သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် Hacker တွေ အိမ်နီးချင်းနိုင်ငံတွေ လုံခြုံရေးကို ဝင်ရောက်ထောက်လှမ်း


{{Zawgyi/Unicode}}

အာရှအလယ်ပိုင်းဒေသက နိုင်ငံတွေရဲ့ ကွန်ပြူတာအချက်အလက်တွေ ခိုးယူနေတဲ့လုပ်ရပ်တွေထဲ ကတခုအနေနဲ့ တရုတ်ကွန်ပြူတာ Hackers တွေဟာ အာဖဂန်နစ္စတန် အမျိုးသား လုံခြုံရေးကောင်စီ ရဲ့ကွန်ပြူတာစနစ်တွေကို မကြာသေးခင်က တိုက်ခိုက်ခဲ့တယ်လို့ Cyber လုံခြုံရေး ကျွမ်းကျင်သူတွေကပြောပါတယ်။

IndigoZebra လို့လူသိများတဲ့ တရုတ်စကားပြော ကွန်ပြူတာ Hackers နှောက်ယှက်သူတွေလို့ စွပ်စွဲထားသူတွေဟာ ၂ဝ၁၄ ခုနှစ်က အိမ်နီးချင်း Uzbekistanနဲ့ Kyrgyzstan နိုင်ငံတွေက နိုင်ငံရေးဆိုင်ရာအဖွဲ့တွေကို ပစ်မှတ်ထား ကွန်ပြူတာတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့လည်း Cyber လုံခြုံရေး ကျွမ်းကျင်သူတွေက မနေ့ ကြာသပတေးနေ့ကပြောပါတယ်။

အဲဒီကျွန်ပြူတာတိုက်ခိုက်သူတွေဟာ အာဖဂန်နစ္စတန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ နဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ သမတရုံးက အဆင့်မြင့်အရာရှိ အရာရှိတဦးဆီက အချက်အလက်တွေကိုလည်း ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းက တိုက်ခိုက်ခိုးယူခဲ့တယ်လို့ Cyber လုံခြုံရေး ကျွမ်းကျင်သူတွေက မနေ့ ကြာသပတေးနေ့ကပြောပါတယ်။

ဒီလိုအချက်အလက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ တရုတ်သံရုံးကို တစုံတရာပြောကြားဖို့ တောင်းဆိုခဲ့ပေမယ့် ငြင်းဆိုခဲ့ပါတယ်။

.........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





XS
SM
MD
LG