သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်ပါဝင်မှု သြစတြေးလျ အဆုံးသတ်


အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေတဲ့ သြစတြေးလျ တပ်ဖွဲ့ဝင်တဦး။
အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေတဲ့ သြစတြေးလျ တပ်ဖွဲ့ဝင်တဦး။

(Zawgyi / Unicode)

အာဖဂန်နစ္စတန်စစ်ပွဲမှာ နှစ်ပေါင်း ၂၀ ကြာ သြစတြေးလျနိုင်ငံ ပါဝင်ပတ်သက်မှု အဆုံးသတ်ပြီ ဖြစ်ကြောင်းနဲ့ မကြာခင် သီတင်းပတ်တွေအတွင်း တပ်တွေ ပြန်ဆုတ်ခဲ့ပြီးဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီးက ဒီနေ့ တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ သြစတြေးလျတပ်တွေကို စက်တင်ဘာမှာ အပြီးရုပ်သိမ်းမှာဖြစ်ကြောင်း ဧပြီလကတည်းက ကြေညာထားခဲ့တာပါ။

“နောက်ဆုံးကျန်တဲ့ စစ်သည် ၈၀ ဟာ မကြာခင် သီတင်းပတ်တွေအတွင်း အာဖဂန်က ထွက်ခွာခဲ့ပြီးဖြစ်ကြောင်း” ကာကွယ်ရေးဝန်ကြီး Peter Dutton က စကိုင်းနယူးစ် သတင်းဌာနကို ပြောပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်တွေနဲ့ အကြမ်းဖက်အဖွဲ့တွေကို ချေမှုန်းဖို့ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ ဦးဆောင်တဲ့ စစ်ဆင်ရေးတွေမှာ သြစတြေးလျစစ်သည် ၃၉,၀၀၀ လည်း ပါဝင်ခဲ့ပြီး နိုင်ငံရဲ့ဘဏ္ဍာငွေ ဘီလီယံပေါင်းများစွာ ကုန်ကျခဲ့သလို သြစတြေးလျစစ်သည် ၄၁ ယောက်လည်း ကျဆုံးခဲ့ရပါတယ်။

သြစတြေးလျအနေနဲ့ ၂၀၁၃ ခုနှောင်းပိုင်း စစ်သည်တွေ ဆုတ်ခွာချိန်ကစပြီး အာဖဂန်နစ္စတန်မှာ စစ်သည်များများစားစား မရှိတော့ပေမယ့် စစ်ကြောင့် ဆုံးရှုံးမှုတွေနဲ့အတူ နိုင်ငံတွင်း အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။

အာဖဂန်စစ်မှုထမ်းဟောင်းတွေနဲ့ တခြား အမျိုးသား၊ အမျိုးသမီး စစ်သည်ဟောင်းတွေကြားမှာ သေကြောင်းကြံစည်တဲ့နှုန်း မြင့်မားလာနေတာကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ဖို့ စစ်မှုထမ်းဟောင်း အဖွဲ့တွေက သြစတြေးလျ အစိုးရကို ဖိအားပေးခဲ့ပါတယ်။

အထူးလေကြောင်းတပ်ဖွဲ့ဝင်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေ အများအပြား ကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေရပါတယ်။

အာဖဂန်စစ်ပါဝင်မှု သြစတြေးလျ အဆုံးသတ်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

--------------------

(Unicode)









XS
SM
MD
LG