သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ မြို့တချို့ ကိုဗစ်တားမြစ်မှု ရုပ်သိမ်းပေမယ့် လူထု စိုးရွံ့ဆဲ


(Zawgyi/Unicode)

အိန္ဒိယမှာ ကိုဗစ်ဒုတိယလှိုင်းဒဏ်ကို ၂ လကြာခံခဲ့ရပြီးတဲ့နောက် မြို့တော် New Delhi နဲ့ စီးပွားရေး အချက်အချာ Mumbai မြို့တွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကူးစက်မှုတွေရှိနေသေးတာကြောင့် တချို့လည်း အပြင်ထွက်ရမှာကို စိုးရွံ့နေကြပါတယ်။

"ကျွန်တော်တို့ ပိုးသတ်သန့်ရှင်းရေးတွေလည်း လုပ်ထားပါတယ်။ လူတယောက်နဲ့ တယောက် ခပ်ခွာခွာနေဖို့နဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ကြဖို့လည်း သင်တန်းဆရာတွေနဲ့ အားကစား လာလုပ်သူတွေကို ပြောထားတာပါ။ ဆေးထိုးပြီးကြောင်း လက်မှတ်ပြနိုင်ရင် လာကစားနိုင်တယ် လို့လည်း ပြောထားပါတယ်။ ဆေးထိုးထားတဲ့ လက်မှတ် မဖြစ်မနေပြပြီးမှ ကစားခွင့်ပြုပါတယ်။" ... လို့ အားကစားရုံ ပိုင်ရှင် Ashish Mane က ပြောသွားတာပါ။

ဒီမြို့ကြီးတွေအပါအဝင် တခြား ရောဂါကူးစက်မှုနှုန်းကျဆင်းလာတဲ့ မြို့တွေမှာလည်း အသွားအလာ ကန့်သတ်တားမြစ်ချက်တွေကို ဖြေလျှော့ပေးထားပါတယ်။ ရောဂါ ကာကွယ်တားဆီးတာနဲ့အတူ စီးပွားရေး ပြန်ပြီး နာလံထူလာဖို့ လုပ်ဆောင်ရမယ်လို့လည်း Delhi မြို့တော်ဝန် Arvind Kejriwal ကပြောပါတယ်။

အိန္ဒိယမှာ အခုလက်ရှိ ကိုဗစ်ကူးစက်သူ ၂၈.၉ သန်းနဲ့ သေဆုံးသူ ၃ သိန်းခွဲနီးပါးရှိပါတယ်။ ဒါဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ပြီးရင် ကိုဗစ် ကူးစက်မှုနဲ့ အသေအပျောက် ဒုတိယအများဆုံးဖြစ်ပါတယ်။ တကမ္ဘာလုံး အခုထိ ကိုဗစ်ကူးစက်သူ ၁၇၃ သန်းနဲ့ သေဆုံးသူ ၃.၇ သန်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်


............

အိန်ဒိယ မွို့တခြို့ ကိုဗဈတားမွဈမှု ရုပျသိမျးပမေယ့ျ လူထု စိုးရှံ့ဆဲ

(Unicode)





XS
SM
MD
LG