သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ မဟာမိတ်တွေနဲ့ လက်တွဲပြီး ရုရှားကိုရင်ဆိုင်မည် (သမ္မတ ဘိုင်ဒန်)


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။ (ဇွန် ၄၊ ၂၀၂၁)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။ (ဇွန် ၄၊ ၂၀၂၁)

(Zawgyi / Unicode)

ရုရှားကိုဆန့်ကျင်မယ့် ကိစ္စမှာ အမေရိကန်ဟာ ဥရောပ မဟာမိတ်တွေနဲ့အတူ ရပ်တည်သွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က သူ့သမ္မတသက်တမ်းအတွင်း ရုရှားသမ္မတ ပူတင်နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ ရက်ပိုင်းအလိုမှာပဲ ပြောကြားလိုက်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် သမ္မတ ဘိုင်ဒန် ဥရောပကို ခရီးထွက်မှာဖြစ်ပြီး G-7 နဲ့ NATO ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်မှာဖြစ်သလို ရုရှားသမ္မတနဲ့ ဂျီနီဗာမှာ ဇွန်လ ၁၆ ရက်နေ့ တွေ့ဆုံဖို့ ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်-ရုရှား နှစ်နိုင်ငံကြား ကြီးမားတဲ့ ပြဿနာတွေ ကြုံခဲ့ရပြီး အက်တာနက် ခိုးဝင်ဖောက်ထွင်းမှု အပါအဝင် လူ့အခွင့်အရေးကိစ္စနဲ့ ရွေးကောက်ပွဲ ကြားဝင်နှောင့်ယှက်မှုတွေအပေါ် တင်းမာခဲ့ကြပြီးနောက်မှာ ခေါင်းဆောင်နှစ်ဦး အခုလို တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

စနေနေ့တုန်းက Washington Post သတင်းစာထဲ သမ္မတ ဂျိုးဘိုင်ဒန်က သူ့ထင်မြင်ယူဆချက် ဆောင်းပါးကို ရေးသားရာမှာတော့ ရုရှားနဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေချိန်မှာ သူ့ ဒီမိုကရက်တစ် မဟာမိတ်တွေနဲ့အတူ အမေရိကန်က ရပ်တည်သွားမယ်ဆိုတာကို ကတိပြု ရေးသားခဲ့တာပါ။

အန္တရာယ်ပြုလာမယ့် လှုပ်ရှားမှုတွေ ရှိလာခဲ့ရင် သူ့ဘက်က လက်တုံ့ပြန်ဖို့ နှောင့်နှေးနေမှာ မဟုတ်ဘူး ဆိုတာကို သမ္မတပူတင် သိပါတယ်လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ အမေရိကန်အနေနဲ့ ဥရောပနိုင်ငံတို့လို သဘောထားချင်း တူညီတဲ့ ဒီမိုကရေစီနိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာအတွက် ရပ်တည်သွားမယ် ဆိုတာကို သမ္မတ ပူတင်နဲ့ တွေ့တဲ့အခါ ထပ်လောင်း ပြောကြားမယ်လို့ သူက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)







XS
SM
MD
LG