သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Biden နဲ႔ သမၼတ Putin ဇြန္လလယ္မွာ ေတြ႔ဆံုဖြယ္ရွိ


မွတ္တမ္းဓါတ္ပံု- ၂၀၁၁ မတ္လတုန္းက ေမာ္စကိုမွာ လက္ရွိ ကန္ သမၼတ Biden နဲ႔ သမၼတ Putin တို႔ ေတြ႔ဆံုစဥ္

(Zawgyi/Unicode)

အေမရိကန္နဲ႔ ႐ုရွားႏိုင္ငံၾကား သေဘာထားကဲြစရာ ကိစၥေတြ ေပၚေပါက္ေနခ်ိန္မွာပဲ အေမရိကန္သမၼတ Joe Biden နဲ႔ ႐ုရွားသမၼတ Vladimir Putin တို႔ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာ ေရွ႕လထဲ လူကိုယ္တိုင္ ေတြ႕ဆုံဖို႔ ရွိေနပါတယ္။

စက္မႈထိပ္သီး ၇ ႏိုင္ငံ G7 အဖဲြ႕ရဲ႕ ၿဗိတိန္ႏိုင္ငံက အစည္းအေ၀းနဲ႔ ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖဲြ႕ (NATO) ရဲ႕ ဘယ္လ္ဂ်ီယံႏိုင္ငံ၊ ဘရပ္ဆဲလ္ၿမိဳ႕ေတာ္က အစည္းအေ၀းပဲြေတြ တက္ေရာက္ဖို႔ စီစဥ္ထားတဲ့ သမၼတ ဘိုင္ဒင္ရဲ႕ ပထမဆုံး ႏိုင္ငံတကာ ခရီးစဥ္မွာ ႐ုရွားသမၼတနဲ႔ပါ ဇြန္လ ၁၆ ရက္ေန႔ ေတြ႕ဆုံဖို႔ ျဖည့္စြက္ စီစဥ္ခဲ့တာ ျဖစ္ေၾကာင္းလည္း အိမ္ျဖဴေတာ္က အဂၤါေန႔မွာ ေျပာဆိုလိုက္တာပါ။

“အေမရိကန္နဲ႔ ႐ုရွား ဆက္ဆံေရးမွာ ႀကိဳတင္ခန္႔မွန္း တြက္ခ်က္ႏိုင္ၿပီး၊ တည္ၿငိမ္မႈရွိတဲ့ အေျခအေနမ်ဳိး ျပန္ေရာက္ဖို႔ အေမရိကန္က လိုလားေနတာေၾကာင့္ ေခါင္းေဆာင္ ၂ ေယာက္ ေတြ႕ဆုံရာမွာ အေရးႀကီးတဲ့ကိစၥ ေတာ္ေတာ္မ်ားမ်ားကို ေဆြးေႏြးမွာ ျဖစ္ပါတယ္။” လို႔ အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki က အဂၤါေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုသြားပါတယ္။

သမၼတ ဘိုင္ဒင္ အစိုးရ ၃ လ သက္တမ္းအတြင္း ဒုတိယအႀကိမ္အျဖစ္ ႐ုရွားအစိုးရ တာ၀န္ရွိသူေတြကို အေမရိကန္ အေရးယူဒဏ္ခတ္ဖို႔ စီစဥ္ေနခ်ိန္ ဧၿပီလထဲမွာတုန္းက ႐ုရွား သမၼတနဲ႔ တယ္လီဖုန္းဆက္ စကားေျပာခဲ့တဲ့ အခ်ိန္မွာ သမၼတဘိုင္ဒင္က ေတြ႕ဆုံဖို႔ ပထမဆုံးအႀကိမ္ ကမ္းလွမ္းခဲ့တာပါ။

သမၼတဘိုင္ဒင္ဟာ ႐ုရွားသမၼတနဲ႔ ဆက္ဆံရာမွာေတာ့ သမၼတေဟာင္း Donald Trump နဲ႔ေတာ့ မတူပါဘူး။ သမၼတေဟာင္း Trump ကေတာ့ ၂၀၁၆ အေမရိကန္သမၼတေရြးေကာက္ပဲြမွာ သူအႏိုင္ရေအာင္ ႐ုရွားက ကူညီခဲ့တယ္လို႔ဆိုတဲ့ စြပ္စဲြခ်က္ကို မၾကာခဏ ပယ္ခ်ေလ့ရွိပါတယ္။ သမၼတ ဘိုင္ဒင္ကေတာ့ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပဲြမွာ ႐ုရွားေတြ ၾကား၀င္စြက္ဖက္မႈ ရွိခဲ့တယ္ဆိုၿပီး ေထာက္လွမ္းေရး သတင္းေတြကို အေျခခံ စြပ္စဲြခဲ့တာပါ။ ဒါေပမဲ့လည္း သမၼတဘိုင္ဒင္ တာ၀န္ယူၿပီး သိပ္မၾကာခင္မွာပဲ ႏ်ဴကလီးယားလက္နက္ ထိန္းခ်ဳပ္ေရး ၂ ႏိုင္ငံသေဘာတူညီခ်က္ သက္တမ္းကုန္ေနတာကို ၅ ႏွစ္ သက္တမ္းတိုးဖို႔ ႐ုရွားသမၼတနဲ႔ သေဘာတူခဲ့ၾကပါတယ္။

သမၼတ Biden နဲ႔ သမၼတ Putin ဇြန္လလယ္မွာ ေတြ႔ဆံုဖြယ္ရွိ
please wait

No media source currently available

0:00 0:01:46 0:00
တိုက္႐ိုက္ လင့္ခ္


...........

သမ္မတ Biden နဲ့ သမ္မတ Putin ဇွန်လလယ်မှာ တွေ့ဆုံဖွယ်ရှိ
(Unicode)

အမေရိကန်နဲ့ ရုရှားနိုင်ငံကြား သဘောထားကွဲစရာ ကိစ္စတွေ ပေါ်ပေါက်နေချိန်မှာပဲ အမေရိကန်သမ္မတ Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ရှေ့လထဲ လူကိုယ်တိုင် တွေ့ဆုံဖို့ ရှိနေပါတယ်။

စက်မှုထိပ်သီး ၇ နိုင်ငံ G7 အဖွဲ့ရဲ့ ဗြိတိန်နိုင်ငံက အစည်းအဝေးနဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ရဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်က အစည်းအဝေးပွဲတွေ တက်ရောက်ဖို့ စီစဉ်ထားတဲ့ သမ္မတ ဘိုင်ဒင်ရဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ်မှာ ရုရှားသမ္မတနဲ့ပါ ဇွန်လ ၁၆ ရက်နေ့ တွေ့ဆုံဖို့ ဖြည့်စွက် စီစဉ်ခဲ့တာ ဖြစ်ကြောင်းလည်း အိမ်ဖြူတော်က အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

“အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးမှာ ကြိုတင်ခန့်မှန်း တွက်ချက်နိုင်ပြီး၊ တည်ငြိမ်မှုရှိတဲ့ အခြေအနေမျိုး ပြန်ရောက်ဖို့ အမေရိကန်က လိုလားနေတာကြောင့် ခေါင်းဆောင် ၂ ယောက် တွေ့ဆုံရာမှာ အရေးကြီးတဲ့ကိစ္စ တော်တော်များများကို ဆွေးနွေးမှာ ဖြစ်ပါတယ်။” လို့ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

သမ္မတ ဘိုင်ဒင် အစိုးရ ၃ လ သက်တမ်းအတွင်း ဒုတိယအကြိမ်အဖြစ် ရုရှားအစိုးရ တာဝန်ရှိသူတွေကို အမေရိကန် အရေးယူဒဏ်ခတ်ဖို့ စီစဉ်နေချိန် ဧပြီလထဲမှာတုန်းက ရုရှား သမ္မတနဲ့ တယ်လီဖုန်းဆက် စကားပြောခဲ့တဲ့ အချိန်မှာ သမ္မတဘိုင်ဒင်က တွေ့ဆုံဖို့ ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့တာပါ။

သမ္မတဘိုင်ဒင်ဟာ ရုရှားသမ္မတနဲ့ ဆက်ဆံရာမှာတော့ သမ္မတဟောင်း Donald Trump နဲ့တော့ မတူပါဘူး။ သမ္မတဟောင်း Trump ကတော့ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သူအနိုင်ရအောင် ရုရှားက ကူညီခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်ကို မကြာခဏ ပယ်ချလေ့ရှိပါတယ်။ သမ္မတ ဘိုင်ဒင်ကတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရုရှားတွေ ကြားဝင်စွက်ဖက်မှု ရှိခဲ့တယ်ဆိုပြီး ထောက်လှမ်းရေး သတင်းတွေကို အခြေခံ စွပ်စွဲခဲ့တာပါ။ ဒါပေမဲ့လည်း သမ္မတဘိုင်ဒင် တာဝန်ယူပြီး သိပ်မကြာခင်မှာပဲ နျူကလီးယားလက်နက် ထိန်းချုပ်ရေး ၂ နိုင်ငံသဘောတူညီချက် သက်တမ်းကုန်နေတာကို ၅ နှစ် သက်တမ်းတိုးဖို့ ရုရှားသမ္မတနဲ့ သဘောတူခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG