ထိန္းသိမ္းထားတဲ့ အတိုက္အခံေခါင္းေဆာင္ Alexey Navalny ကို အသုံးခ်ၿပီး အေနာက္အင္အားႀကီးႏိုင္ငံေတြအေနနဲ႔ ႐ုရွားကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းေနေၾကာင္း ႐ုရွားသမၼတ Vladimir Putin က တနဂၤေႏြေန႔က စြပ္စြဲေျပာၾကားလိုက္ပါတယ္။
႐ုရွားက ထုတ္လုပ္ႏိုင္ခဲ့တဲ့ ကိုဗစ္-၁၉ ကာကြယ္ေဆး Sputnik V အပါအဝင္ မၾကာေသးခင္က ႐ုရွားရဲ႕ေအာင္ျမင္မႈမ်ားစြာဟာ ႐ုရွားအစိုးရ ဆန႔္က်င္သူေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတယ္လို႔လည္း ပူတင္က ေျပာဆိုခဲ့ပါတယ္။
ပူတင္လိုလားတဲ့ လူအုပ္စုေတြရဲ႕ ဗြီဒီယိုဖိုင္အတြဲလိုက္ေတြ၊ ႐ုရွားအစိုးရထိန္းခ်ဳပ္ထားတဲ့ သတင္းမီဒီယာေတြကေန ထုတ္လႊင့္မႈေတြ၊ အြန္လိုင္းေပၚမွာ ျဖန႔္ေဝမႈေတြမွာ လူေတြက သူတို႔ကို အဲဒီထဲမွာ ပါဝင္ဖို႔ လွည့္ဖ်ားခံရတယ္ဆိုၿပီး ေျပာဆိုေနခ်ိန္ အခုလို သမၼတ ပူတင္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။ လူတခ်ဳိ႕ကေန ေဒသခံသတင္းေထာက္ေတြကို ေျပာျပရာမွာ ပူတင္ေထာက္ခံပဲြေတြမွာ ပါ၀င္ဖို႔ စက္ရံုအႀကီးအကဲေတြကေန ေရြးခ်ယ္ခြင့္အနည္းပဲေပးခဲ့တယ္လုိ႔ ဆိုပါတယ္။
ရုရွားႏိုင္ငံမွာရွိတဲ့ လြတ္လပ္တဲ့သတင္းမီဒီယာေတြကေတာ့ ရုရွားအစိုးရနဲ႕ အာဏာရ ညီညီေသာရုရွား ပါတီကေန ဗီြဒီယိုမွတ္တမ္းေတြရိုက္ယူဖို႔ ညြန္ၾကားခ်က္ေတြ ထုတ္ျပန္ခဲ့တယ္လို႔ ေဖၚျပခဲ့ၾကပါတယ္။ ရုရွားအစိုးရ ေျပာခြင့္ရ Dmitry Peskov ကေတာ့ ဒီဗီြဒီယိုဖိုင္ေတြနဲ႔ အစိုးရၾကား ပတ္သက္မႈ လံုး၀မရွိဘူးလို႔ ေျပာဆိုခဲ့ၿပီး စြပ္စဲြခ်က္ေတြကို ပယ္ခ်ခဲ့ပါတယ္။
-----------------------
ထိန်းသိမ်းထားတဲ့ အတိုက်အခံခေါင်းဆောင် Alexey Navalny ကို အသုံးချပြီး အနောက်အင်အားကြီးနိုင်ငံတွေအနေနဲ့ ရုရှားကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြောင်း ရုရှားသမ္မတ Vladimir Putin က တနင်္ဂနွေနေ့က စွပ်စွဲပြောကြားလိုက်ပါတယ်။
ရုရှားက ထုတ်လုပ်နိုင်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V အပါအဝင် မကြာသေးခင်က ရုရှားရဲ့အောင်မြင်မှုများစွာဟာ ရုရှားအစိုးရ ဆန့်ကျင်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း ပူတင်က ပြောဆိုခဲ့ပါတယ်။
ပူတင်လိုလားတဲ့ လူအုပ်စုတွေရဲ့ ဗွီဒီယိုဖိုင်အတွဲလိုက်တွေ၊ ရုရှားအစိုးရထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကနေ ထုတ်လွှင့်မှုတွေ၊ အွန်လိုင်းပေါ်မှာ ဖြန့်ဝေမှုတွေမှာ လူတွေက သူတို့ကို အဲဒီထဲမှာ ပါဝင်ဖို့ လှည့်ဖျားခံရတယ်ဆိုပြီး ပြောဆိုနေချိန် အခုလို သမ္မတ ပူတင်က ပြောကြားခဲ့တာဖြစ်ပါတယ်။ လူတချို့ကနေ ဒေသခံသတင်းထောက်တွေကို ပြောပြရာမှာ ပူတင်ထောက်ခံပွဲတွေမှာ ပါဝင်ဖို့ စက်ရုံအကြီးအကဲတွေကနေ ရွေးချယ်ခွင့်အနည်းပဲပေးခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံမှာရှိတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကတော့ ရုရှားအစိုးရနဲ့ အာဏာရ ညီညီသောရုရှား ပါတီကနေ ဗွီဒီယိုမှတ်တမ်းတွေရိုက်ယူဖို့ ညွန်ကြားချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ ဖေါ်ပြခဲ့ကြပါတယ်။ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ကတော့ ဒီဗွီဒီယိုဖိုင်တွေနဲ့ အစိုးရကြား ပတ်သက်မှု လုံးဝမရှိဘူးလို့ ပြောဆိုခဲ့ပြီး စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။