သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် တာလီဘန်လက်အောက် ကျရောက်သွားမည့်အရေး စိုးရိမ်ဖွယ် (ကန်ဗိုလ်ချုပ်ကြီး Scott Miller)


အာဖဂန်ဆိုင်ရာ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး Scott Miller. (စက်တင်ဘာ ၂၊ ၂၀၁၈)

(Zawgyi / Unicode)

နှစ် ၂၀ နီးပါးကြာ အာဖဂန်စစ်ပွဲကနေ အမေရိကန်တပ်တွေ တဖြည်းဖြည်း ဆုတ်ခွာနေချိန်မှာပဲ တာလီဘန်သူပုန်တွေကလည်း နယ်မြေ တခုပြီးတခု သိမ်းပိုက်နေတာကြောင့် ဟိုတချိန်တုန်းကလို တာလီဘန်သူပုန်တွေရဲ့ ထိန်းချုပ်မှုအောက် အာဖဂန်နစ္စတန်နိုင်ငံ ကျရောက်သွားမှာကို စိုးရိမ်ကြောင်း အမေရိကန် စစ်ဘက်အကြီးအကဲတဦးက ပြောပါတယ်။

အာဖဂန်ဆိုင်ရာ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး Scott Miller က ABC ရုပ်သံရဲ့ “This Week” အစီအစဉ် မေးမြန်းခန်းအတွင်း ဖြေကြားရာမှာတော့ တာလီဘန်တွေ အင်အားပြန်ကောင်းလာကြောင်း၊ နယ်မြေ ပြန်လည် လက်လွှတ်ဆုံရှုံးနေရတာအတွက် စိုးရိမ်စရာကောင်းကြောင်း၊ အာဖဂန်မိတ်ဆွေတွေ ချန်ထားခဲ့ရမှာမျိုးကို သူ့အနေနဲ့ မနှစ်သက်ဘူးလို့ ပြောသွားတာပါ။

အမေရိကန်တပ်တွေ ဆုတ်ခွာနေတာနဲ့အမျှ တာလီဘန်တွေ ပိုလှုပ်ရှားလာကြပြီး မေလ အစောပိုင်းကစလို့ နယ်မြေတွေ တခုပြီးတခု သိမ်းပိုက်လာလိုက်တာ အခုဆိုရင် ခရိုင်ဒေသ ၁၀၀ ကျော် သိမ်းပိုက်ထားပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

အာဖဂန်မှာ ဆယ်စုနှစ် ၂ ခုကြာ ဆင်နွှဲခဲ့တဲ့ စစ်ပွဲအတွင်း အမေရိကန်စစ်သည် ၂,၃၀၀ လောက် ကျရှုံးခဲ့ပေမယ့် အမေရိကန်က တိုက်ပွဲတွေမှာ အောင်မြင်မှု ရခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး Miller က ဆိုပါတယ်။ အာဖဂန်စစ်ပွဲအတွင်း အမေရိကန်စစ်တပ်ရဲ့ စွမ်းဆောင်ချက်နဲ့ ပတ်သက်လို့တော့ ကိုယ့်ဘာသာ ဆန်းစစ်မှုက ပိုအရေးကြီးလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)






XS
SM
MD
LG