(Zawgyi / Unicode)
ဒုတိယကမၻာစစ္အတြင္း နာဇီဂ်ာမနီကို ေအာင္ႏုိင္ျခင္း အထိမ္းအမွတ္အျဖစ္ တနဂၤေႏြေန႔က ႐ုရွားႏုိင္ငံတလႊား က်င္းပခဲ့တဲ့ စစ္ေရးျပ အခမ္းအနားမွာေတာ့ ႐ုရွားက သူ႔ရဲ႕စစ္အင္အား ဘယ္ေလာက္ရွိတယ္ဆုိတာကို ျပသလုိက္ပါတယ္။
ေမာ္စကိုၿမဳိ႕ ရင္ျပင္နီမွာ က်င္းပတဲ့ စစ္ေရးျပအခမ္းအနားမွာေတာ့ စစ္သည္အင္အား ၁၂,၀၀၀ နဲ႔အတူ တိုက္ခ်င္းပစ္ဒုံးက်ည္ေတြ အပါအဝင္ စစ္လက္နက္ပစၥည္းႀကီးငယ္ အနည္းဆုံး ၂၀၀ နဲ႔ ခ်ီတက္ျပသခဲ့သလို စစ္ေလယာဥ္နဲ႔ ဟယ္လီေကာ္ပတာေတြပါ ေကာင္းကင္ထက္ ပ်ံဝဲျပသခဲ့ပါတယ္။ ဒီ အထိမ္းအမွတ္ အခမ္းအနားကို ႐ုရွားသမၼတပူတင္က ဆုိဗီယက္ေခတ္ စစ္မႈထမ္းေဟာင္းေတြနဲ႔အတူ တက္ေရာက္ခဲ့ပါတယ္။
သမၼတပူတင္ဟာ သူအာဏာရလာတဲ့ အႏွစ္ ၂၀ ကာလအတြင္း သမၼတအျဖစ္နဲ႔ေရာ ဝန္ႀကီးခ်ဳပ္အျဖစ္နဲ႔ပါ ယခင္ ဆိုဗီယက္ေခတ္ ႐ုရွားေတြမွာရွိခဲ့တဲ့ မ်ဳိးခ်စ္စိတ္ဓာတ္ကုိ ျပန္လည္ျမႇင့္တင္ႏိုင္ဖို႔ ႀကဳိးပမ္းလာခဲ့တာပါ။
မဟာမိတ္ေတြက နာဇီဂ်ာမနီကို ေအာင္ႏုိင္ျခင္း ၇၆ ႏွစ္ေျမာက္ အခမ္းအနားမွာ ပူတင္က ႐ုရွားအေနနဲ႔ အမ်ဳိးသားအက်ဳိးစီးပြားနဲ႔ ျပည္သူလူထုကို ကာကြယ္သြားမွာျဖစ္သလို ႐ုရွားအေပၚ မုန္းတီး ဆန္႔က်င္မႈကိုလည္း လူသိရွင္ၾကား ႐ႈတ္ခ်တယ္လို႔ ေျပာသြားပါတယ္။
႐ုရွားႏုိင္ငံတြင္း အတုိက္အခံ ႏိုင္ငံေရးသမား Aleksei Navalny ကို ေထာင္ခ်ထားမႈကေန အေမရိကန္နဲ႔ သံတမန္ေရးတင္းမာမႈ၊ ယူကရိန္း ပဋိပကၡေတြအထိ အေနာက္ႏိုင္ငံေတြနဲ႔ ႐ုရွားၾကား ဆက္ဆံေရး တင္းမာေနခ်ိန္မွာ သမၼတပူတင္က သူ႔မိန္႔ခြန္းထဲ အခုလို ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။
----------------------
(Unicode)
နာဇီဂျာမနီကို အောင်မြင်တဲ့ အထိမ်းအမှတ်နေ့ ရုရှား စစ်အင်အားပြ
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့က ရုရှားနိုင်ငံတလွှား ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်းအနားမှာတော့ ရုရှားက သူ့ရဲ့စစ်အင်အား ဘယ်လောက်ရှိတယ်ဆိုတာကို ပြသလိုက်ပါတယ်။
မော်စကိုမြို့ ရင်ပြင်နီမှာ ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားမှာတော့ စစ်သည်အင်အား ၁၂,၀၀၀ နဲ့အတူ တိုက်ချင်းပစ်ဒုံးကျည်တွေ အပါအဝင် စစ်လက်နက်ပစ္စည်းကြီးငယ် အနည်းဆုံး ၂၀၀ နဲ့ ချီတက်ပြသခဲ့သလို စစ်လေယာဉ်နဲ့ ဟယ်လီကော်ပတာတွေပါ ကောင်းကင်ထက် ပျံဝဲပြသခဲ့ပါတယ်။ ဒီ အထိမ်းအမှတ် အခမ်းအနားကို ရုရှားသမ္မတပူတင်က ဆိုဗီယက်ခေတ် စစ်မှုထမ်းဟောင်းတွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
သမ္မတပူတင်ဟာ သူအာဏာရလာတဲ့ အနှစ် ၂၀ ကာလအတွင်း သမ္မတအဖြစ်နဲ့ရော ဝန်ကြီးချုပ်အဖြစ်နဲ့ပါ ယခင် ဆိုဗီယက်ခေတ် ရုရှားတွေမှာရှိခဲ့တဲ့ မျိုးချစ်စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်နိုင်ဖို့ ကြိုးပမ်းလာခဲ့တာပါ။
မဟာမိတ်တွေက နာဇီဂျာမနီကို အောင်နိုင်ခြင်း ၇၆ နှစ်မြောက် အခမ်းအနားမှာ ပူတင်က ရုရှားအနေနဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ပြည်သူလူထုကို ကာကွယ်သွားမှာဖြစ်သလို ရုရှားအပေါ် မုန်းတီး ဆန့်ကျင်မှုကိုလည်း လူသိရှင်ကြား ရှုတ်ချတယ်လို့ ပြောသွားပါတယ်။
ရုရှားနိုင်ငံတွင်း အတိုက်အခံ နိုင်ငံရေးသမား Aleksei Navalny ကို ထောင်ချထားမှုကနေ အမေရိကန်နဲ့ သံတမန်ရေးတင်းမာမှု၊ ယူကရိန်း ပဋိပက္ခတွေအထိ အနောက်နိုင်ငံတွေနဲ့ ရုရှားကြား ဆက်ဆံရေး တင်းမာနေချိန်မှာ သမ္မတပူတင်က သူ့မိန့်ခွန်းထဲ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။