သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္က ကိုဗစ္ထိုးေဆး သန္း ၈၀ ေနွာင္ႀကိဳးမဲ႔ ကူညီမည္


အေမရိကန္ရဲ့ ကိုဗစ္ကာကြယ္ေဆး ေပးပို ့မႈ ေတာင္အာဖရိကနိုင္ငံ Johannesburg သို ့ေရာက္ရွိလာစဥ္ (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)
အေမရိကန္မွာ ပိုလွ်ံေနတဲ့ ကိုဗစ္ေရာဂါ ကာကြယ္ေဆး သန္း ၈၀ ကို ဇြန္လကုန္ ေနာက္ဆုံးထား လွဴဒါန္းမယ့္ အစီအစဥ္ကို သမၼတ Joe Biden အစိုးရက ေၾကညာလိုက္ပါတယ္။ ပထမအသုတ္အျဖစ္ ေဆး ၂၅ သန္းကို လိုအပ္ေနတဲ့ ေဒသေတြကို ဦးစားေပး လွဴဒါန္းသြားမွာ ျဖစ္ေၾကာင္းလည္း ၾကာသပေတးေန႔ အိမ္ျဖဴေတာ္ ထုတ္ျပန္ခ်က္မွာ ေျပာဆိုလိုက္တာပါ။ အေမရိကန္ အမ်ဳိးသားလုံျခံဳေရး အၾကံေပးကေတာ့ ေႏွာင္ႀကိဳးမပါတဲ့ အစီအစဥ္အျဖစ္ ေျပာပါတယ္။

“အခြင့္အေရး ေမွ်ာ္ကိုးၿပီးလုပ္တာ မဟုတ္သလို၊ အက်ပ္ကိုင္ဖို႔လည္း မဟုတ္ပါဘူး။ ကာကြယ္ေဆးေတြ ေပးေနတဲ့ တျခားႏိုင္ငံေတြ လုပ္သလို သတ္မွတ္ခ်က္ေတြလည္း မထားပါဘူး။ ဒီေဆးေတြကို လူထုက်န္းမာေရး အေျခအေနေတြ တိုးတက္ဖို႔နဲ႔ ကပ္ေရာဂါကို ေက်ာ္လႊားဖို႔ အကူအညီ လိုေနတဲ့ ႏိုင္ငံေတြကို အခမဲ့ သန္႔သန္႔ရွင္းရွင္း လွဴဒါန္းသြားမွာ ျဖစ္ပါတယ္။” လို႔ အေမရိကန္ အမ်ဳိးသားလုံျခံဳေရး အၾကံေပး Jake Sullivan ၾကာသပေတးေန႔က ေျပာဆိုလိုက္တာပါ။

ဒီအထဲက ၁၉ သန္းကိုေတာ့ ကမာၻေပၚက ၀င္ေငြ အလယ္အလတ္နဲ႔ နည္းပါးတဲ့ ႏိုင္ငံေတြနဲ႔ ေဒသေတြမွာ ကာကြယ္ေဆးရႏိုင္ဖို႔ ရည္ရြယ္ထားတဲ့ ကုလသမဂၢရဲ႕ COVAX အစီအစဥ္ကတဆင့္ ေပးမွာျဖစ္ပါတယ္။ ၆ သန္းကိုေတာ့ ေဒသတြင္းနဲ႔ မိတ္ဖက္ႏိုင္ငံေတြကို စားေပးအျဖစ္ ေပးအပ္သြားမွာပါ။ ဒီအထဲမွာေတာ့ ကေနဒါ၊ ေဟတီ၊ ကိုဆိုဗို၊ မကၠစီကို၊ ေတာင္ကိုရီးယား၊ ယူကရိန္း၊ အေနာက္ဖက္ကမ္းနဲ႔ ဂါဇာေဒသ၊ အီဂ်စ္၊ ေဂ်ာ္ဂ်ီယာ၊ အီရတ္၊ ေဂ်ာ္ဒန္၊ ယီမင္ႏိုင္ငံေတြအျပင္ ကြင္းဆင္း အလုပ္လုပ္ေနရတဲ့ ကုလသမဂၢ ၀န္ထမ္းေတြလည္း ပါ၀င္မွာ ျဖစ္ပါတယ္။ COVAX အစီအစဥ္ကေန ေပးအပ္မယ့္ ေဆး ၁၉ သန္းအနက္ ၆ သန္းကိုေတာ့ အေမရိကတိုက္ အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းႏိုင္ငံေတြကို ေပးအပ္ဖို႔ စီစဥ္ထားၿပီး၊ ၇ သန္းေလာက္ကိုေတာ့ အာရွတိုက္ကို ေပးအပ္မွာ ျဖစ္ပါတယ္။

...................................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

အမေရိကန်က ကိုဗစ်ထိုးဆေး သန်း ၈၀ နှောင်ကြိုးမဲ့ ကူညီမည်
အမေရိကန်မှာ ပိုလျှံနေတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး သန်း ၈၀ ကို ဇွန်လကုန် နောက်ဆုံးထား လှူဒါန်းမယ့် အစီအစဉ်ကို သမ္မတ Joe Biden အစိုးရက ကြေညာလိုက်ပါတယ်။ ပထမအသုတ်အဖြစ် ဆေး ၂၅ သန်းကို လိုအပ်နေတဲ့ ဒေသတွေကို ဦးစားပေး လှူဒါန်းသွားမှာ ဖြစ်ကြောင်းလည်း ကြာသပတေးနေ့ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ပြောဆိုလိုက်တာပါ။ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးကတော့ နှောင်ကြိုးမပါတဲ့ အစီအစဉ်အဖြစ် ပြောပါတယ်။

“အခွင့်အရေး မျှော်ကိုးပြီးလုပ်တာ မဟုတ်သလို၊ အကျပ်ကိုင်ဖို့လည်း မဟုတ်ပါဘူး။ ကာကွယ်ဆေးတွေ ပေးနေတဲ့ တခြားနိုင်ငံတွေ လုပ်သလို သတ်မှတ်ချက်တွေလည်း မထားပါဘူး။ ဒီဆေးတွေကို လူထုကျန်းမာရေး အခြေအနေတွေ တိုးတက်ဖို့နဲ့ ကပ်ရောဂါကို ကျော်လွှားဖို့ အကူအညီ လိုနေတဲ့ နိုင်ငံတွေကို အခမဲ့ သန့်သန့်ရှင်းရှင်း လှူဒါန်းသွားမှာ ဖြစ်ပါတယ်။” လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan ကြာသပတေးနေ့က ပြောဆိုလိုက်တာပါ။

ဒီအထဲက ၁၉ သန်းကိုတော့ ကမ္ဘာပေါ်က ဝင်ငွေ အလယ်အလတ်နဲ့ နည်းပါးတဲ့ နိုင်ငံတွေနဲ့ ဒေသတွေမှာ ကာကွယ်ဆေးရနိုင်ဖို့ ရည်ရွယ်ထားတဲ့ ကုလသမဂ္ဂရဲ့ COVAX အစီအစဉ်ကတဆင့် ပေးမှာဖြစ်ပါတယ်။ ၆ သန်းကိုတော့ ဒေသတွင်းနဲ့ မိတ်ဖက်နိုင်ငံတွေကို စားပေးအဖြစ် ပေးအပ်သွားမှာပါ။ ဒီအထဲမှာတော့ ကနေဒါ၊ ဟေတီ၊ ကိုဆိုဗို၊ မက္ကစီကို၊ တောင်ကိုရီးယား၊ ယူကရိန်း၊ အနောက်ဖက်ကမ်းနဲ့ ဂါဇာဒေသ၊ အီဂျစ်၊ ဂျော်ဂျီယာ၊ အီရတ်၊ ဂျော်ဒန်၊ ယီမင်နိုင်ငံတွေအပြင် ကွင်းဆင်း အလုပ်လုပ်နေရတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ COVAX အစီအစဉ်ကနေ ပေးအပ်မယ့် ဆေး ၁၉ သန်းအနက် ၆ သန်းကိုတော့ အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းနိုင်ငံတွေကို ပေးအပ်ဖို့ စီစဉ်ထားပြီး၊ ၇ သန်းလောက်ကိုတော့ အာရှတိုက်ကို ပေးအပ်မှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG