သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်နဲ့ အမေရိကန်ဆန္ဒပြပွဲ သတင်းတွေအတွက် ပူလစ်ဇာဆုချီးမြှင့်ခံရ


ပူလစ်ဇာဆု
ပူလစ်ဇာဆု

(Zawgyi/Unicode)

အမေရိကန် သတင်းလောကမှာ ထင်ရှားတဲ့ ပူလစ်ဇာဆုအတွက် ဒီနှစ်မှာ ကိုဗစ်ကပ်ရောဂါနဲ့ အမေရိကန်က ဆန္ဒပြပွဲတွေကို ဖော်ပြခဲ့တဲ့ သတင်းတွေအတွက် ဆုချီးမြှင့်လိုက်ပါတယ်။

Minnesota ပြည်နယ်၊ Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd သေဆုံးမှုနဲ့ ပတ်သက်လို့ အရေးပေါ် သတင်းဖော်ပြခဲ့တဲ့ Minneapolis မြို့က Star Tribune သတင်းဌာနနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေဖော်ပြတဲ့အတွက် New York Times သတင်းစာတို့ကို ပူလစ်ဇာဆု ချီးမြှင့်လိုက်တာပါ။

လူမည်းအမျိုးသား Floyd ရဲတပ်ဖွဲ့ဝင် တချို့ရဲ့ လက်ချက်နဲ့ သေဆုံးမှုကို ဗွီဒီယိုရိုက်ကူးခဲ့တဲ့ ဆယ်ကျော်သက်ရွယ် Darnella Frazier ကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါတယ်။ AP သတင်းဌာနကတော့ ဓာတ်ပုံဆု ၂ ဆု ရရှိခဲ့တာပါ။ ပူလစ်ဇာဆုကို ဧပြီလ ၁၉ ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားပေမဲ့ ကိုဗစ်ကပ်ရောဂါ ကာလမှာ ဆုရွေးချယ်ရေး ဘုတ်အဖွဲ့ဝင် ၁၈ ယောက် လူကိုယ်တိုင် တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင် ဆုံးဖြတ်နိုင်ဖို့ ဇွန်လအထိ ရွှေ့ခဲ့ရတာပါ။ ကပ်ရောဂါကာလမှာ ဆုရွေးချယ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်မှာတုန်းကလည်း ဆုရှင်စာရင်း ကြေညာဖို့ သီတင်း ၂ ပတ် ရွှေ့ခဲ့ရပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ သတင်းသမားတွေကြား အမြင့်ဆုံးဆုဖြစ်တဲ့ ပူလစ်ဇာဆုကိုတော့ ၁၉၁၇ ခုနှစ်ကစတင် ချီးမြှင့်ခဲ့တာပါ။ ပုံမှန်အားဖြင့် ကိုလံဘီယာတက္ကသိုလ်မှာ နှစ်စဉ် မေလရောက်တိုင်း အခမ်းအနားနဲ့ ဆုချီးမြှင့်လေ့ရှိပေမဲ့ ကပ်ရောဂါကာလ ဖြစ်တာကြောင့် အစီအစဉ်တွေကိုလည်း ရွှေ့ဆိုင်းထားရပါတယ်။

၂၀၁၈ ခုနှစ် ပူလစ်ဇာဆု ချီးမြှင့်ရာမှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအကြောင်း ဖော်ပြခဲ့တဲ့အတွက် Reuters သတင်းဌာနက မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျထွန်း ပူးတွဲဆုချီးမြှင့်ခံခဲ့ရသလို၊ အင်ဒိုနီးရှားကျွန်းတွေပေါ်မှာ ကျေးကျွန်တွေလို ခိုင်းစေခံရတဲ့ မြန်မာငါးဖမ်းသမားတွေအကြောင်း စုံစမ်းဖော်ထုတ်ခဲ့တဲ့ AP သတင်းဌာနက Esther Htusan လည်း ပူးတွဲဆုရရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)





XS
SM
MD
LG