သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္က ႐ုရွားကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းဟု ႐ုရွားသမၼတ စြပ္စဲြ


႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္။ (ႏုိဝင္ဘာ ၂၊ ၂၀၁၈)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုဟာ ႐ုရွားႏုိင္ငံကို ဟန္႔တားထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတယ္လုိ႔ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္က စြပ္စြဲေျပာဆိုသလို ဇန္နဝါရီလ ၆ ရက္ေန႔က အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ကို လူအုပ္စုက တိုက္ခိုက္တဲ့အေပၚ ကိုင္တြယ္ပံုဟာ အေနာက္ႏုိင္ငံေတြရဲ႕ လိုရင္လိုသလို မလိုရင္ မလိုသလို လုပ္တတ္တဲ့ သေဘာထားကို ျပေနတယ္လုိ႔လည္း ေျပာပါတယ္။

လာမယ့္ ဇြန္လ ၁၆ ရက္ေန႔က်ရင္ အေမရိကန္သမၼတ ဂ်ဳိးဘုိင္ဒန္နဲ႔ ဂ်ီနီဗာၿမိဳ႕မွာ ေတြ႔ဆံုေဆြးေႏြးဖို႔ ရွိေနခ်ိန္မွာပဲ သမၼတပူတင္ဘက္က အခုလုိ တင္းမာတဲ့ေလသံနဲ႔ ေသာၾကာေန႔မွာ ေျပာဆိုခဲ့တာပါ။

လက္နက္ထိန္းခ်ဳပ္ေရး၊ ကမာၻလံုးဆိုင္ရာ ပဋိပကၡေတြ၊ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါအေရးနဲ႔ ဥတုရာသီ ေျပာင္းလဲမႈ အေရးကိစၥေတြဟာ သူနဲ႔ သမၼတဘိုင္ဒန္တို႔ ေဆြးေႏြးၾကမယ့္ ကိစၥရပ္ေတြထဲမွာ ပါဝင္တယ္လုိ႔ စိန္႔ပီတာစဘာ့ဂ္ၿမိဳ႕မွာလုပ္တဲ့ စီးပြားေရးရာ ေဆြးေႏြးပြဲတခုအတြင္း သမၼတပူတင္က ေျပာသြားပါတယ္။

"သိပ္ကိုနိမ့္က်ေနတဲ့ က်ေနာ္တို႔ၾကား ဆက္ဆံေရး ေျပလည္မႈရေစမယ့္ နည္းလမ္းေတြကို က်ေနာ္တို႔ ရွာဖို႔လိုအပ္ပါတယ္" လို႔ သမၼတပူတင္က ေျပာပါတယ္။

"က်ေနာ္တို႔က အေမရိကန္နဲ႔ ဘာျပႆနာမွ မရွိပါဘူး။ သူတို႔ဘက္မွာပဲ က်ေနာ္တို႔နဲ႔ပတ္သက္ၿပီး ျပႆနာရွိေနတာပါ။ က်ေနာ္တို႔ရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈကို သူတုိ႔က ဟန္႔တားထိန္းခ်ဳပ္ခ်င္ၿပီး လူသိရွင္ၾကားလည္း ေျပာထားတာပါ။ ႐ုရွားႏုိင္ငံတြင္းက သူတို႔မဟာမိတ္ေတြလို႔ သတ္မွတ္သူေတြရဲ႕ အားကိုယူၿပီး စီးပြားေရးအရ ကန္႔သတ္တာေတြနဲ႔ က်ေနာ္တို႔ ျပည္တြင္းႏုိင္ငံေရးကို ၾသဇာလႊမ္းမိုးဖို႔ လုပ္ေနပါတယ္" လို႔လည္း သမၼတပူတင္က ေျပာပါတယ္။

လာမယ့္ ထိပ္သီးအစည္းအေဝးကေန ႏွစ္ႏုိင္ငံၾကား တင္းမာေနတာ ေျပေလ်ာ့ေစေရး အေထာက္အကူျဖစ္ေစဖို႔ သူေမွ်ာ္လင့္ထားေၾကာင္း သမၼတပူတင္က ဆိုပါတယ္။

၂၀၁၄ ခုႏွစ္မွာ ယူကရိန္းႏုိင္ငံ၊ Crimea ကၽြန္းဆြယ္ကို ႐ုရွားက သူပိုင္နယ္အျဖစ္ သိမ္းသြင္းလိုက္တာ၊ အေမရိကန္နဲ႔ တျခားအေနာက္ႏုိင္ငံေတြက ေရြးေကာက္ပြဲေတြကို ႐ုရွားက ဝင္ေႏွာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ႐ုရွားႏုိင္ငံမွာ အစျပဳ လုပ္ေဆာင္တယ္လုိ႔ အေမရိကန္ တာဝန္ရွိသူေတြက စြပ္စြဲထားတဲ့ ဆိုင္ဘာတိုက္ခိုက္မႈေတြေၾကာင့္ စစ္ေအးကာလေနာက္ပိုင္း အေမရိကန္နဲ႔ ႐ုရွားႏုိင္ငံၾကား ဆက္ဆံေရးဟာ အနိမ့္ဆံုးအဆင့္ကို ေရာက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အမေရိကန်က ရုရှားကို ထိန်းချုပ်ဖို့ ကြိုးပမ်းဟု ရုရှားသမ္မတ စွပ်စွဲ

အမေရိကန်ပြည်ထောင်စုဟာ ရုရှားနိုင်ငံကို ဟန့်တားထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က စွပ်စွဲပြောဆိုသလို ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် ကွန်ဂရက်လွှတ်တော်ကို လူအုပ်စုက တိုက်ခိုက်တဲ့အပေါ် ကိုင်တွယ်ပုံဟာ အနောက်နိုင်ငံတွေရဲ့ လိုရင်လိုသလို မလိုရင် မလိုသလို လုပ်တတ်တဲ့ သဘောထားကို ပြနေတယ်လို့လည်း ပြောပါတယ်။

လာမယ့် ဇွန်လ ၁၆ ရက်နေ့ကျရင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျီနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေချိန်မှာပဲ သမ္မတပူတင်ဘက်က အခုလို တင်းမာတဲ့လေသံနဲ့ သောကြာနေ့မှာ ပြောဆိုခဲ့တာပါ။

လက်နက်ထိန်းချုပ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေ၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအရေးနဲ့ ဥတုရာသီ ပြောင်းလဲမှု အရေးကိစ္စတွေဟာ သူနဲ့ သမ္မတဘိုင်ဒန်တို့ ဆွေးနွေးကြမယ့် ကိစ္စရပ်တွေထဲမှာ ပါဝင်တယ်လို့ စိန့်ပီတာစဘာ့ဂ်မြို့မှာလုပ်တဲ့ စီးပွားရေးရာ ဆွေးနွေးပွဲတခုအတွင်း သမ္မတပူတင်က ပြောသွားပါတယ်။

"သိပ်ကိုနိမ့်ကျနေတဲ့ ကျနော်တို့ကြား ဆက်ဆံရေး ပြေလည်မှုရစေမယ့် နည်းလမ်းတွေကို ကျနော်တို့ ရှာဖို့လိုအပ်ပါတယ်" လို့ သမ္မတပူတင်က ပြောပါတယ်။

"ကျနော်တို့က အမေရိကန်နဲ့ ဘာပြဿနာမှ မရှိပါဘူး။ သူတို့ဘက်မှာပဲ ကျနော်တို့နဲ့ပတ်သက်ပြီး ပြဿနာရှိနေတာပါ။ ကျနော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့က ဟန့်တားထိန်းချုပ်ချင်ပြီး လူသိရှင်ကြားလည်း ပြောထားတာပါ။ ရုရှားနိုင်ငံတွင်းက သူတို့မဟာမိတ်တွေလို့ သတ်မှတ်သူတွေရဲ့ အားကိုယူပြီး စီးပွားရေးအရ ကန့်သတ်တာတွေနဲ့ ကျနော်တို့ ပြည်တွင်းနိုင်ငံရေးကို သြဇာလွှမ်းမိုးဖို့ လုပ်နေပါတယ်" လို့လည်း သမ္မတပူတင်က ပြောပါတယ်။

လာမယ့် ထိပ်သီးအစည်းအဝေးကနေ နှစ်နိုင်ငံကြား တင်းမာနေတာ ပြေလျော့စေရေး အထောက်အကူဖြစ်စေဖို့ သူမျှော်လင့်ထားကြောင်း သမ္မတပူတင်က ဆိုပါတယ်။

၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံ၊ Crimea ကျွန်းဆွယ်ကို ရုရှားက သူပိုင်နယ်အဖြစ် သိမ်းသွင်းလိုက်တာ၊ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေက ရွေးကောက်ပွဲတွေကို ရုရှားက ဝင်နှောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရုရှားနိုင်ငံမှာ အစပြု လုပ်ဆောင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက စွပ်စွဲထားတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကြောင့် စစ်အေးကာလနောက်ပိုင်း အမေရိကန်နဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG