သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Tulsa ၿမိဳ႕ လူမ်ိဳးေရးခဲြျခားသတ္ျဖတ္မႈ ရာျပည္႔အခမ္းအနား သမၼတ Biden တက္ေရာက္ 


Tulsa ၿမိဳ႕ လူမ်ိဳးေရးခဲြျခားသတ္ျဖတ္မႈ ရာျပည္႔အခမ္းအနား သမၼတ Biden တက္ေရာက္ 

(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုမွာ လူျဖဴ၊ လူမည္းလူမ်ဳိးေရး ခဲြျခားၿပီး အစုလိုက္အျပံဳလိုက္ သတ္ျဖတ္မႈေတြ က်ဳးလြန္ခဲ့တဲ့ ႏွစ္ ၁၀၀ ျပည့္ အခမ္းအနား တက္ေရာက္ဖို႔ Oklahoma ျပည္နယ္ Tulsa ၿမိဳ႕ကို သမၼတ Joe Biden သြားေရာက္ခဲ့ပါတယ္။

၁၉၂၁ ခုႏွစ္က လူျဖဴလူရမ္းကားေတြ လက္ခ်က္ေၾကာင့္ လူမည္း ၃၀၀ ေလာက္ ေသဆုံးၿပီး၊ ၁ ေသာင္းေလာက္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရတာပါ။ အေမရိကန္မွာ သမၼတတာ၀န္ ယူထားစဥ္ ပထမဆုံးအႀကိမ္အျဖစ္ သြားေရာက္ခဲ့တဲ့ သမၼတ ဘိုင္ဒင္ကေတာ့ နာက်င္စရာ ျဖစ္ရပ္ေတြကို အသိအမွတ္ျပဳ လက္ခံၿပီး ကုစားဖို႔ ရည္ရြယ္တယ္လို႔ ေျပာပါတယ္။

“ႏႈတ္ဆိတ္ေနတဲ့ ကြာဟခ်က္ကို ျဖည့္စြက္ဖို႔ ဒီကိုလာခဲ့တာပါ၊ ႏႈတ္ဆိတ္ေနတာဟာ ထိခိုက္နာက်င္မႈေတြ ပိုၿပီးနက္႐ႈိင္းတတ္ပါတယ္။ နာက်င္စရာျဖစ္ေပမဲ့ သတိရေအာက္ေမ့မႈေတြကသာ ဒဏ္ရာေတြကို ကုစားႏိုင္မွာပါ။” လို႔ Tulsa ၿမိဳ႕က Greenwood ယဥ္ေက်းမႈ စင္တာက အဂၤါေန႔ ေအာက္ေမ့ဖြယ္အခမ္းအနားမွာ သမၼတ ဘိုင္ဒင္ ေျပာလိုက္တာပါ။

ျဖစ္ပ်က္ခဲ့တာေတြကို အမ်ားသိေအာင္ မီးေမာင္းထိုးျပၿပီး၊ အေမရိကန္ ျပည္သူေတြအားလုံး အျပည့္အ၀သိႏိုင္ေအာင္ သမၼတက ရည္ရြယ္ထားေၾကာင္းလည္း အိမ္ျဖဴေတာ္ ေျပာခြင့္ရက Tulsa ၿမိဳ႕ကိုအသြား ေလယာဥ္ေပၚမွာ ေျပာဆိုခဲ့ပါတယ္။ အေမရိကန္ ျပည္ေထာင္စုမွာ လူမ်ဳိးေရးအရ ခ်မ္းသာႂကြယ္၀မႈေတြ ကြာဟခ်က္ကို ေလွ်ာ့ခ်ႏိုင္ေအာင္ လူမႈအသိုင္းအ၀န္းေတြၾကား ရင္းႏွီးျမႇဳပ္ႏွံ သုံးစဲြသြားမွာ ျဖစ္ေၾကာင္းလည္း အိမ္ျဖဴေတာ္က အေစာပိုင္းမွာ ေျပာဆိုထားတာပါ။

Tulsa ၿမိဳ႕က Black Wall Street လို႔ ေခၚၾကတဲ့ လူမည္း လူခ်မ္းသာေတြ ေနထိုင္တဲ့ ရပ္ကြက္မွာ လူျဖဴလူရမ္းကားေတြ တိုက္ခိုက္ဖ်က္ဆီး သတ္ျဖတ္မႈေတြကို ကိုယ္တိုင္ ၾကံဳခဲ့ဖူးၿပီး အခုအခ်ိန္အထိ သက္ရွိထင္ရွား ရွိေနသူကေတာ့ ၃ ဦး က်န္ေနဆဲျဖစ္ၿပီး အသက္ရာေက်ာ္ ရွိေနၾကပါၿပီ။

၁၉၆၀ ျပည့္လြန္ႏွစ္ေတြက လူမႈအခြင့္အေရး လႈပ္ရွားမႈေတြ မတိုင္ခင္ ႏွစ္ေပါင္း ၄၀ ေလာက္မွာ Tulsa ၿမိဳ႕က လူမ်ဳိးေရးခြဲျခားသတ္ျဖတ္မႈနဲ႔ ၾကံဳခဲ့ရတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

Tulsa မြို့ လူမျိုးရေးခွဲခြားသတ်ဖြတ်မှု ရာပြည့် အခမ်းအနား သမ္မတ Biden တက်ရောက်

(Unicode)

အမေရိကန် ပြည်ထောင်စုမှာ လူဖြူ၊ လူမည်းလူမျိုးရေး ခွဲခြားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနား တက်ရောက်ဖို့ Oklahoma ပြည်နယ် Tulsa မြို့ကို သမ္မတ Joe Biden သွားရောက်ခဲ့ပါတယ်။

၁၉၂၁ ခုနှစ်က လူဖြူလူရမ်းကားတွေ လက်ချက်ကြောင့် လူမည်း ၃၀၀ လောက် သေဆုံးပြီး၊ ၁ သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ အမေရိကန်မှာ သမ္မတတာဝန် ယူထားစဉ် ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့တဲ့ သမ္မတ ဘိုင်ဒင်ကတော့ နာကျင်စရာ ဖြစ်ရပ်တွေကို အသိအမှတ်ပြု လက်ခံပြီး ကုစားဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

“နှုတ်ဆိတ်နေတဲ့ ကွာဟချက်ကို ဖြည့်စွက်ဖို့ ဒီကိုလာခဲ့တာပါ၊ နှုတ်ဆိတ်နေတာဟာ ထိခိုက်နာကျင်မှုတွေ ပိုပြီးနက်ရှိုင်းတတ်ပါတယ်။ နာကျင်စရာဖြစ်ပေမဲ့ သတိရအောက်မေ့မှုတွေကသာ ဒဏ်ရာတွေကို ကုစားနိုင်မှာပါ။” လို့ Tulsa မြို့က Greenwood ယဉ်ကျေးမှု စင်တာက အင်္ဂါနေ့ အောက်မေ့ဖွယ်အခမ်းအနားမှာ သမ္မတ ဘိုင်ဒင် ပြောလိုက်တာပါ။

ဖြစ်ပျက်ခဲ့တာတွေကို အများသိအောင် မီးမောင်းထိုးပြပြီး၊ အမေရိကန် ပြည်သူတွေအားလုံး အပြည့်အဝသိနိုင်အောင် သမ္မတက ရည်ရွယ်ထားကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရက Tulsa မြို့ကိုအသွား လေယာဉ်ပေါ်မှာ ပြောဆိုခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လူမျိုးရေးအရ ချမ်းသာကြွယ်ဝမှုတွေ ကွာဟချက်ကို လျှော့ချနိုင်အောင် လူမှုအသိုင်းအဝန်းတွေကြား ရင်းနှီးမြှုပ်နှံ သုံးစွဲသွားမှာ ဖြစ်ကြောင်းလည်း အိမ်ဖြူတော်က အစောပိုင်းမှာ ပြောဆိုထားတာပါ။

Tulsa မြို့က Black Wall Street လို့ ခေါ်ကြတဲ့ လူမည်း လူချမ်းသာတွေ နေထိုင်တဲ့ ရပ်ကွက်မှာ လူဖြူလူရမ်းကားတွေ တိုက်ခိုက်ဖျက်ဆီး သတ်ဖြတ်မှုတွေကို ကိုယ်တိုင် ကြုံခဲ့ဖူးပြီး အခုအချိန်အထိ သက်ရှိထင်ရှား ရှိနေသူကတော့ ၃ ဦး ကျန်နေဆဲဖြစ်ပြီး အသက်ရာကျော် ရှိနေကြပါပြီ။

၁၉၆၀ ပြည့်လွန်နှစ်တွေက လူမှုအခွင့်အရေး လှုပ်ရှားမှုတွေ မတိုင်ခင် နှစ်ပေါင်း ၄၀ လောက်မှာ Tulsa မြို့က လူမျိုးရေးခွဲခြားသတ်ဖြတ်မှုနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG