{{Zawgyi/Unicode}}
အာဖဂန်နစ္စတန်နိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညီလာခံတခုကို ကျင်းပဖို့အတွက် ပါကစ္စတန်နိုင်ငံက စီစဉ်နေပါတယ်။
ဒါဟာ အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံထဲက ရုတ်သိမ်းနေစဉ်မှာ အဲဒီလို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ ပါကစ္စတန်ထိပ်တန်းအရာရှိတွေက ဗွီအိုအေ ကို မနေ့ ဗုဒ္ဓဟူးနေ့က ပြောဆိုချက်အရ အဲဒီညီလာခံကို ဒီလ ဂျူလိုင် ၁၇ ရက်နေ ၁၉ ရက်နေ့အထိပြုလုပ်မှာဖြစ်ပြီး အာဖဂန်နိုင်ငံရေး ခေါင်းဆောင် အတော်များများက တက်ရောက်ကြလိမ့်မယ်လို့သိရပါတယ်။ အဲဒီအထဲမှာ အာဖဂန်နစ္စတန် သမ္မတရဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Salahuddin Rabbani ၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း Hazara တို့ကလည်း တက်ရောက်မယ်လို့ ဗွီအိုအေ ကိုပြောပါတယ်။
ဒါပေမယ့်လည်း ကျင်းပမဲနေရက်ကိုတော့ ဆွေးနွေးနေကြဆဲဖြစ်တယ်လို့ဆိုပါတယ်။
ရေရှည်တည်တန့်တဲ့ အနာဂတ်ငြိမ်းချမ်းရေးဆွေနွေးမှုတွေအတွက် သဘောတူညီမှုရရှိရေးကိုတော့ အာဖဂန်တွေကို ကိုယ်တိုင်တာဝန်ယူကြရမှာဖြစ်တယ်လို့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်က ပြောပါတယ်။
အာဖဂန်စစ်ပြေး ဒုက္ခသည်ပေါင်း သုံးသန်းကျော်ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ ခိုလှုံနေထိုင်နေကြပါတယ်။
..........................................
{{Unicode}}