သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကဘူးလ္ ကယ္ဆယ္ေရးအစီအစဥ္မ်ား ကန္အရွိန္ျမႇင့္ေဆာင္႐ြက္


လူျပည့္က်ပ္ေနတဲ့ အာဖဂန္ေလဆိပ္ (ဓာတ္ပံု - AFP)

(Zawgyi/Unciode)

အာဖဂန္နစၥတန္ႏိုင္ငံ၊ ကာဘူးလ္ၿမိဳ႕ေတာ္ ႏိုင္ငံတကာေလဆိပ္ကေန ကယ္ဆယ္ေရးအစီအစဥ္ကို အေမရိကန္ျပည္ေထာင္စုက အရွိန္ျမႇင့္လုပ္ေဆာင္သြားဖို႔ ရည္႐ြယ္ထားၿပီး တရက္ကို လူ ၅,၀၀၀ ကေန ၉,၀၀၀ ၾကား ေလယာဥ္နဲ႔ကယ္ထုတ္ဖို႔ မွန္းထားတယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။ အဂၤါေန႔အထိဆိုရင္ေတာ့ လူေပါင္း ၃,၂၀၀ ေက်ာ္ကို ကယ္ထုတ္ထားၿပီးပါၿပီ။

ကာတာႏိုင္ငံ၊ ဒိုဟာၿမိဳ႕မွာရွိတဲ့ တာလီဘန္အဖြဲ႕႐ုံးကို ဦးေဆာင္ခဲ့သူ၊ တာလီဘန္အဖြဲ႕ ပူးတြဲတည္ေထာင္သူနဲ႔ ဒုတိယေခါင္းေဆာင္ Mullah Abdul Ghani Baradar ဟာ အာဖဂန္နစၥတန္ကို ျပန္ေရာက္သြားပါၿပီ။

တာလီဘန္အဖြဲ႕အေနနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ လိုက္နာရမယ့္ တာဝန္ေတြနဲ႔အညီ လုပ္ေဆာင္သြားဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေမွ်ာ္လင့္တယ္လို႔ အေမရိကန္၊ ႏိုင္ငံေတာ္လုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ Jake Sullivan က သတင္းေထာက္ေတြကိုေျပာပါတယ္။

"က်ေနာ္ ေျပာထားသလိုပါပဲ၊ ဒါက ယုံၾကည္မႈကိစၥမဟုတ္ပါဘူး၊ လုပ္ျပရမယ့္ကိစၥပါ" လို႔ Jake Sullivan ကေျပာပါတယ္။
ဂ်ာမနီႏိုင္ငံသားေတြကို ပထမဆုံးအသုတ္အျဖစ္ ကယ္ထုတ္လာတဲ့ Lufthansa ေလယာဥ္တစင္းဟာ ဒီကေန႔မနက္အေစာပိုင္းက ဂ်ာမနီႏိုင္ငံ၊ Frankfurt ေလဆိပ္ကို ေရာက္သြားပါၿပီ။ အဲဒီအသုတ္ထဲမွာ ဂ်ာမနီႏိုင္ငံသားေတြနဲ႔အတူ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြ၊ ဆယ္စုႏွစ္ ႏွစ္ခုၾကာ အာဖဂန္စစ္ပြဲအတြင္း ျပည္တပ္ဖြဲ႕ေတြနဲ႔ လက္တြဲလုပ္ကိုင္ခဲ့သူေတြ ပါဝင္ပါတယ္။

အာဖဂန္နစၥတန္ဆိုင္ရာ မဟာဗ်ဴူဟာကို ေဆြးေႏြးဖို႔အတြက္ ေနာက္သီတင္းပတ္ထဲမွာ ကမာၻ႔စီးပြားေရး အင္အားအႀကီးဆုံး ခုနစ္ႏိုင္ငံ G-7 ေခါင္းေဆာင္ေတြ စည္းေဝးၾကဖို႔ အေမရိကန္သမၼတ Joe Biden နဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson တို႔ တယ္လီဖုန္းဆက္ ေျပာဆိုခ်ိန္အတြင္း သေဘာတူခဲ့ၾကပါတယ္။

Afghanistan
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္


.....................................................................................

ကဘူးလ် ကယ်ဆယ်ရေးအစီအစဉ်များ ကန်အရှိန်မြှင့်ဆောင်ရွက်

(Unicode)

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော် နိုင်ငံတကာလေဆိပ်ကနေ ကယ်ဆယ်ရေးအစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက အရှိန်မြှင့်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပြီး တရက်ကို လူ ၅,၀၀၀ ကနေ ၉,၀၀၀ ကြား လေယာဉ်နဲ့ကယ်ထုတ်ဖို့ မှန်းထားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အင်္ဂါနေ့အထိဆိုရင်တော့ လူပေါင်း ၃,၂၀၀ ကျော်ကို ကယ်ထုတ်ထားပြီးပါပြီ။

ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာရှိတဲ့ တာလီဘန်အဖွဲ့ရုံးကို ဦးဆောင်ခဲ့သူ၊ တာလီဘန်အဖွဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယခေါင်းဆောင် Mullah Abdul Ghani Baradar ဟာ အာဖဂန်နစ္စတန်ကို ပြန်ရောက်သွားပါပြီ။

တာလီဘန်အဖွဲ့အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာရမယ့် တာဝန်တွေနဲ့အညီ လုပ်ဆောင်သွားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်တယ်လို့ အမေရိကန်၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Jake Sullivan က သတင်းထောက်တွေကိုပြောပါတယ်။

"ကျနော် ပြောထားသလိုပါပဲ၊ ဒါက ယုံကြည်မှုကိစ္စမဟုတ်ပါဘူး၊ လုပ်ပြရမယ့်ကိစ္စပါ" လို့ Jake Sullivan ကပြောပါတယ်။
ဂျာမနီနိုင်ငံသားတွေကို ပထမဆုံးအသုတ်အဖြစ် ကယ်ထုတ်လာတဲ့ Lufthansa လေယာဉ်တစင်းဟာ ဒီကနေ့မနက်အစောပိုင်းက ဂျာမနီနိုင်ငံ၊ Frankfurt လေဆိပ်ကို ရောက်သွားပါပြီ။ အဲဒီအသုတ်ထဲမှာ ဂျာမနီနိုင်ငံသားတွေနဲ့အတူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ ဆယ်စုနှစ် နှစ်ခုကြာ အာဖဂန်စစ်ပွဲအတွင်း ပြည်တပ်ဖွဲ့တွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့သူတွေ ပါဝင်ပါတယ်။

အာဖဂန်နစ္စတန်ဆိုင်ရာ မဟာဗျူူဟာကို ဆွေးနွေးဖို့အတွက် နောက်သီတင်းပတ်ထဲမှာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ခုနစ်နိုင်ငံ G-7 ခေါင်းဆောင်တွေ စည်းဝေးကြဖို့ အမေရိကန်သမ္မတ Joe Biden နဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson တို့ တယ်လီဖုန်းဆက် ပြောဆိုချိန်အတွင်း သဘောတူခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG