သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္နဲ႔ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးႏွစ္ဦး ေဆြးေႏြးမႈ ျမန္မာ့အေရး ထည့္သြင္း


အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken (ဝဲ) နဲ႔ အိႏၵိယႏုိင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar. (ေမ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ အိႏိၵယ ႏုိင္ငံျခားေရးဝန္ႀကီး ေဒါက္တာ S. Jaishankar တို႔ ေသာၾကာေန႔က အေမရိကန္ ႏုိင္ငံျခားေရးဌာနမွာ ေတြ႔ဆံုေဆြးေႏြးခ်ိန္အတြင္း ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း ထည့္သြင္း ေဆြးေႏြးခဲ့ၾကတယ္လုိ႔ ႏုိင္ငံျခားေရးဌာနရဲ႕ ေသာၾကာေန႔ညဘက္ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။ ေဆြးေႏြးခ်က္ အေသးစိတ္ကိုေတာ့ ထည့္သြင္းေဖာ္ျပမထားပါဘူး။

ဒါဟာျဖင့္ ဝန္ႀကီး Blinken အေနနဲ႔ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ေဒသတြင္းက ႏုိင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ႏွစ္ရက္ဆက္တိုက္ ေဆြးေႏြးေျပာဆိုတဲ့ သေဘာပါပဲ။

ၾကာသပေတးေန႔ကလည္း ဝန္ႀကီး Blinken ဟာ ဗီယက္နမ္ ႏုိင္ငံျခားေရးဝန္ႀကီး Bui Thanh Son နဲ႔ ဆက္သြယ္ေျပာဆိုခ်ိန္အတြင္း ျမန္မာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စိုးရိမ္ဖြယ္ အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကတဲ့အေၾကာင္း ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေသာၾကာေန႔မွာ ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္လုပ္ရပ္ေတြ ရပ္ပစ္ဖို႔၊ မတရား ဖမ္းဆီးထားသူအားလံုးကုိ ျပန္လႊတ္ေပးဖို႔နဲ႔ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေရး စစ္အာဏာရွင္ကို ဖိအားေပးတာမွာ ႏုိင္ငံတကာ အသိုင္းအဝုိင္းအေနနဲ႔ တညီတၫြတ္တည္းနဲ႔ တသံတည္း ေျပာဆိုၾကဖို႔ အေမရိကန္ျပည္ေထာင္စုက ဆက္ၿပီး တိုက္တြန္းတဲ့အေၾကာင္း ရန္ကုန္ အေမရိကန္သံ႐ံုးရဲ႕ ေဖ့စ္ဘုတ္မွာတင္ထားတဲ့ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

ျမန္မာ့အေရး ကုလသမဂၢဆံုးျဖတ္ခ်က္ မူၾကမ္းထဲမွာ စစ္ေကာင္စီကို လက္နက္ခဲယမ္း ေရာင္းခ်မႈ ပိတ္ပင္တားျမစ္ေရး ေတာင္းဆိုတဲ့စာသားကို ျဖဳတ္ေပးဖို႔ အေရွ႕ေတာင္အာရွႏုိင္ငံ ၉ ႏိုင္ငံက ေတာင္းဆိုထားတယ္ဆိုတဲ့သတင္း ထြက္ထားခ်ိန္မွာပဲ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးက ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး ေဒသတြင္းက အလားတူ ဝန္ႀကီးေတြနဲ႔ ေျပာဆိုေဆြးေႏြးတာေတြ ခပ္စိတ္စိတ္ ရွိလာေနတာပါ။

စစ္ေကာင္စီကို "လက္နက္ခဲယမ္းမ်ဳိးစံု တိုက္႐ုိက္ ဒါမွမဟုတ္ သြယ္ဝိုက္ၿပီးေတာ့ ေထာက္ပံ့တာ၊ ေရာင္းခ်တာ ဒါမွမဟုတ္ လႊဲေျပာင္းေပးတာကို ခ်က္ခ်င္းရပ္ဆိုင္းေရး" ဆိုတဲ့ စာေၾကာင္းကို ကုလသမဂၢ ဆံုးျဖတ္ခ်က္မူၾကမ္းထဲကေန ဖယ္ထုတ္ေပးဖို႔ မူၾကမ္းကို ျပင္ဆင္ေရးဆြဲေနတဲ့ ကုလသမဂၢ အဖြဲ႔ဝင္ႏုိင္ငံေတြဆီ အာဆီယံ ၉ ႏုိင္ငံက ေပးပို႔တဲ့စာထဲမွာ ေဖာ္ျပထားတဲ့အေၾကာင္း Berna သတင္းဌာနရဲ႕ သတင္းတပုဒ္ကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကန်နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဆွေးနွေးမှု မြန်မာ့အရေး ထည့်သွင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ S. Jaishankar တို့ သောကြာနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနရဲ့ သောကြာနေ့ညဘက် ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ ထည့်သွင်းဖော်ပြမထားပါဘူး။

ဒါဟာဖြင့် ဝန်ကြီး Blinken အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်းက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နှစ်ရက်ဆက်တိုက် ဆွေးနွေးပြောဆိုတဲ့ သဘောပါပဲ။

ကြာသပတေးနေ့ကလည်း ဝန်ကြီး Blinken ဟာ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နဲ့ ဆက်သွယ်ပြောဆိုချိန်အတွင်း မြန်မာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စိုးရိမ်ဖွယ် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က သောကြာနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ရပ်ပစ်ဖို့၊ မတရား ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး စစ်အာဏာရှင်ကို ဖိအားပေးတာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တညီတညွတ်တည်းနဲ့ တသံတည်း ပြောဆိုကြဖို့ အမေရိကန်ပြည်ထောင်စုက ဆက်ပြီး တိုက်တွန်းတဲ့အကြောင်း ရန်ကုန် အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်မှာတင်ထားတဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေး ကုလသမဂ္ဂဆုံးဖြတ်ချက် မူကြမ်းထဲမှာ စစ်ကောင်စီကို လက်နက်ခဲယမ်း ရောင်းချမှု ပိတ်ပင်တားမြစ်ရေး တောင်းဆိုတဲ့စာသားကို ဖြုတ်ပေးဖို့ အရှေ့တောင်အာရှနိုင်ငံ ၉ နိုင်ငံက တောင်းဆိုထားတယ်ဆိုတဲ့သတင်း ထွက်ထားချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒေသတွင်းက အလားတူ ဝန်ကြီးတွေနဲ့ ပြောဆိုဆွေးနွေးတာတွေ ခပ်စိတ်စိတ် ရှိလာနေတာပါ။

စစ်ကောင်စီကို "လက်နက်ခဲယမ်းမျိုးစုံ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးတော့ ထောက်ပံ့တာ၊ ရောင်းချတာ ဒါမှမဟုတ် လွှဲပြောင်းပေးတာကို ချက်ချင်းရပ်ဆိုင်းရေး" ဆိုတဲ့ စာကြောင်းကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းထဲကနေ ဖယ်ထုတ်ပေးဖို့ မူကြမ်းကို ပြင်ဆင်ရေးဆွဲနေတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဆီ အာဆီယံ ၉ နိုင်ငံက ပေးပို့တဲ့စာထဲမှာ ဖော်ပြထားတဲ့အကြောင်း Berna သတင်းဌာနရဲ့ သတင်းတပုဒ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG