သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နဲ့ မဟာမိတ်တပ်တွေ ရုပ်သိမ်းပြီးနောက် အာဖဂန် အန္တရာယ် ကျရောက်နိုင် (NATO အကြီးအကဲ)


နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg
နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg

(Zawgyi/Unicode)

အာဖဂန်မှာ အမေရိကန်နဲ့ ညွန့်ပေါင်း တပ်ဖွဲ့ တွေ အပြီးတိုင် ရုပ်သိမ်း သွားပြီးတဲ့နောက် ၊ အာဖဂန်အစိုးရနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အောင်မြင်လိမ့်မယ် ဒါမှမဟုတ် ဆက်လက် ရှင်သန်နိုင်လိမ့်မယ်ဆိုတာ အာမခံချက် မရှိဘူးလို့ နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြား လိုက်ပါတယ်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ၊ အိမ်ဖြူတော်တို့နဲ့ မတွေ့ဆုံခင် တနင်္လာနေ့က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် တပ်တွေ ရုပ်သိမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အန္တရာယ်တွေ ကျရောက်နိုင်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှ ဒေသတွေမှာ အမေရိကန်တပ်တွေကို ကြီးကြပ်ရတဲ့ (CENTCOM) ခေါ် အမေရိကန် ဗဟိုစစ်ဌာနချုပ်ကတော့ အာဖဂန်က အမေရိကန်တပ်တွေ ရုပ်သိမ်းရေးဟာ ခရီးတဝက် ရောက်လုနီးပါး ဖြစ်နေပြီး ၊ နောက်ဆုံးကျန်တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ၊ အရပ်သား အမှုထမ်းတွေ ၊ စက်ယန္တရားတွေကို စက်တင်ဘာ လဆန်းပိုင်း နောက်ဆုံးထားပြီး ထွက်ခွာမယ်လို့ ပြောပါတယ်။

သိပ်မကြာသေးခင် နှစ်တွေက နေတိုးအဖွဲ့ အနေနဲ့ အာဖဂန်မှာ တပ်ဖွဲ့ဝင် တသိန်း ကျော် ထားရှိခဲ့ပြီး ၊ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေကို တည်ထောင် လေ့ကျင့် ပေးနိုင်ခဲ့ သလို ၊ အခုအခါမှာတော့ သူတို့ နိုင်ငံတွေကိုသူတို့ တာဝန်ယူကာကွယ်ရမှာဖြစ်တယ်လို့ Jens Stoltenberg က ပြော ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လ အမေရိကန်တပ်ဖွဲ့ တွေ စတင် ရုပ်သိမ်းချိန်ကစလို့ တာလီဘန်တပ်ဖွဲ့တွေဟာ အနည်းဆုံး ခရိုင်(၇)ခုကို သိမ်းပိုက်ထားခဲ့ပြီး ၊ အချို့ဒေသ တွေဆိုရင် ခုခံမှု လုံးဝမရှိပဲ လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်



...........


(Unicode)






XS
SM
MD
LG