သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဘူးလ်လေဆိပ်မှာ ကယ်ဆယ်ရေးလေယာဉ်များ ဆက်ပြေးဆွဲပေး


ကဘူးလ်လေဆိပ် (ဓာတ်ပုံ - Reuters)
ကဘူးလ်လေဆိပ် (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော် နိုင်ငံတကာလေဆိပ်ကနေ သံတမန်တွေနဲ့ အရပ်သားတွေအတွက် ကယ်ဆယ်ရေးလေယာဉ်တွေ ဒီနေ့ ပြန်ထွက်နေပါပြီ။ မနေ့က လေယာဉ်ပြေးလမ်းထဲကို ထောင်နဲ့ချီတဲ့ အာဖဂန်နိုင်ငံသား အများအပြားဝင်ရောက်ပြီး အမေရိကန် စစ်လေယာဉ်ပေါ်တက်ဖို့ ကြိုးစားခဲ့တာကြောင့် ဝရုန်းသုန်းကားအခြေအနေတွေ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် နိုင်ငံတကာက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဒီနေ့ ဆက်လုပ်နေကြတာပါ။

နေတိုးမဟာမိတ်အဖွဲ့ရဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ၊ အကြီးတန်း အရပ်သားကိုယ်စားလှယ် Stefano Pontecorvo က အာဖဂန်လေဆိပ် လေယာဉ်ပြေးပေါ်မှာ အမေရိကန် လေတပ်လေယာဉ်အများအပြား ရှိနေတဲ့ ဓာတ်ပုံတပုံကို Twitter မှာတင်ထားပြီး အတက်အဆင်းလုပ်နေတဲ့ လေယာဉ်တွေကို သူတွေ့ရတယ်လို့ ရေးထားပါတယ်။

အာဖဂန်က ပြင်သစ်နိုင်ငံသားတွေကို သယ်လာတဲ့ လေယာဉ်ကတော့ အာရတ်စော်ဘွားများ ပြည်ထောင်စု UAE ကို မနေ့ညက ဆိုက်ရောက်တဲ့အကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး Florence Parly က ပြောပါတယ်။ နောက်ထပ် ကယ်ဆယ်ရေးယောဉ်တွေ ထပ်ပြီး လွှတ်ထားတယ်လို့လည်း ပြောပါတယ်။

အိန္ဒိယနိုင်ငံကလည်း သံတမန်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ကာဘူးလ်မြို့တော်က အိန္ဒိယ သံရုံးဝန်ထမ်း ၁၄၀ ကို အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ မနေ့က ဝရုန်းသုန်းကား အခြေအနေတွေကြား လုံခြုံရေးကိုခြိမ်းခြောက်လာတဲ့အတွက် အနည်းဆုံး လူ နှစ်ယောက်ဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ လေဆိပ်မှာ သေဆုံးခဲ့တဲ့အကြောင်း ပန်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက မနေ့က အတည်ပြုပြောဆိုပါတယ်။

...........................................................................................

ကဘူးလ်လေဆိပ်မှာ ကယ်ဆယ်ရေးလေယာဉ်များ ဆက်ပြေးဆွဲပေး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG