သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္နစၥတန္ၿမိဳ႕ေတာ္ ဗုံးေပါက္ကဲြမႈ ၃၀ ထက္မနည္းေသ


ကာဘူးလ္ၿမိဳ႕မွာ ဗုံးေပါက္ကြဲမႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူေတြကို ေဆး႐ုံပုိ႔ေဆာင္ဖို႔ ျပင္ဆင္ေနတဲ့ျမင္ကြင္း။ (ေမ ၈၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏုိင္ငံ ၿမိဳ႕ေတာ္ ကာဘူးလ္က မိန္းကေလးေက်ာင္းတခုအနီး စေနေန႔က အင္အားျပင္းဗံုး ေပါက္ကြဲတာေၾကာင့္ အနည္းဆံုး လူ ၃၀ ေသဆံုးၿပီး ၅၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။

ကာဘူးလ္ၿမိဳ႕ေတာ္ရဲ႕ ရွီယာမြတ္စလင္ေတြ အမ်ားစုေနထိုင္ရာ Dasht-e-Barchi ရပ္ကြက္တြင္း စေနေန႔ ညေနပိုင္းမွာ ဗံုးေပါက္ကြဲခဲ့တာပါ။

ေပါက္ကြဲမႈ ဒဏ္သင့္သူေတြထဲမွာ ေက်ာင္းသားလူငယ္ေတြ အမ်ားစုပါဝင္ေၾကာင္း အာဖဂန္ ျပည္ထဲေရးဝန္ႀကီးဌာန ေျပာခြင့္ရ Tariq Arian က ေျပာပါတယ္။ ေသဆံုးသူ အေရအတြက္ တိုးလာႏုိင္ေၾကာင္းလည္း ေျပာပါတယ္။ ဒဏ္ရာရသူ အနည္းဆံုး ၅၂ ဦးကို ေဆး႐ုံပို႔ထားေၾကာင္းလည္း ေျပာပါတယ္။

ေက်ာင္းဆင္းခ်ိန္မွာ ေပါက္ကြဲမႈျဖစ္ခဲ့ေၾကာင္း ေပါက္ကြဲမႈအတြင္း ဒဏ္ရာရခဲ့သူ ေက်ာင္းသူ Zahra က ေျပာပါတယ္။

“ေက်ာင္းဆင္းလို႔ သူငယ္ခ်င္းျဖစ္သူနဲ႔အတူ ေက်ာင္းကေန ထြက္လာခ်ိန္မွာ ႐ုတ္တရက္ ေပါက္ကြဲခဲ့တာပါ။ ေနာက္ ဆယ္မိနစ္ေလာက္အၾကာမွာ မိနစ္ပိုင္းျခားၿပီး ၂ ႀကိမ္ဆက္တိုက္ ေပါက္ကြဲခဲ့ေၾကာင္း” သူက ေျပာခဲ့တာပါ။

အစိုးရဘက္က လံုၿခံဳေရး ေကာင္းေကာင္း မေဆာင္ရြက္ႏုိင္တဲ့အေပၚ စိတ္ဆိုးေနၾကတဲ့ ရပ္ကြက္ထဲက လူေတြက အေရးေပၚကားေတြကိုပါ တိုက္ခိုက္ ရန္မူၾကတာေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းေတြလည္း အဟန္႔အတား ျဖစ္ခဲ့ေၾကာင္း မ်က္ျမင္ေတြ႔သူေတြက ေျပာပါတယ္။

အေသခံ ဗံုးခြဲသမားက တိုက္ခိုက္ခဲ့မႈလား၊ ဒါမွမဟုတ္လည္း ေထာင္ထားတဲ့ဗံုး ေပါက္ကြဲတာလား ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးသလို ဘယ္အဖြဲ႔ကမွလည္း သူတို႔လက္ခ်က္ဆိုတာကို ဝန္ခံေျပာဆိုထားတာ မရွိေသးပါဘူး။

အာဖဂန္ အရပ္သားေတြအေပၚ တိုက္ခုိက္မႈကို တာလီဘန္အဖြဲ႔က ႐ႈတ္ခ်ေၾကာင္း ေျပာဆိုတဲ့ တာလီဘန္ ေျပာခြင့္ရကေတာ့ အခုတိုက္ခုိက္မႈမွာ သူတို႔ ပတ္သက္မႈမရွိေၾကာင္း ေျပာဆိုထားပါတယ္။

အခုတိုက္ခုိက္မႈမွာ ရက္စက္ၾကမ္းၾကဳတ္ၿပီး ရြံရွာစက္ဆုပ္ဖြယ္ျဖစ္ေၾကာင္း အာဖဂန္ဆိုင္ရာ ကုလသမဂၢ႐ုံးက ေျပာဆို ႐ႈတ္ခ်ပါတယ္။

အာဖဂန္ဆိုင္ရာ အေမရိကန္ ယာယီသံအမတ္ႀကီး Ross Wilson ကလည္း စေနေန႔က အၾကမ္းဖက္ဝါဒစြဲ တိုက္ခုိက္မႈဟာ စက္ဆုပ္ဖြြယ္လုပ္ရပ္အျဖစ္ ႐ႈတ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အာဖဂန်နစ္စတန်မြို့တော် ဗုံးပေါက်ကွဲမှု ၃၀ ထက်မနည်းသေ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်က မိန်းကလေးကျောင်းတခုအနီး စနေနေ့က အင်အားပြင်းဗုံး ပေါက်ကွဲတာကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ကာဘူးလ်မြို့တော်ရဲ့ ရှီယာမွတ်စလင်တွေ အများစုနေထိုင်ရာ Dasht-e-Barchi ရပ်ကွက်တွင်း စနေနေ့ ညနေပိုင်းမှာ ဗုံးပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲမှု ဒဏ်သင့်သူတွေထဲမှာ ကျောင်းသားလူငယ်တွေ အများစုပါဝင်ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Tariq Arian က ပြောပါတယ်။ သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်းလည်း ပြောပါတယ်။ ဒဏ်ရာရသူ အနည်းဆုံး ၅၂ ဦးကို ဆေးရုံပို့ထားကြောင်းလည်း ပြောပါတယ်။

ကျောင်းဆင်းချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သူ ကျောင်းသူ Zahra က ပြောပါတယ်။

“ကျောင်းဆင်းလို့ သူငယ်ချင်းဖြစ်သူနဲ့အတူ ကျောင်းကနေ ထွက်လာချိန်မှာ ရုတ်တရက် ပေါက်ကွဲခဲ့တာပါ။ နောက် ဆယ်မိနစ်လောက်အကြာမှာ မိနစ်ပိုင်းခြားပြီး ၂ ကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့ကြောင်း” သူက ပြောခဲ့တာပါ။

အစိုးရဘက်က လုံခြုံရေး ကောင်းကောင်း မဆောင်ရွက်နိုင်တဲ့အပေါ် စိတ်ဆိုးနေကြတဲ့ ရပ်ကွက်ထဲက လူတွေက အရေးပေါ်ကားတွေကိုပါ တိုက်ခိုက် ရန်မူကြတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း အဟန့်အတား ဖြစ်ခဲ့ကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အသေခံ ဗုံးခွဲသမားက တိုက်ခိုက်ခဲ့မှုလား၊ ဒါမှမဟုတ်လည်း ထောင်ထားတဲ့ဗုံး ပေါက်ကွဲတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးသလို ဘယ်အဖွဲ့ကမှလည်း သူတို့လက်ချက်ဆိုတာကို ဝန်ခံပြောဆိုထားတာ မရှိသေးပါဘူး။

အာဖဂန် အရပ်သားတွေအပေါ် တိုက်ခိုက်မှုကို တာလီဘန်အဖွဲ့က ရှုတ်ချကြောင်း ပြောဆိုတဲ့ တာလီဘန် ပြောခွင့်ရကတော့ အခုတိုက်ခိုက်မှုမှာ သူတို့ ပတ်သက်မှုမရှိကြောင်း ပြောဆိုထားပါတယ်။

အခုတိုက်ခိုက်မှုမှာ ရက်စက်ကြမ်းကြုတ်ပြီး ရွံရှာစက်ဆုပ်ဖွယ်ဖြစ်ကြောင်း အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောဆို ရှုတ်ချပါတယ်။

အာဖဂန်ဆိုင်ရာ အမေရိကန် ယာယီသံအမတ်ကြီး Ross Wilson ကလည်း စနေနေ့က အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုဟာ စက်ဆုပ်ဖွယ်လုပ်ရပ်အဖြစ် ရှုတ်ချထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG