Zawgyi/Unicode
အာဖဂန္နစၥတန္ ၿမိဳ႕ေတာ္ကဘူးလ္ကို တာလီဘန္ေတြ ဝင္ေရာက္ ထိန္းခ်ဳပ္တာေတြ လုပ္လာခဲ့ၿပီးတဲ့ေနာက္ တရက္အၾကာမွာေတာ့ တိုင္းျပည္ကထြက္ခြာဖို႔ ႀကိဳးစားၾကသူေတြ ေထာင္နဲ႔ခ်ီ ဒီကေန႔ ကဘူးႏိုင္ငံတကာေလဆိပ္မွာ တ႐ုန္း႐ုန္းျဖစ္ေနပါတယ္။
ေလဆိပ္လုံၿခဳံေရး ထိန္းထားႏိုင္ဖို႔ အေမရိကန္တပ္သားေတြက သတိေပး ပစ္ခတ္တာေတြ လုပ္ခဲ့ရသလို လြန္ခဲ့တဲ့ ႏွစ္ ၂၀ အာဖဂန္စစ္ပြဲ စခဲ့ခ်ိန္ကစလို႔ အာဖဂန္မွာ တာဝန္ထမ္းေနၾကတဲ့ ႏိုင္ငံျခားသားဝန္ထမ္းေတြ၊ အကူအညီေပးေရး လုပ္ငန္းေတြမွာ ပါဝင္ခဲ့ၾကသူေတြကို အာဖဂန္ကေန ကယ္ထုတ္ဖို႔ ႀကိဳးစားေနတာပါ။ ေလယာဥ္ေျပးလမ္းထဲအထိ ေလယာဥ္ေပၚတက္တဲ့ ေလွကားေပၚအထိ လူအုပ္ႀကီးေတြ တိုးက်ိတ္ ဝင္လာေနတဲ့႐ုပ္ပုံံေတြ အမ်ားအျပား လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ တက္ေနၿပီး အာဖဂန္ အရပ္ဘက္ ေလေၾကာင္းအာဏာပိုင္အဖြဲ႕ကေတာ့ အရပ္သားေလယာဥ္ အဝင္အထြက္ အားလုံးကို ေနာက္ထပ္အေၾကာင္းၾကားမႈ တစုံတရာ မရမခ်င္း ပိတ္ထားဖို႔ ၫႊန္ၾကားထားပါတယ္။
United ၊ British Airways ၊ Virgin Atlantic နဲ႔ Lufthansa အပါအဝင္ ေလေၾကာင္းလိုင္းအေတာ္မ်ားမ်ားကေတာ့ အာဖဂန္ ေလပိုင္နက္ထဲ ျဖတ္သန္း သြားလာတာေတြ လုပ္ေတာ့မွာမဟုတ္ဘူးလို႔ ေျပာဆိုထားသလို Emirate နဲ႔ Pakistan ႏိုင္ငံတကာေလေၾကာင္းလိုင္းေတြကလည္းကဘူးလ္ကိုပ်ံသန္းမယ့္ သူတို႔ရဲ႕ခရီးစဥ္ေတြကို ရပ္ဆိုင္းထားၿပီလို႔ ေျပာပါတယ္။ ကဘူးလ္ၿမိဳ႕ေတာ္မွာရွိတဲ့ ႏိုင္ငံတကာသံ႐ုံးေတြကေန ဝန္ထမ္းေတြကို ကယ္ထုတ္ခဲ့ၿပီးတဲ့ေနာက္ သံတမန္ေတြပါတဲ့ ေလယာဥ္ေတြ အာဖဂန္ႏိုင္ငံထဲကေန ထြက္ခြာဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ အီတလီ၊ ေဆာ္ဒီအာေရးဗီးယား၊ ျပင္သစ္ ၊ နယူးဇီလန္၊ ဆြီဒင္၊ ၾသစေၾတးလ် နဲ႔ ခ်က္ရီပတ္ဘလစ္ႏိုင္ငံေတြကေတာ့ သူတို႔ရဲ႕ဝန္ထမ္းေတြဒီကေန႔ ေလယာဥ္နဲ႔အၿပီးထြက္ခြာမယ့္အေၾကာင္း ေျပာထားပါတယ္။
သီတင္းတပတ္ေက်ာ္ ကာလအတြင္းမွာပဲ ျပည္နယ္ၿမိဳ႕ေတာ္ေတြနဲ႔ ႏိုင္ငံတဝွမ္း ေနရာအမ်ားစုကို တာလီဘန္ေတြက သိမ္းယူ ထိန္းခ်ဳပ္ထားၿပီး ၿမိဳ႕ေတာ္ကဘူးလ္က လမ္းမေတြေပၚမွာလည္း ဒီကေန႔ ကင္းလွည့္ေနၾကပါတယ္။
=======
Unicode
ကဘူးလေဆိပ်မှာ အာဖဂန်ကထွက်ခွာမယ့်သူတွေပြည့်နှက်
အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်ကို တာလီဘန်တွေ ဝင်ရောက် ထိန်းချုပ်တာတွေ လုပ်လာခဲ့ပြီးတဲ့နောက် တရက်အကြာမှာတော့ တိုင်းပြည်ကထွက်ခွာဖို့ ကြိုးစားကြသူတွေ ထောင်နဲ့ချီ ဒီကနေ့ ကဘူးနိုင်ငံတကာလေဆိပ်မှာ တရုန်းရုန်းဖြစ်နေပါတယ်။
လေဆိပ်လုံခြုံရေး ထိန်းထားနိုင်ဖို့ အမေရိကန်တပ်သားတွေက သတိပေး ပစ်ခတ်တာတွေ လုပ်ခဲ့ရသလို လွန်ခဲ့တဲ့ နှစ် ၂၀ အာဖဂန်စစ်ပွဲ စခဲ့ချိန်ကစလို့ အာဖဂန်မှာ တာဝန်ထမ်းနေကြတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေ၊ အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြသူတွေကို အာဖဂန်ကနေ ကယ်ထုတ်ဖို့ ကြိုးစားနေတာပါ။ လေယာဉ်ပြေးလမ်းထဲအထိ လေယာဉ်ပေါ်တက်တဲ့ လှေကားပေါ်အထိ လူအုပ်ကြီးတွေ တိုးကျိတ် ဝင်လာနေတဲ့ရုပ်ပုံံတွေ အများအပြား လူမှုကွန်ရက်စာမျက်နှာတွေမှာ တက်နေပြီး အာဖဂန် အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ကတော့ အရပ်သားလေယာဉ် အဝင်အထွက် အားလုံးကို နောက်ထပ်အကြောင်းကြားမှု တစုံတရာ မရမချင်း ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။
United ၊ British Airways ၊ Virgin Atlantic နဲ့ Lufthansa အပါအဝင် လေကြောင်းလိုင်းအတော်များများကတော့ အာဖဂန် လေပိုင်နက်ထဲ ဖြတ်သန်း သွားလာတာတွေ လုပ်တော့မှာမဟုတ်ဘူးလို့ ပြောဆိုထားသလို Emirate နဲ့ Pakistan နိုင်ငံတကာလေကြောင်းလိုင်းတွေကလည်းကဘူးလ်ကိုပျံသန်းမယ့် သူတို့ရဲ့ခရီးစဉ်တွေကို ရပ်ဆိုင်းထားပြီလို့ ပြောပါတယ်။ ကဘူးလ်မြို့တော်မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေကနေ ဝန်ထမ်းတွေကို ကယ်ထုတ်ခဲ့ပြီးတဲ့နောက် သံတမန်တွေပါတဲ့ လေယာဉ်တွေ အာဖဂန်နိုင်ငံထဲကနေ ထွက်ခွာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အီတလီ၊ ဆော်ဒီအာရေးဗီးယား၊ ပြင်သစ် ၊ နယူးဇီလန်၊ ဆွီဒင်၊ သြစတြေးလျ နဲ့ ချက်ရီပတ်ဘလစ်နိုင်ငံတွေကတော့ သူတို့ရဲ့ဝန်ထမ်းတွေဒီကနေ့ လေယာဉ်နဲ့အပြီးထွက်ခွာမယ့်အကြောင်း ပြောထားပါတယ်။
သီတင်းတပတ်ကျော် ကာလအတွင်းမှာပဲ ပြည်နယ်မြို့တော်တွေနဲ့ နိုင်ငံတဝှမ်း နေရာအများစုကို တာလီဘန်တွေက သိမ်းယူ ထိန်းချုပ်ထားပြီး မြို့တော်ကဘူးလ်က လမ်းမတွေပေါ်မှာလည်း ဒီကနေ့ ကင်းလှည့်နေကြပါတယ်။
#Afghanistan #AfghanistanConflict #VOABurmese