သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ဆုံးစစ္သည္ ေအာက္ေမ့ဖြယ္ေန႔ အထိမ္းအမွတ္ စစ္သည္ေတြကုိ သမၼတ Biden ဂုဏ္ျပဳ


အေမရိကန္သမၼတ Joe Biden. (ေမ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ က်ဆံုးစစ္သည္ ေအာက္ေမ႔ဖြယ္ေန႔ Memorial Day မတိုင္ခင္ ေသာၾကာေန႔က ဗာဂ်ီးနီးယားျပည္နယ္ Hampton မွာရွိတဲ့ Langley-Eustis ပူးတြဲ စစ္အေျခစိုက္စခန္းကို သမၼတ Joe Biden သြားေရာက္ၿပီး စစ္သည္ေတြကို ေက်းဇူးတင္စကား ေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၆ ႏွစ္ ေမလ ေနာက္ဆံုးပတ္အတြင္း ဦးေႏွာက္ကင္ဆာနဲ႔ ဆံုးပါးခဲ့ရတဲ့ စစ္မႈထမ္းေဟာင္း သားျဖစ္သူ Beau Biden အတြက္ ေအာက္ေမ႔ဖြယ္ အခမ္းအနားနဲ႔ စခဲ့ၿပီးေနာက္ သမၼတ Biden က စစ္မႈထမ္းေတြနဲ႔ မိသားစုေတြရဲ႕ စြန္႔လႊတ္ အနစ္နာခံမႈကို ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

“အေမရိကန္ စစ္သည္ေတြဟာ အေမရိကန္ ပိုင္ဆိုင္သမွ်ထဲက အေကာင္းဆံုး ျဖစ္ပါတယ္။” လို႔ သမၼတ Biden က ေျပာဆိုခဲ့ပါတယ္။

ဒီႏွစ္ကုန္ပိုင္းမွာ အာဖဂန္နစၥတန္ကေန အေမရိကန္တပ္ဖြဲ႔ေတြ ျပန္လည္႐ုပ္သိမ္းမယ့္ ဆံုးျဖတ္ခ်က္ကိုလည္း သမၼတ Biden က အေလးထား ထည့္သြင္း ေျပာဆိုခဲ့ၿပီး အေမရိကန္ရဲ႕ အရွည္ၾကာဆံုး စစ္ပြဲျဖစ္တဲ့ အာဖဂန္မွာ အႀကိမ္ႀကိမ္ သြားေရာက္ စစ္မႈထမ္းခဲ့သူေတြကိုလည္း ဂုဏ္ျပဳ ေျပာဆိုခဲ့ပါတယ္။

စစ္သည္ေတြကို ေက်းဇူးတင္ေၾကာင္း သမၼတက ေျပာဆိုခဲ့သလို လူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္းသာရွိတဲ့ စစ္သည္ေတြက က်န္တဲ့ ျပည္သူ ၉၉ ရာခိုင္ႏႈန္းကို ကာကြယ္ေပးေနတာ ျဖစ္ေၾကာင္းလည္း သမၼတက ေျပာဆိုခဲ့ပါတယ္။ က်ဆံုးစစ္သည္ ေအာက္ေမ႔ဖြယ္ေန႔ကေတာ့ တနလၤာေန႔မွာ က်ေရာက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် စစ်သည်တွေကို သမ္မတ Biden ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စုမှာ ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ Memorial Day မတိုင်ခင် သောကြာနေ့က ဗာဂျီးနီးယားပြည်နယ် Hampton မှာရှိတဲ့ Langley-Eustis ပူးတွဲ စစ်အခြေစိုက်စခန်းကို သမ္မတ Joe Biden သွားရောက်ပြီး စစ်သည်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ် မေလ နောက်ဆုံးပတ်အတွင်း ဦးနှောက်ကင်ဆာနဲ့ ဆုံးပါးခဲ့ရတဲ့ စစ်မှုထမ်းဟောင်း သားဖြစ်သူ Beau Biden အတွက် အောက်မေ့ဖွယ် အခမ်းအနားနဲ့ စခဲ့ပြီးနောက် သမ္မတ Biden က စစ်မှုထမ်းတွေနဲ့ မိသားစုတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုကို ချီးကျူး ပြောဆိုခဲ့ပါတယ်။

“အမေရိကန် စစ်သည်တွေဟာ အမေရိကန် ပိုင်ဆိုင်သမျှထဲက အကောင်းဆုံး ဖြစ်ပါတယ်။” လို့ သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ကိုလည်း သမ္မတ Biden က အလေးထား ထည့်သွင်း ပြောဆိုခဲ့ပြီး အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲဖြစ်တဲ့ အာဖဂန်မှာ အကြိမ်ကြိမ် သွားရောက် စစ်မှုထမ်းခဲ့သူတွေကိုလည်း ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

စစ်သည်တွေကို ကျေးဇူးတင်ကြောင်း သမ္မတက ပြောဆိုခဲ့သလို လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာရှိတဲ့ စစ်သည်တွေက ကျန်တဲ့ ပြည်သူ ၉၉ ရာခိုင်နှုန်းကို ကာကွယ်ပေးနေတာ ဖြစ်ကြောင်းလည်း သမ္မတက ပြောဆိုခဲ့ပါတယ်။ ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ကတော့ တနင်္လာနေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG