သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် သတင်းသမား နဲ့ လူ့အခွင့်အရေးသမားတွေ ပစ်မှတ်ထား သတ်ဖြတ်ခံရ


အာဖဂန် ရေဒီယို သတင်းသမားတဦး ကားဗုံးဖြင့် အတိုက်ခံခဲ့ရစဉ် (ဓာတ်ပုံ- AP)
အာဖဂန် ရေဒီယို သတင်းသမားတဦး ကားဗုံးဖြင့် အတိုက်ခံခဲ့ရစဉ် (ဓာတ်ပုံ- AP)

(Zawgyi/Unicode)
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်နဲ့ အာဖဂန်အစိုးရတို့ကြား မနှစ်က စက်တင်ဘာမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ခဲ့ချိန်ကစပြီး သတင်းသမားတွေနဲ့ လူ့အခွင့်ရေးလှုပ်ရှားသူတွေ အသတ်ခံရမှု တဟုန်ထိုး များပြားလာတာတွေ့ ရတယ်လို့ အာဖဂန်အရေးအကူညီပေးတဲ့ ကုလသမဂ္ဂ UNAMA ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ စက်တင်ဘာ ၁၂ ရက်နေအခုချိန်အထိ အာဖဂန်နစ္စတန်နိုင်ငံမှာ လူ့အခွင့်ရေးလှုပ်ရှားသူနဲ့ သတင်းသမား အနည်းဆုံး ၁၁ ဦး အသတ်ခံခဲ့ရတာပါ။

UNAMA က ၂၀၁၈ ကနေ အခုချိန်အထိ ရရှိတဲ့ အချက်လက်တွေကို ဆန်းစစ်ရာမှာ အာဖဂန်နိုင်ငံတွင်း သတ်ဖြတ်မှုပုံစံတွေ သိသိသာသာ ပြောင်းသွားတာ တွေ့ရပြီး အရင်က သတင်းသမားတွေနဲ့ လှု့အခွင့်ရေးလှုပ်ရှားသူတွေဟာ အသေခံဗုံးခွဲတာ ဒါမှမဟုတ် ပေါက်ကွဲမှုတွေလို လူအများအပြား ထိခိုက်တဲ့ ဖြစ်ရပ်တွေ အတွင်းသေဆုံးရတာဖြစ်ပေမယ့် အခုဆို သူတို့ကို တမင်ရည်ရွယ် ပစ်မှတ်ထား တိုက်ခိုက်တာမျိုး တွေ့လာရတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါကြောင့် သတင်းသမား အများအပြားက သတင်းတွေမထုတ်ခင် ကိုယ့်ဟာကိုယ့် အန္တရာယ်ကင်းအောင် တည်းဖြတ်လာကြသလို လူ့အခွင့်ရေးလှုပ်ရှားသူတွေကလည်း သူတို့ ပြောဆိုတဲ့ လေသံကို လျှော့လာကြတာတွေ့ရတယ်လို့ ဆိုပါတယ်။ တချို့ကတော့ သူတို့အလုပ်တွေကို စွန့်သွားတာ၊ နေအိမ်တွေဒါမှမဟုတ် နိုင်ငံကိုပါ စွန့်ခွာ ထွက်သွားတာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

၂၀၁၈ ခုနှစ်ကစပြီး သတင်းသမားနဲ့ လူ့အခွင့်ရေးလှုပ်ရှားသူ ၆၅ ဦး အသတ်ခံခဲ့ရတာပါ။ မနှစ်က ဇန်နဝါရီလကစပြီး အသတ်ခံရသူ ၂၅ ယောက်ရှိပြီး ပြီးခဲ့တဲ့ ၄ လအတွင်း အသတ်ခံရသူက ၁၁ ယောက်ရှိနေပါတယ်။

ဒါကြောင့် အာဖဂန်အစိုးရအနေနဲ့ သတင်းသမားနဲ့ လူ့အခွင့်ရေးလှုပ်ရှားသူတွေ အသက်အန္တရာယ်လုံခြုံမှု ရှိအောင် လုပ်ဆောင်ပေးဖို့၊ ဒီသတ်ဖြတ်မှုတွေ အတွက် သေသေချာချာ စုံစမ်းစစ်ဆေးပေးဖို့နဲ့ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

...........................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG