သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်ပူးတွဲတည်ထောင်သူ Mullah Baradar အာဖဂန်မြို့တော်ဆိုက်ရောက်


တာလီဘန်အဖွဲ့ပူးတွဲတည်ထောင်သူ Mullah Abdul Ghani Barada
တာလီဘန်အဖွဲ့ပူးတွဲတည်ထောင်သူ Mullah Abdul Ghani Barada

Zawgyi/Unicode

တာလီဘန်အဖွဲ့ပူးတွဲတည်ထောင်သူ Mullah Abdul Ghani Baradar ဟာ အာဖဂန်မြို့တော် ကဘူးကို အခု စနေနေ့ ရောက်ရှိလာပြီလို့ AFP သတင်းက ရေးပါတယ်။ အားလုံးပါဝင်နိုင်တဲ့ အာဖဂန်အစိုးရတရပ်ဖြစ်လာဖို့ ဆွေးနွေးပွဲတွေကို Baradar ပါဝင်ဖို့ရှိတယ်လို့ရှိတယ်လို့ တာလီဘန်အကြီးတန်းတာဝန်ရှိသူတဦးက AFP သတင်းဌာနကို ပြောပါတယ်။

တာလီဘန်အဖွဲ့ရဲ့ အဆင့်မြင့်ခေါင်းဆောင် နောက်တဦးဖြစ်တဲ့ Haqqani ကွန်ယက်အဖွဲ့ဝင် Khalil Haqqani ဟာလည်း ကဘူးမြို့တော်က အကြီးဆုံးဗလီတခုမှာ သောကြာနေ့တုန်းက ဝတ်ပြုဆုတောင်းသူတွေကို မိန့်ခွန်းပြောခဲ့တယ်လို့ the New York Times သတင်းစာက ရေးပါတယ်။

အာဖဂန်မှာရှိတဲ့ နေရပ်ပြန်လိုတဲ့ အမေရိကန်နိုင်ငံသားတိုင်းကို ကယ်ထုတ်သွားမယ်လို့ သမ္မတ Joe Biden က သောကြာနေ့မိန့်ခွန်းမှာ ကတိပြုခဲ့သလို တာလီဘန် နဲ့စစ်ပွဲမှာ အမေရိကန်ကို အကူအညီပေးခဲ့တဲ့ အာဖဂန်တွေကိုလည်း အမေရိကန်ပြည်ထောင်စုက ကယ်ထုတ်သွားမယ်လို့ ပြောသွားပါတယ်။

အမေရိကန်ကယ်ဆယ်ရေးစစ်လေယာဉ်တွေကိုလည်း သောကြာနေ့က ပြန်လည်ပြေးဆွဲခဲ့ပါတယ်။ အာဖဂနစ္စတန်မြောက်ပိုင်းဒေသမှာတော့ အာဖဂန်အစိုးရဟောင်းကိုသစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေက ခရိုင်သုံးခုကို တာလီဘန်တွေလက်ထဲက ပြန်သိမ်းယူခဲ့ပါတယ်။ ဘယ်ဂျီယံနိုင်ငံ Brussels မြို့မှာတော့ နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေဟာ အာဖဂန်အခြေအနေနဲ့ပတ်သက်လို့ အွန်လိုင်းကနေ ဆွေးနွေးကြပါတယ်။

မဟာမိတ်နိုင်ငံက နိုင်ငံသားတွေနဲ့ အန္တရာယ်ရှိတဲ့အာဖဂန်နိုင်ငံသားတွေကို ကယ်ထုတ်ရေးကိစ္စကို အရေးတကြီးလုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ပူးတွဲလုပ်တဲ့ မော်စကိုသတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ ရုရှားသမ္မတ Vladimir Putin က အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ဟာ ကျရှုံးမှုဖြစ်တယ်လို့ ပထမဆုံးအကြိမ် မှတ်ချက်စကားပြောသွားပါတယ်။ တခြားတိုင်းပြည်တွေရဲ့ နိုင်ငံရေးစံနစ်ကို ဝင်ရောက်စွက်ဖက်မှုမလုပ်ဖို့ ဒီစစ်ပွဲက သတိပေးလိုက်တာပဲလို့လည်း ရုရှားသမ္မတက ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်


=======

Unicode







#Afghanistan #TalibanMullanBaradar #VOABurmese

XS
SM
MD
LG