သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ကပ်ဘေးကန့်သတ်ချက် ပြန်ရုပ်ဖို့ နှောင့်နှေးနိုင်


ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာကို ကြည့်ရှုနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson. (ဒီဇင်ဘာ ၈၊ ၂၀၂၀)
ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာကို ကြည့်ရှုနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson. (ဒီဇင်ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ် ကူးစက်မှုတွေ ရှိနေတာကြောင့် အသွားအလာ ကန့်သတ်မှု စည်းမျဉ်းတွေ ရုပ်သိမ်းမယ့် အစီအစဉ်တွေ နှောင့်နှေးနိုင်ကြောင်း ဝန်ကြီးချုပ် Boris Johnson က ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ အိန္ဒိယမှာ ပထမဆုံးတွေ့ခဲ့တဲ့ Delta လို့ နာမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ်က အခု ဗြိတိန်မှာ ကူးစက်နေတာကို တွေ့ရတာပါ။

အခုလို ဗြိတိန်မှာ ကပ်ရောဂါဆိုင်ရာ တားမြစ်ချက်တွေကို ဖြေလျှော့ပေးဖို့အတွက် အချိန်ယူ စောင့်ကြည့်မယ့်အပေါ် ထောက်ခံကြောင်း ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် Sian Griffiths က BBC သတင်းကို ပြောပါတယ်။

အိန္ဒိယမှာတော့ ဒီကနေ့ COVID-19 ကူးစက်သူ ၈၀,၈၀၀ ကျော်နဲ့ သေဆုံးသူ ၃,၃၀၀ ကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ကူးစက်မှု တရက် ၄ သိန်းကျော် ရှိတာကနေ အခုဆိုရင် နေ့စဉ်ကူးစက်မှုနှုန်း ၁ သိန်းအောက်ကို ရောက်လာတာ အခု ၆ ရက်ဆက်တိုက် ရှိနေပြီ ဖြစ်ပါတယ်။

Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ စာရင်းတွေအရ တကမ္ဘာလုံး ကူးစက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၃ သန်း ရှိပါတယ်။ အိန္ဒိယက အခုထိ ကူးစက်သူ စုစုပေါင်း ၂၉.၄ သန်းနဲ့ ကူးစက်မှု ဒုတိယအများဆုံးဖြစ်ပြီး ဘရာဇီးလ်က ကူးစက်သူ ၁၇.၄ သန်းကျော် ရှိပါတယ်။

လက်ရှိ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်ကူးစက်သူ ၁၇၅ သန်းကျော်နဲ့ သေဆုံးသူ ၃.၈ သန်း ရှိပါတယ်။

ဗြိတိန် ကပ်ဘေးကန့်သတ်ချက် ပြန်ရုပ်ဖို့ နှောင့်နှေးနိုင်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG