သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်နိုင်ငံက အမေရိကန်နဲ့ မဟာမိတ်တပ်တွေ စတင်ရုပ်သိမ်း


အာဖဂန်နစ္စတန်က အမေရိကန် တပ်ဖွဲ့ဝင်အချို့။ (သြဂုတ် ၇၊ ၂၀၁၈)
အာဖဂန်နစ္စတန်က အမေရိကန် တပ်ဖွဲ့ဝင်အချို့။ (သြဂုတ် ၇၊ ၂၀၁၈)

(Zawgyi / Unicode)

အမေရိကန်နဲ့ NATO မဟာမိတ်တွေက အာဖဂန်နစ္စတန် နိုင်ငံတွင်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ တပ်ဖွဲ့တွေကို စနေနေ့မှာ တရားဝင် စတင်ရုပ်သိမ်းနေကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ စစ်ဘက် အရာရှိတွေက ပြောဆိုထားတာကြောင့် အမေရိကန်ရဲ့ အရှည်ကြာဆုံးစစ်ပွဲကို အဆုံးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ တပ်ဖွဲ့တွေကို မေလ ၁ ရက်နေ့မှာ စတင်ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ Joe Biden က ရက်သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက စလို့ အာဖဂန်က စစ်ပစ္စည်းတွေကို စတင်ရုပ်သိမ်းနေတာ ဖြစ်ပါတယ်။

အာဖဂန်နိုင်ငံတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂,၅၀၀ ကနေ ၃,၅၀၀ ကြား ကျန်ရှိနေသေးပြီး NATO တပ်ဖွဲ့ဝင် ၇,၀၀၀ လောက် ရှိနေပါတယ်။ နိုင်ငံတွင်းမှာ ဆက်ပြီး ကျန်ရှိမယ့် တပ်ဖွဲ့ဝင်တွေကတော့ နွေရာသီအကုန်မှာ အာဖဂန်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

နိုင်ငံတကာတပ်ဖွဲ့တွေ အပြီးသတ် ရုပ်သိမ်းတာကြောင့် တာလီဘန်တွေ အတင့်ရဲလာပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အပေါ် အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေ အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ နိုင်ငံရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်ခဲ့တဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ဝင်တွေကို အာဖဂန် တာလီဘန် ခေါင်းဆောင်တွေက ကာကွယ်ပေးထားတာဖြစ်ပြီး ဒီ အယ်လ်ကိုင်းဒါး အဖွဲ့ဝင်တွေကို ရှာဖွေရေးအတွက် ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ အမေရိကန်နဲ့ NATO မဟာမိတ်တွေ အာဖဂန်ကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

နောက် ၂ လ အကြာမှာတော့ အယ်လ်ကိုင်းဒါးခေါင်းဆောင် Osama bin Laden နဲ့ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေ ထွက်ပြေးခဲ့တာပါ။ Osama bin Laden ကိုတော့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံထဲမှာ အမေရိကန် Navy SEALS တပ်ဖွဲ့ဝင်တွေက သုတ်သင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG