သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ၇ သိန္းခဲြ ထိုင္ဝမ္ကို အေမရိကန္လွဴဒါန္း


အေမရိကန္ အထက္လႊတ္ေတာ္အမတ္ေတြကို ႀကိဳဆုိေနတဲ့ ထုိင္ဝမ္ႏုိင္ငံျခားေရးဝန္ႀကီး Joseph Wu (ယာဒု)။ (ဇြန္ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ အထက္လႊတ္ေတာ္အမတ္ ၃ ဦး ဒီကေန႔ တနဂၤေႏြေန႔မွာ ထိုင္ဝမ္ကို ေရာက္ရွိလာၿပီး အေမရိကန္ျပည္ေထာင္စုက ထိုင္ဝမ္ကို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိုးေဆး ၇ သိန္းခြဲကို လွဴဒါန္းမယ္လို႔ ေၾကညာလိုက္ပါတယ္။

အခုလို အေမရိကန္အမတ္ေတြ ထိုင္ဝမ္ကို ေရာက္ရွိလာၿပီး ကာကြယ္ေဆး လက္ေဆာင္ေပးမယ္ဆိုတဲ့ ေၾကညာခ်က္က ထိုင္ဝမ္တို႔ ကာကြယ္ေဆး ရရွိေရးမွာ တ႐ုတ္တို႔က ကဖ်က္ယဖ်က္ လုပ္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ ထြက္ေပၚေနခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနတာပါ။

ကာကြယ္ေဆးေတြ လွဴဒါန္းေပးမယ့္အေပၚ ထိုင္ဝမ္သမၼတ Tsai Ing-Wen က သမၼတ Joe Biden အစိုးရကို ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။

“အေမရိကန္ျပည္ေထာင္စုက ပထမဆုံးအသုတ္ ကာကြယ္ေဆးလွဴဒါန္းတဲ့ ႏုိင္ငံရပ္ တိုင္းျပည္စာရင္းထဲ ထိုင္ဝမ္ကို ထည့္သြင္းတဲ့အတြက္ သမၼတ Joe Biden အစိုးရကို ေက်းဇူးတင္ပါတယ္။ ထိုင္ဝမ္ကို ေရာက္ရွိေနတဲ့ အထက္လႊတ္ေတာ္အမတ္ ၃ ေယာက္ကိုလည္း ေက်းဇူးတင္ပါတယ္။ ကာကြယ္ေဆးေတြဟာ ထိုင္ဝမ္အတြက္ေတာ့ အခ်ိန္ကိုက္ရြာတဲ့မိုးလိုပါပဲ။ ဒီအကူအညီအတြက္ က်မတို႔ စိတ္ထဲ အၿမဲရွိေနမွာပါ။” လို႔ ထိုင္ဝမ္သမၼတက ေျပာပါတယ္။

ထိုင္ဝမ္ကိုေရာက္ေနတဲ့ အေမရိကန္ အထက္လႊတ္ေတာ္အမတ္ေတြက ပါတီႀကီး ႏွစ္ခုစလုံးက ျဖစ္ပါတယ္။ Tammy Duckworth နဲ႔ Christopher Coons က ဒီမိုကရက္ေတြျဖစ္ၿပီးေတာ့ Dan Sullivan က ရီပတ္ဘလစ္ကန္ ျဖစ္ပါတယ္။ ထိုင္ဝမ္အေနနဲ႔ အခုအခ်ိန္မွာ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရတာကို သိရွိေၾကာင္းနဲ႔ မိတ္ေဆြေတြအေနနဲ႔ အေမရိကန္က အခုလို ထိုင္ဝမ္ကို ေရာက္ရွိေနတာ ျဖစ္ပါတယ္လို႔ ဆီနိတ္တာ Duckworth က ေျပာပါတယ္။

သူတို႔ဟာ ထိုင္ဝမ္က Songshan ေလဆိပ္ကို စစ္ေလယာဥ္နဲ႔ ေရာက္လာတာ ျဖစ္ပါတယ္။ အေမရိကန္ တာဝန္ရွိပုဂၢိဳလ္ေတြ အခုလို ထိုင္ဝမ္ကို စစ္ေလယာဥ္နဲ႔ လာေရာက္တာက ထူးျခားတဲ့ ကိစၥတခုလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး ၇ သိန်းခွဲ ထိုင်ဝမ်ကို အမေရိကန်လှူဒါန်း

အမေရိကန် အထက်လွှတ်တော်အမတ် ၃ ဦး ဒီကနေ့ တနင်္ဂနွေနေ့မှာ ထိုင်ဝမ်ကို ရောက်ရှိလာပြီး အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိုးဆေး ၇ သိန်းခွဲကို လှူဒါန်းမယ်လို့ ကြေညာလိုက်ပါတယ်။

အခုလို အမေရိကန်အမတ်တွေ ထိုင်ဝမ်ကို ရောက်ရှိလာပြီး ကာကွယ်ဆေး လက်ဆောင်ပေးမယ်ဆိုတဲ့ ကြေညာချက်က ထိုင်ဝမ်တို့ ကာကွယ်ဆေး ရရှိရေးမှာ တရုတ်တို့က ကဖျက်ယဖျက် လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။

ကာကွယ်ဆေးတွေ လှူဒါန်းပေးမယ့်အပေါ် ထိုင်ဝမ်သမ္မတ Tsai Ing-Wen က သမ္မတ Joe Biden အစိုးရကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုက ပထမဆုံးအသုတ် ကာကွယ်ဆေးလှူဒါန်းတဲ့ နိုင်ငံရပ် တိုင်းပြည်စာရင်းထဲ ထိုင်ဝမ်ကို ထည့်သွင်းတဲ့အတွက် သမ္မတ Joe Biden အစိုးရကို ကျေးဇူးတင်ပါတယ်။ ထိုင်ဝမ်ကို ရောက်ရှိနေတဲ့ အထက်လွှတ်တော်အမတ် ၃ ယောက်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကာကွယ်ဆေးတွေဟာ ထိုင်ဝမ်အတွက်တော့ အချိန်ကိုက်ရွာတဲ့မိုးလိုပါပဲ။ ဒီအကူအညီအတွက် ကျမတို့ စိတ်ထဲ အမြဲရှိနေမှာပါ။” လို့ ထိုင်ဝမ်သမ္မတက ပြောပါတယ်။

ထိုင်ဝမ်ကိုရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက ပါတီကြီး နှစ်ခုစလုံးက ဖြစ်ပါတယ်။ Tammy Duckworth နဲ့ Christopher Coons က ဒီမိုကရက်တွေဖြစ်ပြီးတော့ Dan Sullivan က ရီပတ်ဘလစ်ကန် ဖြစ်ပါတယ်။ ထိုင်ဝမ်အနေနဲ့ အခုအချိန်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကို သိရှိကြောင်းနဲ့ မိတ်ဆွေတွေအနေနဲ့ အမေရိကန်က အခုလို ထိုင်ဝမ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်လို့ ဆီနိတ်တာ Duckworth က ပြောပါတယ်။

သူတို့ဟာ ထိုင်ဝမ်က Songshan လေဆိပ်ကို စစ်လေယာဉ်နဲ့ ရောက်လာတာ ဖြစ်ပါတယ်။ အမေရိကန် တာဝန်ရှိပုဂ္ဂိုလ်တွေ အခုလို ထိုင်ဝမ်ကို စစ်လေယာဉ်နဲ့ လာရောက်တာက ထူးခြားတဲ့ ကိစ္စတခုလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG