သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻ႔ကပ္ေဘး တုိက္ဖ်က္ေရး အစီအစဥ္ G-7 ေခါင္းေဆာင္ေတြ ေၾကညာဖြယ္ရွိ


G-7 ထိပ္သီးအစည္းအေဝး တက္ေရာက္ေနတဲ့ အေမရိကန္သမၼတ Joe Biden (ယာ) နဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson. (ဇြန္ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

အဂၤလန္မွာ က်င္းပေနတဲ့ စက္မႈထိပ္သီး ၇ ႏုိင္ငံ G-7 ထိပ္သီးညီလာခံမွာ တက္ေရာက္ေနတဲ့ ကမၻာ့ေခါင္းေဆာင္ေတြက ကမၻာမွာ ေနာက္ထပ္ ကပ္ေဘးေရာဂါေတြ ျဖစ္လာရင္ ပထမဆံုး ရက္ ၁၀၀ အတြင္းမွာ တုိက္ဖ်က္ေရး - Carbis Bay ေၾကညာခ်က္ကို ကတိျပဳၾကမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

အဂၤလန္ အေနာက္ေတာင္ပိုင္းက အပန္းေျဖရြာ Carbis Bay မွာ G-7 ထိပ္သီးညီလာခံကို စေနေန႔မွာ ဒုတိယေျမာက္ေန႔အျဖစ္ က်င္းပခဲ့ၿပီး ေခါင္းေဆာင္ေတြ ေဆြးေႏြးခဲ့ၾကတာပါ။ တနဂၤေႏြေန႔မွာ ၿပီးဆံုးမယ့္ သံုးရက္ၾကာ ထိပ္သီးညီလာခံအတြင္း ဒီအစီအစဥ္ကို ေထာက္ပံ႔ေရးအတြက္ ေခါင္းေဆာင္ေတြ ကတိျပဳၾကမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

COVID-19 ဆိုးဆိုးရြားရြား ျဖစ္ေနတဲ့ အိႏၵိယႏုိင္ငံကိုလည္း ဖိတ္ၾကားထားတာပါ။ ဒါေပမယ့္လည္း COVID-19 ျဖစ္ပြားမႈ ဆိုးေနတာေၾကာင့္ အိႏၵိယ ကိုယ္စားလွယ္အဖြဲ႔က အစည္းအေဝးကို လူကိုယ္တိုင္ မတက္ေရာက္ပါဘူး။ အိႏၵိယမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 လူနာသစ္ ၈၄,၃၃၂ ဦးရွိၿပီး ရက္ေပါင္း ၇၀ အတြင္း ေန႔စဥ္ကူးစက္မႈ အနည္းဆံုးျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက စေနေန႔မွာ ေျပာပါတယ္။

႐ုရွားမွာ ေန႔စဥ္ကူးစက္မႈသစ္ ၁၃,၅၁၀ ဦးရွိေၾကာင္း စေနေန႔မွာ ထုတ္ျပန္ခဲ့ၿပီး ေသာၾကာေန႔က ေၾကညာတဲ့ အေရအတြက္ထက္ ၁,၀၀၀ ေက်ာ္ တိုးလာတာ ျဖစ္ပါတယ္။

ကမၻာတလႊား COVID-19 ျဖစ္ပြားသူ အေရအတြက္ ၁၇၅ ဒသမ ၂ သန္းေက်ာ္ထိ ေရာက္ရွိေၾကာင္း Johns Hopkins က စေနေန႔ အေစာပိုင္းမွာ ထုတ္ျပန္ထားပါတယ္။ ကူးစက္သူ စုစုေပါင္း ၃၃ ဒသမ ၄ သန္းနဲ႔ အေမရိကန္က အမ်ားဆံုးျဖစ္ၿပီး အိႏၵိယက ၂၉ ဒသမ ၃ သန္းနဲ႔ ဒုတိယအမ်ားဆံုး ျဖစ္ပါတယ္။ ႐ုရွားမွာေတာ့ COVID-19 ျဖစ္ပြားသူ ၅ သန္းေက်ာ္ထိ စံခ်ိန္တင္ ေရာက္ရွိလာေၾကာင္းလည္း Johns Hopkins ရဲ႕ စာရင္းက ေဖာ္ျပပါတယ္။

“ဒီသီတင္းပတ္အတြင္း အလုပ္က ၁ ဆခြဲေလာက္ ပိုမ်ားလာပါတယ္။ COVID-19 ကူးစက္မႈကို ႀကိဳတင္ကာကြယ္ေရးလုပ္ဖို႔၊ လူထုၾကား ထိေတြ႔မႈေလွ်ာ့ဖို႔ အေရးႀကီးတယ္။” လို႔ ေမာ္စကိုၿမိဳ႕ေတာ္က အေရးေပၚေဆးခန္း ဆရာဝန္ႀကီး Nikolay Pavlunov က ေျပာခဲ့တာပါ။

႐ုရွားႏုိင္ငံၿမိဳ႕ေတာ္ ေမာ္စကိုမွာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈက ၂ ဆထိ တိုးလာတာေၾကာင့္ စီးပြားေရးလုပ္ငန္းေတြကို ကန္႔သတ္ခ်က္ေတြ ထုတ္ထားသလို အလုပ္ခြင္တခ်ိဳ႕လည္း တပတ္ၾကာ ပိတ္ထားဖို႔ စေနေန႔မွာ ေမာ္စကို ၿမိဳ႕ေတာ္ဝန္က ညႊန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ကမ္ဘာ့ကပ်ဘေး တိုက်ဖျက်ရေး အစီအစဉ် G-7 ခေါင်းဆောင်တွေ ကြေညာဖွယ်ရှိ

အင်္ဂလန်မှာ ကျင်းပနေတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G-7 ထိပ်သီးညီလာခံမှာ တက်ရောက်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ကမ္ဘာမှာ နောက်ထပ် ကပ်ဘေးရောဂါတွေ ဖြစ်လာရင် ပထမဆုံး ရက် ၁၀၀ အတွင်းမှာ တိုက်ဖျက်ရေး - Carbis Bay ကြေညာချက်ကို ကတိပြုကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

အင်္ဂလန် အနောက်တောင်ပိုင်းက အပန်းဖြေရွာ Carbis Bay မှာ G-7 ထိပ်သီးညီလာခံကို စနေနေ့မှာ ဒုတိယမြောက်နေ့အဖြစ် ကျင်းပခဲ့ပြီး ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာပါ။ တနင်္ဂနွေနေ့မှာ ပြီးဆုံးမယ့် သုံးရက်ကြာ ထိပ်သီးညီလာခံအတွင်း ဒီအစီအစဉ်ကို ထောက်ပံ့ရေးအတွက် ခေါင်းဆောင်တွေ ကတိပြုကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

COVID-19 ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အိန္ဒိယနိုင်ငံကိုလည်း ဖိတ်ကြားထားတာပါ။ ဒါပေမယ့်လည်း COVID-19 ဖြစ်ပွားမှု ဆိုးနေတာကြောင့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့က အစည်းအဝေးကို လူကိုယ်တိုင် မတက်ရောက်ပါဘူး။ အိန္ဒိယမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၈၄,၃၃၂ ဦးရှိပြီး ရက်ပေါင်း ၇၀ အတွင်း နေ့စဉ်ကူးစက်မှု အနည်းဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။

ရုရှားမှာ နေ့စဉ်ကူးစက်မှုသစ် ၁၃,၅၁၀ ဦးရှိကြောင်း စနေနေ့မှာ ထုတ်ပြန်ခဲ့ပြီး သောကြာနေ့က ကြေညာတဲ့ အရေအတွက်ထက် ၁,၀၀၀ ကျော် တိုးလာတာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား COVID-19 ဖြစ်ပွားသူ အရေအတွက် ၁၇၅ ဒသမ ၂ သန်းကျော်ထိ ရောက်ရှိကြောင်း Johns Hopkins က စနေနေ့ အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ကူးစက်သူ စုစုပေါင်း ၃၃ ဒသမ ၄ သန်းနဲ့ အမေရိကန်က အများဆုံးဖြစ်ပြီး အိန္ဒိယက ၂၉ ဒသမ ၃ သန်းနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ရုရှားမှာတော့ COVID-19 ဖြစ်ပွားသူ ၅ သန်းကျော်ထိ စံချိန်တင် ရောက်ရှိလာကြောင်းလည်း Johns Hopkins ရဲ့ စာရင်းက ဖော်ပြပါတယ်။

“ဒီသီတင်းပတ်အတွင်း အလုပ်က ၁ ဆခွဲလောက် ပိုများလာပါတယ်။ COVID-19 ကူးစက်မှုကို ကြိုတင်ကာကွယ်ရေးလုပ်ဖို့၊ လူထုကြား ထိတွေ့မှုလျှော့ဖို့ အရေးကြီးတယ်။” လို့ မော်စကိုမြို့တော်က အရေးပေါ်ဆေးခန်း ဆရာဝန်ကြီး Nikolay Pavlunov က ပြောခဲ့တာပါ။

ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ၂ ဆထိ တိုးလာတာကြောင့် စီးပွားရေးလုပ်ငန်းတွေကို ကန့်သတ်ချက်တွေ ထုတ်ထားသလို အလုပ်ခွင်တချို့လည်း တပတ်ကြာ ပိတ်ထားဖို့ စနေနေ့မှာ မော်စကို မြို့တော်ဝန်က ညွှန်ကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG