သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ပေါက်ကွဲမှု သတင်းထောက် ၉ ဦးသေဆုံး


A man looks at himself in a mirror, hidden between mannequins, as he chooses a cap at the clothing market in Minsk, Belarus.
A man looks at himself in a mirror, hidden between mannequins, as he chooses a cap at the clothing market in Minsk, Belarus.

အာဖဂန်နစ္စတန်နိုင်ငံရဲ့မြို့တော် ကာဘူးလ်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ခု မနေ့ကဖြစ်ပွါးခဲ့လို့ သတင်းသမား ၉ဦး အပါ အဝင် အနည်းဆုံးလူ၂၆ဦးသေဆုံးခဲ့ရပါတယ်။ သတင်းသမား၅ဦးအပါအဝင် အနည်းဆုံးလူ၅၀ဆယ်လောက်လည်း ဒဏ် ရာတွေ ရခဲ့တာပါ။

အခုအဖြစ်အပျက်ဟာ အာဖဂန်နစ္စတန်မှာ သတင်းသမားသေဆုံးသူအရေအတွက်အများဆုံးဖြစ်ပြီး IS စစ်သွေးကြွအဖွဲ့ကတော့ ဒါဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ Amaq သတင်းဌာနကတဆင့်ထုတ်ဖေါ်လိုက်ပါတယ်။ AJSC လို့ခေါ်တဲ့ အာဖဂန်သတင်းသမားလုံခြုံရေးကော်မီတီက ဒီလုပ်ရပ်ကိုအပြင်းအထန်ရှုတ်ချလိုက်ပါတယ်။

သေဆုံးခဲ့ တဲ့သတင်းသမားတွေထဲမှာ အမျိုးသမီးသတင်းထောက်၂ဦးပါဝင်ပါတယ်။ ကာဘူးလ်မြို့က AFPဓါတ်ပုံသတင်းထောက်မှုး လည်းသေဆုံးခဲ့တယ်လို့ AFPသတင်းဌာနကအတည်ပြုချက်ပေးပါတယ်။ လွတ်လပ်တဲ့ဥရောပအသံ RFEက အမျိုးသား သတင်းထောက်၂ဦးနဲ့အမျိုးသမီးသတင်းထောက်တဦးတို့လည်းသေဆုံးခဲ့ရပါတယ်။ 1 TV News လို့ခေါ်တဲ့ အာဖဂန်ရုပ် မြင်သံကြားဌာနက ဝန်ထမ်း၂ဦးလည်းသေဆုံးခဲ့ပါတယ်။

အာဖဂန်အာဏာပိုင်တွေနဲ့ မျက်မြင်သက်သေတွေရဲ့ပြောဆို ချက်အရ တနင်္လာနေ့မနက်ပိုင်း လူစည်ကားတဲ့အချိန်မှာ မော်တော်ဆိုင်ကယ်နဲ့လာတဲ့အသေခံဗုံးခွဲသမားက အာဖဂန် ထောက်လှန်းရေးဌာနအနီးမှာ သူ့ကိုယ်သူဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဲဒီနေရာကို ကူညီကယ်ဆယ်ရေးလုပ် သားတွေနဲ့ သတင်းသမားတွေရောက်လာပြီးမိနစ်ပိုင်းအကြာမှာ သတင်းသမားယောင်ဆောင်ထားတဲ့အသေခံဗုံးခွဲသမား က သူ့ခန္တာကိုယ်မှာတပ်ဆင်ထားတဲ့ဖေါက်ခွဲရေးပစ္စည်းတွေကိုဖေါက်ခွဲခဲ့တာပါ။ ဒီဒုတိယဖေါက်ခွဲမှုကြောင့် ထိခိုက်သေဆုံး မှုပိုများခဲ့တာပါ။ RFE ဟာ VOAသတင်းဌာနနဲ့ ဆက်စပ်မှုရှိတဲ့သတင်းဌာနတခုဖြစ်တာကြောင့်လည်း မနေ့ကအဖြစ် အပျက်အပေါ်မှာ ဝမ်းနည်းရတဲ့အကြောင်း VOAက ကြေညာချက်ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG