(Zawgyi/Unicode)
အေမရိကန္သမၼတ Joe Biden ဟာ သမၼတျဖစ္လာၿပီးေနာက္ သူ႔ရဲ႕ပထမဦးဆံုး ျပည္ပခရီးစဥ္အျဖစ္ ဥေရာပတိုက္ကို ဗုဒၶဟူးေန႔က ေရာက္ရွိသြားပါၿပီ။ ရုရွားသမၼတ Vladimir Putin နဲ႔ Geneva မွာေနာက္တပတ္ေတြ႔ဆံုမယ့္ ထိပ္သီးေဆြးေႏြးပြဲမတိုင္ခင္ အေမရိကန္ရဲ႕ အေနာက္မဟာမိတ္ ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုမွာျဖစ္ပါတယ္။
ပထမခရီးတေထာက္အျဖစ္ ၿဗိတိန္ႏိုင္ငံ Mildenhall ေတာ္၀င္ ေလတပ္စခန္းမွာရွိတဲ့ အေမရိကန္တပ္ဖြဲ႔၀င္ေတြကို ေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။
ခရီးစဥ္ေနာက္ပိုင္းေတြ႔ဆံုဖို႔ရွိတဲ့ ရုရွားသမၼတ Vladimir Putin နဲ႔ ပတ္သက္လို႔လည္း ရုရွားအစိုးရက အႏၱရာယ္ရွိတဲ့ လုပ္ရပ္ေတြကို လုပ္ေဆာင္ေနတဲ့အတြက္ အေမရိကန္ျပည္ေထာင္စုက ဒါကို ျပတ္သားၿပီး အဓိပၸါယ္ရွိတဲ့နည္းနဲ႔ တံု႔ျပန္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။
သူ႔ခရီးစဥ္ အဓိက ရည္ရြယ္ခ်က္ဟာ မဟာမိတ္ေတြနဲ႔ ဆက္ဆံေရး ခိုင္ျမဲေစဖို႔ ျဖစ္ၿပီး တကမာၻလံုးဆိုင္ရာ COVID ေရာဂါတိုက္ဖ်က္ေရး ကာကြယ္ေဆးထိုးႏွံဖို႔ မဟာဗ်ဴဟာသစ္တရပ္ကို ေၾကညာဖို႔ရွိတယ္လို႔လည္း ေျပာၾကားသြားပါတယ္။
...........
သမ္မတ Biden ဥရောပခရီးစဉ် စတင်
(Unicode)
အမေရိကန်သမ္မတ Joe Biden ဟာ သမ္မတဖြစ်လာပြီးနောက် သူ့ရဲ့ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် ဥရောပတိုက်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပါပြီ။ ရုရှားသမ္မတ Vladimir Putin နဲ့ Geneva မှာနောက်တပတ်တွေ့ဆုံမယ့် ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အမေရိကန်ရဲ့ အနောက်မဟာမိတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ပထမခရီးတထောက်အဖြစ် ဗြိတိန်နိုင်ငံ Mildenhall တော်ဝင် လေတပ်စခန်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
ခရီးစဉ်နောက်ပိုင်းတွေ့ဆုံဖို့ရှိတဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ ပတ်သက်လို့လည်း ရုရှားအစိုးရက အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ဒါကို ပြတ်သားပြီး အဓိပ္ပါယ်ရှိတဲ့နည်းနဲ့ တုံ့ပြန်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
သူ့ခရီးစဉ် အဓိက ရည်ရွယ်ချက်ဟာ မဟာမိတ်တွေနဲ့ ဆက်ဆံရေး ခိုင်မြဲစေဖို့ ဖြစ်ပြီး တကမ္ဘာလုံးဆိုင်ရာ COVID ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံဖို့ မဟာဗျူဟာသစ်တရပ်ကို ကြေညာဖို့ရှိတယ်လို့လည်း ပြောကြားသွားပါတယ်။