သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္စစ္ေလယာဥ္ ၂၈ စီး ထိုင္၀မ္ေလပိုင္နက္ထဲ ၀င္ေရာက္


တရုတ္လုပ္ J-16 တိုက္ေလယာဥ္ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

တရုတ္ စစ္ေလယာဥ္ ၂၈ စီး ထိုင္ဝမ္ေလပိုင္နက္ထဲ ဝင္ေရာက္လာခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။ ထိုင္ဝမ္ အေနာက္ေတာင္ပိုင္း ေလေၾကာင္းကာကြယ္ေရးသတ္မွတ္ဇံုထဲကို တရုတ္ တိုက္ခိုက္ေရး ဂ်က္ေလယာဥ္ေတြနဲ႔ ဗံုးႀကဲေလယာဥ္ အစုတစ္ဖြဲ႔ ဝင္ေရာက္ပ်ံသန္းသြားခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ဆိုပါတယ္။

ဒီအေပၚ တိုင္ဝမ္ေလတပ္ဘက္ကလည္း ေလယာဥ္ေပါင္းမ်ားစြာ ေစလႊတ္ခဲ့ၿပီး ေလေၾကာင္းကာကြယ္ေရးစနစ္ကိုပါ အသင့္အေနအထား စ ျပင္ထားခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ဆက္ေျပာခဲ့ပါတယ္။

တကယ္ေတာ့ တရုတ္အေနနဲ႔ ထိုင္ဝမ္အေပၚ ဖိအားေပးတဲ့အေနနဲ႔ အခုလို စစ္ေလယာဥ္ေတြအျပင္ စစ္သေဘာၤေတြကိုလည္း အရင္ႏွစ္အနည္းငယ္အတြင္းမွာ ထိုင္ဝမ္ပိုက္နက္ထဲ အႀကိမ္ႀကိမ္ေစလႊတ္မူေတြရွိခဲ့ပါတယ္။

အခုႏွစ္ ဧၿပီလတံုးကလည္း တရုတ္စစ္ေလယာဥ္ ၂၅ စီးကို၊ ထိုင္ဝမ္ရဲ့ ေလေၾကာင္းရန္ကာကြယ္ေရး သတ္မွတ္ဇံုထဲကို ဝင္ေရာက္ပ်ံသန္းခဲ့ပါေသးတယ္။

ဒါ့အျပင္ အခုတစ္ေခက္မွာ တရုတ္အစိုးရေျပာခြင့္ရက G7 ထိပ္သီးပြဲအၿပီး တရုတ္ျပည္တြင္းေရးစြပ္ဖက္တဲ့အေနနဲ႔ တိုင္ဝမ္ေရလက္ၾကားတေလွ်ာက္ တင္းမာမူေတြကို ျငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္ဖို႔ တနဂၤေႏြက ေတာင္းဆိုခ်က္ထုတ္ခဲ့တာအေပၚ အခုလို တံုျပန္ေဆာင္ရြက္ခဲ့တာပါလို႔ ေျပာခဲ့ပါေသးတယ္။

...................................................................................

တရုတ်စစ်လေယာဉ် ၂၈ စီး ထိုင်ဝမ်လေပိုင်နက်ထဲ ဝင်ရောက်

တရုတ် စစ်လေယာဉ် ၂၈ စီး ထိုင်ဝမ်လေပိုင်နက်ထဲ ဝင်ရောက်လာခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ထိုင်ဝမ် အနောက်တောင်ပိုင်း လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုံထဲကို တရုတ် တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ် အစုတစ်ဖွဲ့ ဝင်ရောက်ပျံသန်းသွားခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီအပေါ် တိုင်ဝမ်လေတပ်ဘက်ကလည်း လေယာဉ်ပေါင်းများစွာ စေလွှတ်ခဲ့ပြီး လေကြောင်းကာကွယ်ရေးစနစ်ကိုပါ အသင့်အနေအထား စ ပြင်ထားခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆက်ပြောခဲ့ပါတယ်။

တကယ်တော့ တရုတ်အနေနဲ့ ထိုင်ဝမ်အပေါ် ဖိအားပေးတဲ့အနေနဲ့ အခုလို စစ်လေယာဉ်တွေအပြင် စစ်သဘောၤတွေကိုလည်း အရင်နှစ်အနည်းငယ်အတွင်းမှာ ထိုင်ဝမ်ပိုက်နက်ထဲ အကြိမ်ကြိမ်စေလွှတ်မူတွေရှိခဲ့ပါတယ်။

အခုနှစ် ဧပြီလတုံးကလည်း တရုတ်စစ်လေယာဉ် ၂၅ စီးကို၊ ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုံထဲကို ဝင်ရောက်ပျံသန်းခဲ့ပါသေးတယ်။

ဒါ့အပြင် အခုတစ်ခေက်မှာ တရုတ်အစိုးရပြောခွင့်ရက G7 ထိပ်သီးပွဲအပြီး တရုတ်ပြည်တွင်းရေးစွပ်ဖက်တဲ့အနေနဲ့ တိုင်ဝမ်ရေလက်ကြားတလျှောက် တင်းမာမူတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်ဖို့ တနင်္ဂနွေက တောင်းဆိုချက်ထုတ်ခဲ့တာအပေါ် အခုလို တုံပြန်ဆောင်ရွက်ခဲ့တာပါလို့ ပြောခဲ့ပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG