[Zawgyi/Unicode]
အေမရိကန္ရဲ႕ ေအာက္ေမ့ဖြယ္ေန႔ျဖစ္တဲ့ တနလၤာေန႔ ဒီကေန႔မွာ အေမရိကန္သမၼတ ဂ်ဳိးဘုိင္ဒန္၊ ဒုသမၼတ ကင္မလာ ဟားရစၥ္နဲ႔ ႏိုင္ငံ့စစ္ဘက္ဆုိင္ရာ ထိပ္တန္းအရာရွိႀကီးေတြဟာ အာလင္တန္စစ္ သခၤ်ဳိင္းမွာ က်ဆံုးစစ္သည္ေတြကို လြမ္းသူ႔ပန္းေခြခ် ဂါရဝျပဳခဲ့ၾကပါတယ္။
သမၼတဘိုင္ဒန္၊ ကာကြယ္ေရးဝန္ႀကီး လိြဳက္ ေအာ့စ္တင္နဲ႔ ပူးတြဲဦးစီးခ်ဳပ္မ်ား ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး Mark Milley တို႔လည္း ၿမိဳ႕ေတာ္ ဝါရွင္တန္ရဲ႕အျပင္ဘက္ စစ္သခၤ်ဳိင္းမွာ က်င္းပတဲ့ ေအာက္ေမ့ဖြယ္အခမ္းအနားအတြင္း မိန္႔ခြန္းေျပာၾကဖို႔ရွိပါတယ္။
တနဂၤေႏြေန႔က စစ္ျပန္စစ္မႈထမ္းေဟာင္းေတြနဲ႔ က်ဆံုးစစ္သည္ေတြရဲ႕ မိသားစုဝင္ေတြနဲ႔ေတြ႔ဆံုခ်ိန္မွာ သမၼတ ဘိုင္ဒန္က “က်ေနာ္တို႔လြတ္လပ္ေရးအတြက္ ဘယ္ေလာက္ေပးဆပ္ခဲ့ရသလဲဆိုတာ မျပတ္သတိရေနၾကရပါမယ္။ က်ဆံုးစစ္သည္ေတြေပးဆပ္ခဲ့တဲ့ စြန္႔လႊတ္စြန္႔စားမႈေတြရဲ႕ ေက်းဇူးတရား ေတြကိုလည္း က်ေနာ္တို႔ သတိရေနၾကရမွာျဖစ္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။
သမၼတဂ်ဳိးဘုိင္ဒန္ဟာ လြန္ခဲ့တဲ့ ၆ ႏွစ္ ေမလကုန္မွာ ဦးေႏွာက္ကင္ဆာနဲ႔ ကြယ္လြန္ခဲ့တဲ့ သားျဖစ္သူ စစ္မႈထမ္းေဟာင္းအတြက္ ေအာက္ေမ့ဖြယ္အခမ္းအနားမွာ သမၼတဘုိင္ဒန္က အခုလို မွတ္ခ်က္ေပးခဲ့တာပါ။ သားျဖစ္သူ ဗုိလ္မႉး Beau Biden ဟာ ဒလယ္ဝဲယားအမ်ဳိးသားအေစာင့္တပ္မွာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ေသအံ့ဆဲဆဲမွာလည္း အီရတ္မွာရွိတဲ့ အေမရိကန္တပ္စခန္းကို တာဝန္နဲ႔ ခရီးထြက္ခဲ့သူျဖစ္ပါတယ္။
အေမရိကန္ျပည္ေထာင္စုဟာ ၁၈၆၈ ခုႏွစ္ ျပည္တြင္းစစ္ၿပီးတဲ့ေနာက္ ေမလကုန္ကစလို႔ ေအာက္ေမ့ဖြယ္ေန႔ကို သတ္မွတ္က်င္းပလာခဲ့တာပါ။ ႏွစ္ဥ္ ေမလ ေနာက္ဆံုးပတ္ရဲ႕ တနလၤာေန႔တုိင္းကို ႏိုင္ငံေတာ္အားလပ္ရက္ေန႔အျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။
[Unicode Version]
အောက်မေ့ဖွယ်နေ့အခမ်းအနား ကန်သမ္မတတတ်ရောက်
အမေရိကန်ရဲ့ အောက်မေ့ဖွယ်နေ့ဖြစ်တဲ့ တနင်္လာနေ့ ဒီကနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဒုသမ္မတ ကင်မလာ ဟားရစ္စ်နဲ့ နိုင်ငံ့စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးတွေဟာ အာလင်တန်စစ် သင်္ချိုင်းမှာ ကျဆုံးစစ်သည်တွေကို လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။
သမ္မတဘိုင်ဒန်၊ ကာကွယ်ရေးဝန်ကြီး လွိုက် အော့စ်တင်နဲ့ ပူးတွဲဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley တို့လည်း မြို့တော် ဝါရှင်တန်ရဲ့အပြင်ဘက် စစ်သင်္ချိုင်းမှာ ကျင်းပတဲ့ အောက်မေ့ဖွယ်အခမ်းအနားအတွင်း မိန့်ခွန်းပြောကြဖို့ရှိပါတယ်။
တနင်္ဂနွေနေ့က စစ်ပြန်စစ်မှုထမ်းဟောင်းတွေနဲ့ ကျဆုံးစစ်သည်တွေရဲ့ မိသားစုဝင်တွေနဲ့တွေ့ဆုံချိန်မှာ သမ္မတ ဘိုင်ဒန်က “ကျနော်တို့လွတ်လပ်ရေးအတွက် ဘယ်လောက်ပေးဆပ်ခဲ့ရသလဲဆိုတာ မပြတ်သတိရနေကြရပါမယ်။ ကျဆုံးစစ်သည်တွေပေးဆပ်ခဲ့တဲ့ စွန့်လွှတ်စွန့်စားမှုတွေရဲ့ ကျေးဇူးတရား တွေကိုလည်း ကျနော်တို့ သတိရနေကြရမှာဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ လွန်ခဲ့တဲ့ ၆ နှစ် မေလကုန်မှာ ဦးနှောက်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တဲ့ သားဖြစ်သူ စစ်မှုထမ်းဟောင်းအတွက် အောက်မေ့ဖွယ်အခမ်းအနားမှာ သမ္မတဘိုင်ဒန်က အခုလို မှတ်ချက်ပေးခဲ့တာပါ။ သားဖြစ်သူ ဗိုလ်မှူး Beau Biden ဟာ ဒလယ်ဝဲယားအမျိုးသားအစောင့်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် သေအံ့ဆဲဆဲမှာလည်း အီရတ်မှာရှိတဲ့ အမေရိကန်တပ်စခန်းကို တာဝန်နဲ့ ခရီးထွက်ခဲ့သူဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ၁၈၆၈ ခုနှစ် ပြည်တွင်းစစ်ပြီးတဲ့နောက် မေလကုန်ကစလို့ အောက်မေ့ဖွယ်နေ့ကို သတ်မှတ်ကျင်းပလာခဲ့တာပါ။ နှစ်ဉ် မေလ နောက်ဆုံးပတ်ရဲ့ တနင်္လာနေ့တိုင်းကို နိုင်ငံတော်အားလပ်ရက်နေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။