပည့္စုံေအာင္ အေကာင္အထည္ ေဖာ္သြားဖို႔ကိုလည္း တာလီဘန္ေခါင္းေဆာင္ Mawlawi Hibatullah Akhundzada က အေလးအနက္ တိုက္တြန္းလုိက္ပါတယ္။

ဒါေပမယ့္ ၂၀၂၀ မွာ ခ်ဳပ္ဆိုခဲ့တဲ့ ဒုိဟာစာခ်ဳပ္ပါ သေဘာတူခ်က္ေတြကို အေမရိကန္ဘက္က ခုထိ အႀကိမ္ႀကိမ္ ခ်ဳိးေဖာက္ခဲ့ၿပီး အရပ္သားေတြရဲ႕ အသက္ေရာ ႐ုပ္ဝတၳဳပစၥည္းပါ ဆုံး႐ႈံးခဲ့ရတာအတြက္ စိတ္မေကာင္း ျဖစ္ရတယ္လို႔ ဒီသီတင္းပတ္ထဲ က်င္းပဖို႔ရွိတဲ့ မြတ္စလင္ အိဒ္ပဲြနဲ႔ ဆက္စပ္ၿပီး ထုတ္ျပန္တဲ့ တာလီဘန္ေခါင္းေဆာင္ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

သမၼတ ဂ်ဳိးဘိုင္ဒန္ကေတာ့ လာမယ့္ စက္တင္ဘာ ၁၁ ရက္ေန႔မွာ အေမရိကန္တပ္ေတြ အားလုံး ႐ုပ္သိမ္းႏိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။

ဒီအေတာအတြင္း စေနေန႔ ေပါက္ကဲြမႈအတြင္း ေသဆုံးသူ အနည္းဆုံး ၆၃ ဦးအထိ ရွိလာၿပီလို႔ အာဖဂန္အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒဏ္ရာရသူ ၁၅၀ ေလာက္ရွိတဲ့အထဲမွာ တခ်ဳိ႕က ေရရွည္ကုသရမယ့္ ဒဏ္ရာမ်ဳိးျဖစ္ၿပီး စိုးရိမ္ဖြယ္ ဒဏ္ရာရထားသူေတြရဲ႕ အသက္ေဘးကို ကယ္တင္ႏုိင္ဖို႔ ဆရာဝန္ေတြ ႀကဳိးပမ္းေနရပါတယ္။

ဒီလို မိန္းကေလးေက်ာင္းကို တိုက္ခိုက္တာဟာ တာလီဘန္တို႔လက္ခ်က္လို႔ အာဖဂန္အစိုးရက စြပ္စြဲထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

အမေရိကန်တပ်ရုပ်ချိန် အာဖဂန်မှာ ဗုံးခွဲတိုက်ခိုက်မှေုကြာင့် သေဆုံးသူများပြား

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က မိန်းကလေးကျောင်း အပြင်ဘက်မှာ စနေနေ့က ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားတာကြောင့် သေဆုံးရသူ ၆၀ ကျော် တိုးလာတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောနေချိန်မှာပဲ အမေရိကန် အပါအဝင် နေတိုးတပ်ဖွဲ့တွေ အာဖဂန်က ဆက်လက်ရုပ်သိမ်းနေတဲ့ လုပ်ရပ်ကို ချီးကျူးကြောင်း အာဖဂန်က တာလီဘန်သူပုန်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ဒီလို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ကနေ အမေရိကန်နဲ့ တာလီဘန်ကြား သဘောတူထားတဲ့ ဒိုဟာစာချုပ်ပါ အချက်တွေအားလုံး ပြီးပြည့်စုံအောင် အကောင်အထည် ဖော်သွားဖို့ကိုလည်း တာလီဘန်ခေါင်းဆောင် Mawlawi Hibatullah Akhundzada က အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

ဒါပေမယ့် ၂၀၂၀ မှာ ချုပ်ဆိုခဲ့တဲ့ ဒိုဟာစာချုပ်ပါ သဘောတူချက်တွေကို အမေရိကန်ဘက်က ခုထိ အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပြီး အရပ်သားတွေရဲ့ အသက်ရော ရုပ်ဝတ္ထုပစ္စည်းပါ ဆုံးရှုံးခဲ့ရတာအတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ဒီသီတင်းပတ်ထဲ ကျင်းပဖို့ရှိတဲ့ မွတ်စလင် အိဒ်ပွဲနဲ့ ဆက်စပ်ပြီး ထုတ်ပြန်တဲ့ တာလီဘန်ခေါင်းဆောင်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ကတော့ လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့မှာ အမေရိကန်တပ်တွေ အားလုံး ရုပ်သိမ်းနိုင်ဖို့ မျှော်မှန်းထားပါတယ်။

ဒီအတောအတွင်း စနေနေ့ ပေါက်ကွဲမှုအတွင်း သေဆုံးသူ အနည်းဆုံး ၆၃ ဦးအထိ ရှိလာပြီလို့ အာဖဂန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူ ၁၅၀ လောက်ရှိတဲ့အထဲမှာ တချို့က ရေရှည်ကုသရမယ့် ဒဏ်ရာမျိုးဖြစ်ပြီး စိုးရိမ်ဖွယ် ဒဏ်ရာရထားသူတွေရဲ့ အသက်ဘေးကို ကယ်တင်နိုင်ဖို့ ဆရာဝန်တွေ ကြိုးပမ်းနေရပါတယ်။

ဒီလို မိန်းကလေးကျောင်းကို တိုက်ခိုက်တာဟာ တာလီဘန်တို့လက်ချက်လို့ အာဖဂန်အစိုးရက စွပ်စွဲထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG