သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တပ်ရုပ်ပြီး အာဖဂန်မှာ တာလီဘန်ကြီးစိုးလာနိုင်ခြေ ကုလသတိပေး


ကဘူးမြို့ဗုန်းကွဲမှုမြင်ကွင်း 06/03/2021 (ဓာတ်ပုံ- AFP)
ကဘူးမြို့ဗုန်းကွဲမှုမြင်ကွင်း 06/03/2021 (ဓာတ်ပုံ- AFP)

(Zawgyi/Unicode)
အာဖဂနစ္စတန်နိုင်ငံကနေ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းပြီးတဲ့အခါ ဆွေးနွေးညှိနှိုင်းမှုကနေ မရနိုင်တာတွေကို တာလီဘန် စစ်သွေးကြွတွေက အင်အားသုံး ရယူဖို့ ပြင်ဆင်နေပုံရတယ်လို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး သတင်းတွေကို အခြေခံ ပြုစုထားတဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

အမေရိကန်နဲ့ ပြီးခဲ့တဲ့နှစ်ထဲ ရရှိထားတဲ့ သဘောတူညီချက်ကို တာလီဘန်တွေ ဆက်လက် လိုက်နာနေပေမဲ့ အာဏာချုပ်ကိုင်ဖို့ ကြိုးစားလာရာမှာ နိုင်ငံတဝန်းက ဒေသန္တရအဆင့် အုပ်ချုပ်မှုတွေရဲ့ တဝက်ကျော်လောက်ကို တိုက်ရိုက်ထိမ်းချုပ်ထားပြီး၊ မြို့ပြဒေသ ပြင်ပနယ်မြေ ၇၀ ရာခိုင်နှုန်းလောက်ကိုလည်း ထိန်းချုပ်ထားတာ၊ ဒါမှမဟုတ် ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေတယ်လို့လည်း အာဖဂနစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

တာလီဘန်တွေရဲ့ ပြောကြားချက်တွေနဲ့ နွေဦးပေါက်ရာသီ စစ်ဆင်ရေးအတွက် ပြင်ဆင်မှု သတင်းတွေအရ ဒီနှစ်ထဲမှာ ထိုးစစ်အရှိန်မြင့်လာနိုင်တယ်လို့လည်း ပြောပါတယ်။ အဓိကကျတဲ့ မြို့ပြတွေမှာလည်း တာလီဘန် တပ်မှူးတွေက အင်အားဖြည့်တင်းထားပြီး အသင့်ပြင်ထားတာကြောင့်၊ နိုင်ငံခြားတပ်တွေ ထွက်ခွာသွားတဲ့အခါ တိုက်ခိုက်ခံရရင် ချက်ခြင်းတုံ့ပြန်ဖို့ မလွယ်တဲ့ အချိန်အတွက် ပြင်ဆင်ထားပုံရတယ်လို့လည်း ထောက်လှမ်းရေး အစီရင်ခံစာက သုံးသပ်ထားတာပါ။ အမေရိကန်နဲ့ သဘောတူညီချက်မှာ လက်ခံထားသလို အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့နဲ့လည်း တာလီဘန်တွေက အဆက်ဖြတ်တဲ့ လက္ခဏာမျိုး သိသိသာသာ မတွေ့ရတာကိုလည်း အစီရင်ခံစာမှာ သတိပေးထားပါတယ်။

....................................................................

တိုက်ရိုက် လင့်ခ်



(Unicode)



XS
SM
MD
LG