သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ ပိုးခါးပတ္လမ္းနဲ႔အၿပိဳင္ B3W စီမံကိန္း G7 လုပ္ေဆာင္မည္


ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔ အေမရိကန္သမၼတ Joe Biden တို႔ကို G-7 ထိပ္သီးေဆြးေႏြးပဲြအတြင္း ေတြ႔ရ။

[ Zawgyi ]

G-7 ထိပ္သီးေတြ႔ဆုံမႈဟာ ထူးျခားေကာင္းမြန္တဲ့ ပူးေပါင္းေဆာင္ရြက္မႈ ျဖစ္ၿပီး အက်ဳိးမ်ားေစတဲ့ စည္းေဝးပဲြျဖစ္တယ္လို႔ အေမရိကန္သမၼတ Joe Biden က မွတ္ခ်က္ေပးပါတယ္။ ခုလို ေတြ႔ဆုံမႈကေန ကုိဗစ္ကပ္ေရာဂါ တိုက္ဖ်က္ေရး၊ ကမၻာ့စီးပြားေရး ျပန္လည္ႏုိးထလာေစေရးနဲ႔ တ႐ုတ္ရဲ႕ မေကာင္းတဲ့ အမူအက်င့္ေတြ ေျပာင္းလဲလာေစေရးအတြက္ နာမည္ထုတ္ေဖာ္ ေျပာဆိုခဲ့ၾကတာပါ။

G-7 ထိပ္သီးစည္းေဝးပဲြအၿပီး ထုတ္ျပန္တဲ့ Carbis ပင္လယ္ေအာ္ ေၾကညာခ်က္ထဲမွာေတာ့ ကမၻာ့စီးပြားေရး ျပန္လည္ႏိုးထလာေစဖို႔ အေမရိကန္ေဒၚလာ ၁၂ ထရီလ်ံ သုံးစြဲသြားမယ့္အေၾကာင္းလည္း ပါဝင္ပါတယ္။

ဒါ့အျပင္ တ႐ုတ္ႏုိင္ငံကို ထိန္းညႇိႏုိင္ေရးအတြက္ တ႐ုတ္ရဲ႕ ပိုးခါးပတ္လမ္း စီမံကိန္းကုိ ယွဥ္ၿပဳိင္ႏို္င္ဖို႔ ဝင္ေငြ အလယ္အလတ္နဲ႔ ဝင္ေငြနည္း ႏိုင္ငံေတြမွာ ေရ မီး လမ္းပန္း အေျခခံအေဆာက္အဦ တည္ေဆာက္ေပးမယ့္ "Build Back Better World" ပုိမိုေကာင္းမြန္တဲ့ ကမၻာႀကီး ျပန္လည္ထူေထာင္ေရးဆိုတဲ့ G-7 ရဲ႕ “B3W” စီမံကိန္းအသစ္ လုပ္ေဆာင္သြားဖို႔ကို ေၾကညာခဲ့ပါတယ္။

G-7 ထိပ္သီးစည္းေဝးပဲြကုိ ၿဗိတိန္ႏိုင္ငံက ကမကထျပဳ က်င္းပခဲ့တာျဖစ္ၿပီး အေမရိကန္၊ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီနဲ႔ ဂ်ပန္ စတဲ့ ကမၻာ့အခ်မ္းသာဆုံး ဒီမုိကေရစီႏိုင္ငံက ေခါင္းေဆာင္ေတြ လူကုိယ္တုိင္ တက္ေရာက္ၾကသလို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres လည္း တက္ေရာက္ခဲ့ပါတယ္။

သဘာဝဝန္းက်င္ ထိန္းသိမ္းေရးသမားေတြက ဆႏၵျပေနတဲ့ၾကားကပဲ ဒီ ထိပ္သီးစည္းေဝးပဲြမွာ သေဘာတူညီခ်က္ မရႏိုင္ခဲ့တဲ့ အခ်က္ကေတာ့ ရာသီဥတုေျပာင္းလဲမႈ တုိက္ဖ်က္ေရးကို ဘယ္အခ်ိန္မွာ အၿပီးသတ္ လုပ္ေဆာင္မလဲဆိုတာ ေၾကညာႏိုင္ခဲ့ျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

တရုတ် ပိုးခါးပတ်လမ်းနဲ့အပြိုင် B3W စီမံကိန်း G7 လုပ်ဆောင်မည်

G-7 ထိပ်သီးတွေ့ဆုံမှုဟာ ထူးခြားကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး အကျိုးများစေတဲ့ စည်းဝေးပွဲဖြစ်တယ်လို့ အမေရိကန်သမ္မတ Joe Biden က မှတ်ချက်ပေးပါတယ်။ ခုလို တွေ့ဆုံမှုကနေ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထလာစေရေးနဲ့ တရုတ်ရဲ့ မကောင်းတဲ့ အမူအကျင့်တွေ ပြောင်းလဲလာစေရေးအတွက် နာမည်ထုတ်ဖော် ပြောဆိုခဲ့ကြတာပါ။

G-7 ထိပ်သီးစည်းဝေးပွဲအပြီး ထုတ်ပြန်တဲ့ Carbis ပင်လယ်အော် ကြေညာချက်ထဲမှာတော့ ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထလာစေဖို့ အမေရိကန်ဒေါ်လာ ၁၂ ထရီလျံ သုံးစွဲသွားမယ့်အကြောင်းလည်း ပါဝင်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံကို ထိန်းညှိနိုင်ရေးအတွက် တရုတ်ရဲ့ ပိုးခါးပတ်လမ်း စီမံကိန်းကို ယှဉ်ပြိုင်နိုင်ဖို့ ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနည်း နိုင်ငံတွေမှာ ရေ မီး လမ်းပန်း အခြေခံအဆောက်အဦ တည်ဆောက်ပေးမယ့် "Build Back Better World" ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး ပြန်လည်ထူထောင်ရေးဆိုတဲ့ G-7 ရဲ့ “B3W” စီမံကိန်းအသစ် လုပ်ဆောင်သွားဖို့ကို ကြေညာခဲ့ပါတယ်။

G-7 ထိပ်သီးစည်းဝေးပွဲကို ဗြိတိန်နိုင်ငံက ကမကထပြု ကျင်းပခဲ့တာဖြစ်ပြီး အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန် စတဲ့ ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံက ခေါင်းဆောင်တွေ လူကိုယ်တိုင် တက်ရောက်ကြသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres လည်း တက်ရောက်ခဲ့ပါတယ်။

သဘာဝဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ဆန္ဒပြနေတဲ့ကြားကပဲ ဒီ ထိပ်သီးစည်းဝေးပွဲမှာ သဘောတူညီချက် မရနိုင်ခဲ့တဲ့ အချက်ကတော့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို ဘယ်အချိန်မှာ အပြီးသတ် လုပ်ဆောင်မလဲဆိုတာ ကြေညာနိုင်ခဲ့ခြင်း မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG