သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အသေခံဗုံးခွဲမှု သတင်းထောက် ၉ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ၊ Kabul မြို့မှာ အသေခံဗုံး ၂ လုံး ဖောက်ခွဲခဲ့တာကြောင့် သတင်းထောက် ၉ ဦး အပါအဝင် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် သတင်းထောက် ၅ ဦး အပါအဝင် နောက်ထပ် လူ ၅၀ လောက်လည်း ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

အာဖဂန်နိုင်ငံသမိုင်းမှာ သတင်းထောက်တွေ အများဆုံး သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ထုတ်ပြန်တဲ့ Amaq သတင်းဌာကတဆင့် ပြောပါတယ်။ အာဖဂန်သတင်းထောက်များ ဘေးကင်းလုံခြုံရေးကော်မီတီ AJSC ကတော့ သတင်းထောက်တွေ သေဆုံး၊ ဒဏ်ရာတာကို အတည်ပြု ပြောကြားလိုက်ပြီး ဒီ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

လွတ်လပ်တဲ့ ဥရောပအသံ RFE က သတင်းထောက် Maharram Durrani အပါအဝင် အမျိုသမီး သတင်းထောက် ၂ ဦးလည်း သေဆုံးသူတွေထဲမှာ ပါဝင်ပါတယ်။ RFE အသံလွှင့်ဌာနက တခြား အမျိုးသား ၂ ဦးလည်း သေဆုံးတဲ့အထဲ ပါသွားခဲ့သလို ပြင်သစ် သတင်းဌာန AFP ကလည်း သူတိုရဲ့ Kabul မြို့က ဓါတ်ပုံ သတင်းထောက်ချုပ် Shah Marai လည်း သေဆုံးသွားကြောင်း အတည်ပြု ပြောဆိုပါတယ်။

တနင်္လာနေ့က တိုက်ခိုက်မှုအတွင်း အာဖဂန်နိုင်ငံက နံမည်ကြီး 1 TV သတင်းဌာနကလည်း သူတို့ရဲ့ ဝန်ထမ်း ၂ ဦး သေဆုံးသူတွေထဲမှာ ပါဝင်ကြောင်း အတည်ပြု ပြောဆိုပါတယ်။ တနင်္လာနေ့ မနက်ပိုင်း ရုံးတက်ချိန်မှာ အသေခံ ဖောက်ခွဲရေးသမားက မော်တော်ဆိုင်ကယ်နဲ့ အာဖဂန် ထောက်လှမ်းရေးဌာန ရုံးချုပ်နားမှာ အသေခံ ဖောက်ခွဲခဲ့တာလို့ မျက်မြင် သက်သေတွေနဲ့ အာဖဂန်အာဏာပိုင်တွေက ပြောပါတယ်။ ပထမ ပေါက်ကွဲမှုအတွက် ကယ်ဆယ်ရေး လုပ်နေကြသူတွေထံကို သတင်းထောက် အယောင်ဆောင်ထားသူက နောက်ထပ် အသေခံဗုံး ဖောက်ခွဲခဲ့တာလို့ Kabul မြို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG