သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Biden ရဲ႕ မဟာမိတ္ျပန္လည္တည္ေဆာက္ေရး ဥေရာပခရီးစဥ္


အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ Delaware ျပည္နယ္ခရီးစဥ္ အတြက္ အိမ္ျဖဴမွ ထြက္ခြာစဥ္ (ဓာတ္ပံု- AP)

(Zawgyi/Unicode)
အေမရိကန္ သမၼတအျဖစ္ တာ၀န္ယူၿပီး ပထမဆုံးအႀကိမ္ ျပည္ပခရီးစဥ္အျဖစ္ သမၼတ Joe Biden ဒီလေႏွာင္းပိုင္း ဥေရာပကို သြားေရာက္မွာ ျဖစ္ေၾကာင္း အိမ္ျဖဴေတာ္က ၾကာသပေတးေန႔မွာ ေၾကညာလိုက္ပါတယ္။ ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ က်မ္းသစၥာက်ိန္ဆို တာ၀န္ယူခဲ့တဲ့ သမၼတဘိုင္ဒင္ဟာ ၿဗိတိန္၊ ဘယ္လ္ဂ်ီယံနဲ႔ ဆြစ္ဇာလန္ ႏိုင္ငံေတြကို သြားေရာက္မယ့္ ဇြန္လ ၁၀ ရက္ကေန ၁၆ ရက္ေန႔အထိ ခရီးစဥ္အတြင္း ႏိုင္ငံတကာ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံမွာ ျဖစ္ပါတယ္။

ဒီခရီးစဥ္ဟာ မဟာမိတ္ေတြနဲ႔ ဆက္ဆံေရး ျပန္လည္ထူေထာင္ဖို႔နဲ႔ ကမာၻတ၀န္း စိန္ေခၚမႈေတြနဲ႔ အေမရိကန္ရဲ႕ အက်ဳိးစီးပြားေတြ လုံျခံဳစိတ္ခ်ရေစဖို႔ မဟာမိတ္ေတြ၊ ႏိုင္ငံတကာ မိတ္ဖက္ေတြနဲ႔ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္ရြက္မယ့္ အေမရိကန္ရဲ႕ သႏၷိဌာန္ကို အေလးထား အာ႐ုံစိုက္သြားမွာ ျဖစ္ေၾကာင္းလည္း အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့တာပါ။ သမၼတဘိုင္ဒင္ဟာ ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson နဲ႔ ေတြ႕ဆုံမွာျဖစ္ၿပီး၊ ဇြန္လ ၁၁ ရက္ကေန ၁၃ ရက္ေန႔အထိ က်င္းပမယ့္ ကမာၻ႔ထိပ္သီး ၇ ႏိုင္ငံ G7 အဖဲြ႕ရဲ႕ အစည္းအေ၀းကိုလည္း တက္ေရာက္မွာ ျဖစ္ပါတယ္။

ၿဗိတိန္ႏိုင္ငံ ခရီးစဥ္ အဆုံးမသတ္ခင္ ဇြန္လ ၁၃ ရက္ေန႔မွာေတာ့ ၀င္ဆာရဲတိုက္မွာ အဲလိဇဘတ္ဘုရင္မႀကီးနဲ႔လည္း ေတြ႕ဆုံမွာပါ။ ၿဗိတိန္ႏိုင္ငံအၿပီး ဘယ္လ္ဂ်ီယံႏိုင္ငံ ခရီးစဥ္မွာေတာ့ ဘရပ္ဆဲလ္ၿမိဳ႕က ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖဲြ႕ (NATO) ထိပ္သီးအစည္းအေ၀းကို တက္ေရာက္ၿပီး NATO ရဲ႕ လုပ္ငန္းေတြနဲ႔ မဟာမိတ္အဖဲြ႕၀င္ေတြရဲ႕ လုံျခံဳေရးနဲ႔ ကာကြယ္ေရးအတြက္ အေမရိကန္က ဆက္လက္ ပါ၀င္ေဆာင္ရြက္သြားမယ့္ အေၾကာင္း အေလးထား ေျပာဆိုမွာ ျဖစ္တယ္လို႔လည္း အိမ္ျဖဴေတာ္ ေျပာခြင့္ရက ေျပာပါတယ္။

ဘရပ္ဆဲလ္မွာပဲ တူရကီသမၼတ Recep Tayyip Erdogan နဲ႔ ေတြ႕ဆုံၿပီး ၂ ႏိုင္ငံၾကားနဲ႔ ေဒသတြင္းကိစၥေတြကို ေဆြးေႏြးမွာပါ။ ဇြန္လ ၁၅ ရက္ေန႔ က်င္းပမယ့္ ဥေရာပသမဂၢ (EU) နဲ႔ အေမရိကန္ ထိပ္သီးေဆြးေႏြးပဲြမွာေတာ့ ကမာၻတ၀န္း ရင္ဆိုင္ေနရတဲ့ က်န္းမာေရး အႏၲရာယ္၊ စီးပြားေရး ျပန္လည္ထူေရး၊ ရာသီဥတု ေဖာက္ျပန္မႈ ျပႆနာေတြကိုလည္း ေဆြးေႏြးမွာ ျဖစ္ပါတယ္။ ခရီးစဥ္အတြင္း ဘယ္လ္ဂ်ီယံဘုရင္ Philippe နဲ႔ ၀န္ႀကီးခ်ဳပ္ Alexander De Croo တို႔နဲ႔လည္း ေတြ႕ဆုံမွာပါ။ ဥေရာပခရီးစဥ္ ေနာက္ဆုံးအျဖစ္ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာ ဇြန္လ ၁၆ ရက္ေန႔ က်ရင္ေတာ့ ႐ုရွားသမၼတ Vladimir Putin နဲ႔ ေတြ႕ဆုံမွာပါ။ သမၼတဘိုင္ဒင္ဟာ ဆြစ္ဇာလန္သမၼတ၊ ႏိုင္ငံျခားေရး ၀န္ႀကီးတို႔နဲ႔လည္း ေတြ႕ဆုံမွာ ျဖစ္ပါတယ္။

...........................................................................

တိုက္႐ိုက္ လင့္ခ္


သမ္မတ Biden ရဲ့ မဟာမိတ်ပြန်လည်တည်ဆောက်ရေး ဥရောပခရီးစဉ်

(Unicode)
အမေရိကန် သမ္မတအဖြစ် တာဝန်ယူပြီး ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် သမ္မတ Joe Biden ဒီလနှောင်းပိုင်း ဥရောပကို သွားရောက်မှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆို တာဝန်ယူခဲ့တဲ့ သမ္မတဘိုင်ဒင်ဟာ ဗြိတိန်၊ ဘယ်လ်ဂျီယံနဲ့ ဆွစ်ဇာလန် နိုင်ငံတွေကို သွားရောက်မယ့် ဇွန်လ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိ ခရီးစဉ်အတွင်း နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ ကမ္ဘာတဝန်း စိန်ခေါ်မှုတွေနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေ လုံခြုံစိတ်ချရစေဖို့ မဟာမိတ်တွေ၊ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မယ့် အမေရိကန်ရဲ့ သန္နိဌာန်ကို အလေးထား အာရုံစိုက်သွားမှာ ဖြစ်ကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ သမ္မတဘိုင်ဒင်ဟာ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ ဇွန်လ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပမယ့် ကမ္ဘာ့ထိပ်သီး ၇ နိုင်ငံ G7 အဖွဲ့ရဲ့ အစည်းအဝေးကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ခရီးစဉ် အဆုံးမသတ်ခင် ဇွန်လ ၁၃ ရက်နေ့မှာတော့ ဝင်ဆာရဲတိုက်မှာ အဲလိဇဘတ်ဘုရင်မကြီးနဲ့လည်း တွေ့ဆုံမှာပါ။ ဗြိတိန်နိုင်ငံအပြီး ဘယ်လ်ဂျီယံနိုင်ငံ ခရီးစဉ်မှာတော့ ဘရပ်ဆဲလ်မြို့က မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး NATO ရဲ့ လုပ်ငန်းတွေနဲ့ မဟာမိတ်အဖွဲ့ဝင်တွေရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် အမေရိကန်က ဆက်လက် ပါဝင်ဆောင်ရွက်သွားမယ့် အကြောင်း အလေးထား ပြောဆိုမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရက ပြောပါတယ်။

ဘရပ်ဆဲလ်မှာပဲ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြားနဲ့ ဒေသတွင်းကိစ္စတွေကို ဆွေးနွေးမှာပါ။ ဇွန်လ ၁၅ ရက်နေ့ ကျင်းပမယ့် ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန် ထိပ်သီးဆွေးနွေးပွဲမှာတော့ ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့ ကျန်းမာရေး အန္တရာယ်၊ စီးပွားရေး ပြန်လည်ထူရေး၊ ရာသီဥတု ဖောက်ပြန်မှု ပြဿနာတွေကိုလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဘယ်လ်ဂျီယံဘုရင် Philippe နဲ့ ဝန်ကြီးချုပ် Alexander De Croo တို့နဲ့လည်း တွေ့ဆုံမှာပါ။ ဥရောပခရီးစဉ် နောက်ဆုံးအဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန်လ ၁၆ ရက်နေ့ ကျရင်တော့ ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံမှာပါ။ သမ္မတဘိုင်ဒင်ဟာ ဆွစ်ဇာလန်သမ္မတ၊ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG