သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သမၼတ အပါအဝင္္ NATO ေခါင္းေဆာင္ေတြ မဟာဗ်ဴဟာ ျပန္သံုးသပ္မည္


အေမရိကန္သမၼတ Joe Biden. (ဇြန္ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္သမၼတ Joe Biden အပါအဝင္ ေျမာက္အတၱလႏၱိတ္စာခ်ဳပ္ NATO အဖြဲ႔ဝင္ ႏုိင္ငံေတြက ေခါင္းေဆာင္ေတြဟာ အဖြဲ႔ရဲ႕ မဟာဗ်ဴဟာ အေျခခံမူဝါဒေတြကုိ ဘယ္လ္ဂ်ီယံႏုိင္ငံ ဘရက္ဆဲလ္ၿမိဳ႕မွာ တနလၤာေန႔ေတြ႔ဆုံၿပီး ေဆြးေႏြးၾကဖုိ႔ ရွိေနပါတယ္။

NATO အဖြဲ႔ရဲ႕ ရည္မွန္းခ်က္ေတြကုိ ၂၀၁၀ ခုႏွစ္က ေနာက္ဆုံး ျပန္လည္ သုံးသပ္ထားခဲ့ၾကတာပါ။ အဲဒီအခ်ိန္ကစလုိ႔ လုံၿခံဳေရးအရ ၿခိမ္းေျခာက္မႈေတြနဲ႔ တျခား စိန္ေခၚမႈေတြဟာ ေျပာင္းလဲသြားခဲ့ၿပီလုိ႔ NATO အဖြဲ႔ရဲ႕ အတြင္းေရးမွဴးခ်ဳပ္ Jen Stoltenberg က ေျပာပါတယ္။

“ဥပမာအားျဖင့္ လက္ရွိအဖြဲ႔ရဲ႕ မဟာဗ်ဴဟာ လုပ္ငန္းစဥ္ေတြထဲမွာ တ႐ုတ္ႏုိင္ငံအေၾကာင္း တခြန္းမွ ေဖာ္ျပထားျခင္း မရွိပါဘူး။ ဥတုရာသီ ေျပာင္းလဲမႈဆုိင္ရာ ကိစၥဟာလည္း မေဖာ္ျပသေလာက္ နည္းပါတယ္။ ၂၀၁၀ ခုႏွစ္ဝန္းက်င္တုန္းက ႐ုရွားနဲ႔ NATO အဖြဲ႔ရဲ႕ ဆက္ဆံေရး အေျခအေနဟာလည္း လက္ရွိနဲ႔ လုံးဝ ကြဲျပားတဲ့ အေနအထားမွာ ရွိေနခဲ့တာပါ” လုိ႔ Jen Stoltenberg က ေသာၾကာေန႔မွာ ေျပာခဲ့ပါတယ္။

သမၼတ Donald Trump လက္ထက္မွာ NATO အဖြဲ႔နဲ႔ ဆက္ဆံေရး အဆင္မေျပမႈေတြ ရွိခဲ့တာေၾကာင့္ အဖြဲ႔ရဲ႕ မဟာဗ်ဴဟာဆုိင္ရာ ေဆြးေႏြးပြဲေတြ မျပဳလုပ္ဖုိ႔ NATO အဖြဲ႔က ဆုံးျဖတ္ထားခဲ့တာပါ။

အဂၤလန္ႏုိင္ငံမွာ က်င္းပေနတဲ့ G-7 စက္မႈထိပ္သီးစည္းေဝးပြဲ အပါအဝင္ NATO အဖြဲ႔ဝင္ ႏုိင္ငံေတြရဲ႕ ထိပ္သီးစည္းေဝးပြဲ၊ အဲဒီေနာက္မွာ ႐ုရွားသမၼတ Vladimir Putin နဲ႔ သီးျခားျပဳလုပ္မယ့္ ထိပ္သီးစည္းေဝးပြဲေတြ တက္ဖုိ႔အတြက္ အေမရိကန္သမၼတ Joe Biden ဟာ ဥေရာပတုိက္ကုိ သြားေရာက္ေနတာ ျဖစ္ပါတယ္။

ဒီကေန႔ တနဂၤေႏြမွာေတာ့ G-7 အဖြဲ႔ရဲ႕ ထိပ္သီးစည္းေဝးပြဲေတြ ၿပီးဆုံးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကန်သမ္မတ အပါအဝင် NATO ခေါင်းဆောင်တွေ မဟာဗျူဟာ ပြန်သုံးသပ်မည်

အမေရိကန်သမ္မတ Joe Biden အပါအဝင် မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အဖွဲ့ရဲ့ မဟာဗျူဟာ အခြေခံမူဝါဒတွေကို ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ တနင်္လာနေ့တွေ့ဆုံပြီး ဆွေးနွေးကြဖို့ ရှိနေပါတယ်။

NATO အဖွဲ့ရဲ့ ရည်မှန်းချက်တွေကို ၂၀၁၀ ခုနှစ်က နောက်ဆုံး ပြန်လည် သုံးသပ်ထားခဲ့ကြတာပါ။ အဲဒီအချိန်ကစလို့ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေနဲ့ တခြား စိန်ခေါ်မှုတွေဟာ ပြောင်းလဲသွားခဲ့ပြီလို့ NATO အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jen Stoltenberg က ပြောပါတယ်။

“ဥပမာအားဖြင့် လက်ရှိအဖွဲ့ရဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်တွေထဲမှာ တရုတ်နိုင်ငံအကြောင်း တခွန်းမှ ဖော်ပြထားခြင်း မရှိပါဘူး။ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စဟာလည်း မဖော်ပြသလောက် နည်းပါတယ်။ ၂၀၁၀ ခုနှစ်ဝန်းကျင်တုန်းက ရုရှားနဲ့ NATO အဖွဲ့ရဲ့ ဆက်ဆံရေး အခြေအနေဟာလည်း လက်ရှိနဲ့ လုံးဝ ကွဲပြားတဲ့ အနေအထားမှာ ရှိနေခဲ့တာပါ” လို့ Jen Stoltenberg က သောကြာနေ့မှာ ပြောခဲ့ပါတယ်။

သမ္မတ Donald Trump လက်ထက်မှာ NATO အဖွဲ့နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် အဖွဲ့ရဲ့ မဟာဗျူဟာဆိုင်ရာ ဆွေးနွေးပွဲတွေ မပြုလုပ်ဖို့ NATO အဖွဲ့က ဆုံးဖြတ်ထားခဲ့တာပါ။

အင်္ဂလန်နိုင်ငံမှာ ကျင်းပနေတဲ့ G-7 စက်မှုထိပ်သီးစည်းဝေးပွဲ အပါအဝင် NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ ထိပ်သီးစည်းဝေးပွဲ၊ အဲဒီနောက်မှာ ရုရှားသမ္မတ Vladimir Putin နဲ့ သီးခြားပြုလုပ်မယ့် ထိပ်သီးစည်းဝေးပွဲတွေ တက်ဖို့အတွက် အမေရိကန်သမ္မတ Joe Biden ဟာ ဥရောပတိုက်ကို သွားရောက်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ တနင်္ဂနွေမှာတော့ G-7 အဖွဲ့ရဲ့ ထိပ်သီးစည်းဝေးပွဲတွေ ပြီးဆုံးမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG