သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tulsa လူမျိုးရေးခွဲခြားသတ်ဖြတ်မှု နှစ်တရာပြည့် ကန်သမ္မတ တတ်ရောက်မည်


အမေရိကန်သမ္မတ Joe Biden။ (မေ ၂၀၊ ၂၀၂၁)
အမေရိကန်သမ္မတ Joe Biden။ (မေ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန်သမ္မတ Joe Biden ဟာ Tulsa လူမျိုးရေးခွဲခြားသတ်ဖြတ်မှု နှစ်တရာပြည့် အထိမ်းအမှတ် အခမ်းအနားကိုတက်ဖို့ အိုကလာဟိုးမားပြည်နယ်၊ Tulsa မြို့ကို ဒီကနေ့သွားရောက်မှာဖြစ်ပါတယ်။

၁၉၂၁ ခုနှစ်မှာ လူဖြူ လူရမ်းကားတွေက Tulsa မြို့မှာ လူမည်းတွေ နေထိုင်လုပ်ကိုင်ရာ အရပ်တခုကို ဖျက်ဆီး တိုက်ခိုက်တာကြောင့် လူပေါင်း ၃၀၀ သေဆုံးပြီး လူဦးရေ ၁၀,၀၀၀ အိုးအိမ်မဲ့ဖြစ်ခဲ့ရတာပါ။

သမ္မတဘိုင်ဒန်ဟာ Greenwood Cultural Center ကို လှည့်လည်ကြည့်ရှုမှာဖြစ်ပြီး Tulsa အဖြစ်အပျက် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

Tulsa မြို့မှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ဒီကနေ့အချိန်ထိ သေချာမသိသေးတဲ့ အမေရိကန်နိုင်ငံသား အများအပြား ရှိနေဆဲပါ။

Black Wall Street လို့ သိခဲ့ကြတဲ့ ချမ်းသာတဲ့ လူမည်းအရပ်ကို ဖျက်ဆီးသတ်ဖြတ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေထဲက အသက်ရှင်နေသေးသူ သုံးဦးပဲ ကျန်တော့ပုံရပြီး အားလုံးက အသက် ရာကျော်တွေဖြစ်နေပါပြီ။

၁၉၆၀ ပြည့်နှစ်တွေမှာဖြစ်ခဲ့တဲ့ လူမှုအခွင့်အရေးလှုပ်ရှားမှု မတိုင်ခင် နှစ် ၄၀ ပတ်ဝန်းကျင်မှာ Tulsa လူမျိုးရေးခွဲခြားသတ်ဖြတ်မှု ဖြစ်ခဲ့တာပါ။ လူမှုအခွင့်အရေး လှုပ်ရှားမှုကြောင့် အမေရိကန်နိုင်ငံသား လူမည်းတွေ မဲပေးခွင့်ရခဲ့ကြပေမယ့်လည်း မဲပေးနိုင်ရေးနဲ့ ပတ်သက်ပြီး ဒီနေ့အချိန်ထိ ပြောဆို ဆွေးနွေးနေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG