သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သမ္မတ Ghani တိုင်းပြည်က ထက်ခွါသွားပြီ


Presiden Afghanistan Ashraf Ghani berpidato di Kabul, Afghanistan, 14 Agustus 2021. (Foto: Istana Kepresidenan Afghanistan via REUTERS)
Presiden Afghanistan Ashraf Ghani berpidato di Kabul, Afghanistan, 14 Agustus 2021. (Foto: Istana Kepresidenan Afghanistan via REUTERS)

တာလီဘန်တွေ ကာဘူးလ်မြို့ထဲဝင်လာနေပြီဖြစ်ပြီး အာဖဂန်သမ္မတ Ashraf Ghani နဲ့ ဒုသမ္မတ အပါအဝင် တခြားထိပ်တန်းအရာရှိကြီးတွေကတော့ အာဖဂန်နစ်စတန် နိုင်ငံကနေ ထွက်ခွါသွားကြပါပြီ

Zawgyi / Unicode

Zawgyi

အာဖဂန်သမ္မတ Ashraf Ghani က သူနဲ့ ဒုသမ္မတ အပါအဝင် တခြားထိပ်တန်းအရာရှိကြီးတွေဟာ အာဖဂန်နစ်စတန် နိုင်ငံတွင်း သွေးမြေကျမှုကို ကာကွယ်တဲ့ အနေနဲ့ တိုင်းပြည်ကနေ ထွက်ခွါသွားပြီဖြစ်ကြောင်း တနင်္ဂနွေနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

တာလီဘန်တွေကတော့ အာဖဂန်နစ်စတန်နိုင်ငံရဲ့ ပြည်နယ် ၃၄ ခုကို ၉ ရက်လောက်အတွင်းမှာ သိမ်းပိုက်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့မနက်ပိုင်းမှာပဲ ကာဘူးလ်မြို့တော်ကို ရောက်လာပြီဖြစ်ပါတယ်။ တာလီဘန်တိုက်ခိုက်ရေးသမားတွေက မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ နေရာယူထားပြီး ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ကာဘူးလ်က သမ္မတနန်းတော်ကို ရောက်သွားပြီဖြစ်ပါတယ်။

Taliban fighters take control of Afghan presidential palace after the Afghan President Ashraf Ghani fled the country, in Kabul, Afghanistan, Sunday, Aug. 15, 2021. (AP Photo/Zabi Karimi)
Taliban fighters take control of Afghan presidential palace after the Afghan President Ashraf Ghani fled the country, in Kabul, Afghanistan, Sunday, Aug. 15, 2021. (AP Photo/Zabi Karimi)

အာဖဂန်တပ်တွေ ထွက်ခွါသွားတဲ့နောက်ပိုင်း လုယက်မှုတွေနဲ့ ပရမ်းပတာ ဖြစ်မှာကို ကာကွယ်နိုင်အာင် လုံခြုံရေးဆိုင်ရာဌာနတွေကို စောင့်ရှောက်ဖို့ ညွှန်ကြားထားကြောင်း တာလီဘန်ပြောခွင့်ရက ပြောပါတယ်။ အစောပိုင်းမှာ Nangarhar ပြည်နယ်မြို့တော့ Jalalabad ကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ကာဘူးလ်မြို့တော်ကို ရောက်လာတဲ့ တာလီဘန်တွေက ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမှာကို စောင့်နေကြောင်း ပြောခဲ့တာပါ။

တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က တာလီဘန်တွေဟာ Bagram လေတပ်အခြေစိုက်စခန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး Parwan အကျဉ်းထောင်က အကျဉ်းသားတွေကို လွှတ်ပေးလိုက်ပြီလို့ပြောပါတယ်။ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေရဲ့ ပင်မအခြေစိုက်စခန်းဖြစ်တဲ့ Bagram မှာ တာလီဘန်အကျဉ်းသား ၅၀၀၀ လောက်ရှိနေတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ ကာဘူးလ် အမေရိကန်သံရုံးက ကျန်ဝန်ထမ်းတွေကို ပြောင်းရွှေ့ပေးနေတယ်လို့ ပြောသလို သူတို့ကိုကူညီဖို့ ဒီသီတင်းပတ်အစောပိုင်းမှာ တပ်သား ၃၀၀၀ စေလွှတ်ထားရာကနေ နောက်ထပ် ၁၀၀၀ ထပ်တိုးစေလွှတ်ဖို့ သမ္မတဂျိုးဘိုင်ဒန်က ခွင့်ပြုချက်ပေးထားတာပါ။

စနေနေ့ကတော့ တာလီဘန်တွေက အရှေ့ပိုင်း Kuna ပြည်နယ်က မြို့တော်ကို သိမ်းပိုက်ခဲ့သလို Uzbekistan နယ်စပ်မှာရှိတဲ့ အာဖဂန်ရဲ့ စတုတ္တအကြီးဆုံးမြို့ကိုပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တဲ့နောက် အာဖဂန်သမ္မတ Ghani က တိုက်ပွဲတွေရပ်ဆိုင်းဖို့ တိုင်ပင်ဆွေးနွေးမှုတွေ အမြန်လုပ်နေကြောင်း ရုပ်သံမိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

Unicode






XS
SM
MD
LG